ပြိုင်ဘက်နောက်ခံလူ ယဲလ်ယီမီနာနဲ့ စကားများနေရင်းက ရုတ်တရက်အကြင်နာပေးဖို့ကြိုးစားခဲ့တဲ့နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကွင်းထဲမှာ ပဥ္စလက်ဆန်တဲ့ခြေစွမ်းတွေနဲ့ ပြိုင်ဘက်တွေကို လှည့်စားပြလေ့ရှိတဲ့ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးနေမာဟာ

တစ်ခါတလေကျရင်လည်း ေ-ာက်မြင်ကပ်စရာကောင်းတဲ့ အမူအရာတွေလုပ်လေ့ရှိလို့ မကြာခဏဆိုသလိုဝေဖန်ခံနေသူပါ။

သူ့ကို နည်းနည်းလေးထိမိတာနဲ့ ကွင်းထဲမှာ (၄)၊ (၅)ပတ်လောက်လူးလှိမ့်ပြပြီးတော့ ခြေထောက်ပဲကျိုးတော့မလို၊

ဆေးရုံပဲချက်ချင်းပို့ရမလို ဟန်ဆောင်ကာမူပိုတတ်သူဖြစ်ပြီး တစ်ခါတလေကျရင်တော့ ပြိုင်ဘက်ကို မလေးစားတဲ့အပြုအမူတွေလုပ်လေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ နေမာက ထူးထူးခြားခြားအကွက်ဆန်းတစ်ခုပြသလိုက်ပြန်ပါတယ်။

ကိုလံဘီယာနဲ့ဂိုးမရှိသရေကျခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နေမာဟာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ

ဘောလုံးဆုံးရှုံးမှုအကြိမ်(၃၀)လောက်ရှိခဲ့တာကြောင့် သူ့ဘာသာသူ မကျေမနပ်တွေဖြစ်ပြီး လျှောက်ရမ်းတော့တာပါပဲ။

ပွဲချိန်အတွင်းမှာ ကိုလံဘီယာနောက်ခံလူယဲလ်ယီမီနာနဲ့ခေါင်းချင်းဆိုင်အပြန်အလှန်အချင်းများခဲ့ပြီး

ရုတ်တရက်ဆိုသလိုပဲ နေမာက ယဲလ်ယီမီနာကို အကြင်နာပေးဖို့ကြိုးစားခဲ့တဲ့အတွက် နေမာ စိတ်ရောမှန်သေးလားဆိုတာ စဉ်းစားစရာကောင်းနေပါပြီ။

မီဒီယာတွေဖော်ပြတဲ့ပုံအရ နေမာက နှုတ်ခမ်းလေးစူပြီးတော့ ယဲလ်ယီမီနာကို Kissing ပေးဖို့လုပ်နေတာက

မသိရင် ကောင်မလေးတစ်ယောက်က စိတ်ဆိုးနေတဲ့ သူ့ကောင်လေးကို အနမ်းပေးတော့မယ့်အတိုင်းပါပဲ။

နေမာရဲ့လုပ်ရပ်ကြောင့် ယဲလ်ယီမီနာလည်း နည်းနည်းတော့ကြောက်သွားတယ်နဲ့တူပါတယ် ..

ချက်ချင်းပဲ သူ့ခေါင်းကို နောက်ပြန်ဆုတ်ပြီးတော့ ရန်ပွဲကို ခပ်မြန်မြန်ပဲအဆုံးလိုက်ပါတော့တယ်။

မဟုတ်ရင်တော့ ယဲလ်ယီမီနာဟာ နေမာရဲ့အနမ်းပန်းခြွေတာခံရဖို့ရှိနေပါပြီ။

ယဲလ်ယီမီနာနဲ့ Kissing မဆွဲလိုက်ရလို့ နေမာ မကျေမနပ်ဖြစ်သွားတဲ့ပုံရပြီး သိပ်မကြာခင်မှာပဲ

ပြိုင်ဘက်ကစားသမားစတီဖင်မီဒီနာကို အသားလွတ်ဝင်ကျုံးခဲ့ပေမယ့် ကံကောင်းလို့ အဝါကတ်မပြခံခဲ့ရပါဘူး။

နေမာရဲ့အပြုအမူက အံ့အားသင့်ဖို့ကောင်းပေမယ့် သမီးရည်းစားစုံတွဲတွေအတွက်တော့ နမူနာယူဖို့ကောင်းတယ်လို့ပြောရမှာပါ။

နောက်ဆိုရင် ကိုယ့်ကောင်မလေးက စိတ်ဆိုးနေတာပဲဖြစ်ဖြစ်၊ ကိုယ့်ကောင်လေးက ဒေါသထွက်နေတာပဲဖြစ်ဖြစ်

နေမာလို မပြောမဆိုနဲ့ အကြင်နာထပေးလိုက်ရင် အဆင်ပြေသွားလောက်ပါလိမ့်မယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ၿပိဳင္ဘက္ေနာက္ခံလူ ယဲလ္ယီမီနာနဲ႔ စကားမ်ားေနရင္းက ႐ုတ္တရက္အၾကင္နာေပးဖို႔ႀကိဳးစားခဲ့တဲ့ေနမာ

ကြင္းထဲမွာ ပၪၥလက္ဆန္တဲ့ေျခစြမ္းေတြနဲ႔ ၿပိဳင္ဘက္ေတြကို လွည့္စားျပေလ့ရွိတဲ့ ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မႉးေနမာဟာ တစ္ခါတေလက်ရင္လည္း ေ-ာက္ျမင္ကပ္စရာေကာင္းတဲ့ အမူအရာေတြလုပ္ေလ့ရွိလို႔ မၾကာခဏဆိုသလိုေဝဖန္ခံေနသူပါ။ သူ႔ကို နည္းနည္းေလးထိမိတာနဲ႔ ကြင္းထဲမွာ (၄)၊ (၅)ပတ္ေလာက္လူးလွိမ့္ျပၿပီးေတာ့ ေျခေထာက္ပဲက်ိဳးေတာ့မလို၊ ေဆး႐ုံပဲခ်က္ခ်င္းပို႔ရမလို ဟန္ေဆာင္ကာမူပိုတတ္သူျဖစ္ၿပီး တစ္ခါတေလက်ရင္ေတာ့ ၿပိဳင္ဘက္ကို မေလးစားတဲ့အျပဳအမူေတြလုပ္ေလ့ရွိပါတယ္။

ဒီတစ္ေခါက္မွာေတာ့ ေနမာက ထူးထူးျခားျခားအကြက္ဆန္းတစ္ခုျပသလိုက္ျပန္ပါတယ္။ ကိုလံဘီယာနဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ေနမာဟာ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ ေဘာလုံးဆုံးရႈံးမႈအႀကိမ္(၃၀)ေလာက္ရွိခဲ့တာေၾကာင့္ သူ႔ဘာသာသူ မေက်မနပ္ေတြျဖစ္ၿပီး ေလွ်ာက္ရမ္းေတာ့တာပါပဲ။ ပြဲခ်ိန္အတြင္းမွာ ကိုလံဘီယာေနာက္ခံလူယဲလ္ယီမီနာနဲ႔ေခါင္းခ်င္းဆိုင္အျပန္အလွန္အခ်င္းမ်ားခဲ့ၿပီး ႐ုတ္တရက္ဆိုသလိုပဲ ေနမာက ယဲလ္ယီမီနာကို အၾကင္နာေပးဖို႔ႀကိဳးစားခဲ့တဲ့အတြက္ ေနမာ စိတ္ေရာမွန္ေသးလားဆိုတာ စဥ္းစားစရာေကာင္းေနပါၿပီ။

မီဒီယာေတြေဖာ္ျပတဲ့ပုံအရ ေနမာက ႏႈတ္ခမ္းေလးစူၿပီးေတာ့ ယဲလ္ယီမီနာကို Kissing ေပးဖို႔လုပ္ေနတာက မသိရင္ ေကာင္မေလးတစ္ေယာက္က စိတ္ဆိုးေနတဲ့ သူ႔ေကာင္ေလးကို အနမ္းေပးေတာ့မယ့္အတိုင္းပါပဲ။ ေနမာရဲ႕လုပ္ရပ္ေၾကာင့္ ယဲလ္ယီမီနာလည္း နည္းနည္းေတာ့ေၾကာက္သြားတယ္နဲ႔တူပါတယ္ ..ခ်က္ခ်င္းပဲ သူ႔ေခါင္းကို ေနာက္ျပန္ဆုတ္ၿပီးေတာ့ ရန္ပြဲကို ခပ္ျမန္ျမန္ပဲအဆုံးလိုက္ပါေတာ့တယ္။

မဟုတ္ရင္ေတာ့ ယဲလ္ယီမီနာဟာ ေနမာရဲ႕အနမ္းပန္းေႁခြတာခံရဖို႔ရွိေနပါၿပီ။ ယဲလ္ယီမီနာနဲ႔ Kissing မဆြဲလိုက္ရလို႔ ေနမာ မေက်မနပ္ျဖစ္သြားတဲ့ပုံရၿပီး သိပ္မၾကာခင္မွာပဲ ၿပိဳင္ဘက္ကစားသမားစတီဖင္မီဒီနာကို အသားလြတ္ဝင္က်ဳံးခဲ့ေပမယ့္ ကံေကာင္းလို႔ အဝါကတ္မျပခံခဲ့ရပါဘူး။ ေနမာရဲ႕အျပဳအမူက အံ့အားသင့္ဖို႔ေကာင္းေပမယ့္ သမီးရည္းစားစုံတြဲေတြအတြက္ေတာ့ နမူနာယူဖို႔ေကာင္းတယ္လို႔ေျပာရမွာပါ။ ေနာက္ဆိုရင္ ကိုယ့္ေကာင္မေလးက စိတ္ဆိုးေနတာပဲျဖစ္ျဖစ္၊ ကိုယ့္ေကာင္ေလးက ေဒါသထြက္ေနတာပဲျဖစ္ျဖစ္ ေနမာလို မေျပာမဆိုနဲ႔ အၾကင္နာထေပးလိုက္ရင္ အဆင္ေျပသြားေလာက္ပါလိမ့္မယ္ . . .