ပြိုင်ဘက်နည်းပြ မာရာဒိုနာကို ဘုရင်တစ်ပါးလိုကြို ဆိုခဲ့တဲ့ နယူးဝဲလ်အိုးဘွိုင်း

Photo- Internet
Photo- Internet

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာဟာ သူ့ကိုင်တွယ်နေတဲ့ ဂျင်နာစီယာ အသင်းနဲ့ နယူးဝဲလ်အိုးဘွိုင်းကို သွားရောက်ရင်ဆိုင်ခဲ့ရာမှာ ဘုရင်တစ်ပါးလိုကြိုဆိုခံခဲ့ရတယ်လို့ သိရပါတယ်။ မာရာဒိုနာဟာ ၁၉၉၃ တုန်းက နယူဝဲလ်အိုးဘွိုင်း မှာ ၅ ပွဲသာကစားခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဂျင်တီးနားပထမတန်းပွဲစဉ်အဖြစ် ဂျင်နာစီယာကို ဦးဆောင်ပြီးလာရောက်ယှဉ်ပြိုင်ခဲ့ရာမှာ နယူဝဲလ်အိုးဘွိုင်း ကသူ့ကို ဘုရင်တစ်ပါးလိုကြိုဆိုခဲ့ပြီး ကွင်းအတွင်းမှာ အရန်ခုံတန်းကမကြည့်စေဘဲ ပလ္လင်ပုံစံ ခုံတစ်ခုချပေးကာထိုင်ပြီးကြည့်စေခဲ့ပါတယ်။

Photo- Internet

ဂျင်နာစီယာ ဟာအဲဒီပွဲမတိုင်ခင်မှာ အမှတ်ပေးဇယားအောက်ဆုံးကအသင်းဖြစ်ပေမယ့်လည်း နယူဝဲလ်အိုးဘွိုင်း ကိုသူ့အိမ်ကွင်းမှာ ဝ-၄ နဲ့အံအားသင့်ဖွယ်ရာအနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ မာရာဒိုနာနဲ့သူ့အသင်းတည်းခိုနေတဲ့ ရိုဆာရီယိုမြို့က ဟိုတယ်တစ်ခုရှေ့ကို နယူဝဲလ်အိုးဘွိုင်း ပရိသတ်တွေလာရောက်စုဝေးပြီး သူ့နာမည်ကိုအော်ဟစ်ခါအားပေးခဲ့ကြပါသေးတယ်။

Photo- Internet

မာရာဒိုနာကလည်း ဟိုတယ်လသာဆောင်ကနေထွက်ပြီး ပရိသတ်တွေနဲ့အတူ သီချင်းတွေသံပြိုင်သီဆိုခဲ့သလို ကခုန်ပြခဲ့ပါတယ်။ နယူဝဲလ်အိုးဘွိုင်း ရဲ့ကွင်းထဲကိုရောက်တဲ့အချိန်မှာသူထိုင်ရမယ့် ပလ္လင်ကိုလက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ခံခဲ့ရတဲ့အပြင် နှစ်ဖက်ပရိသတ်တွေကလည်းသူ့ရုပ်ပုံပါတဲ့ အလံတွေကို ကွင်းထဲမှာဝှေ့ယမ်းကာ အားပေးခဲ့ပါတယ်။

Photo- Internet

သူဟာ ဘောလုံးသမားဘဝမှာ ပြဿ    နာမျိုးစုံတက်ခဲ့ပေမယ့်  အာဂျင်တီးနားအသင်းကို ၁၉၈၆ မှာကမ္ဘာ့ရအောင် ဦးဆောင်ကစားနိုင်ခဲ့သူဖြစ်လို့ အာဂျင်တီးနားနိုင်ငံမှာ သူရဲကောင်းတစ်ဦးအဖြစ်ယခုထိအောင်သတ်မှတ်ခံနေရဆဲဖြစ်ပြီး မက်ဆီထက်လည်းနာမည်ကျော်ကြားသူဖြစ်ပါတယ်။

Photo- Internet

Zawgyi

ၿပိဳင္ဘက္နည္းျပ မာရာဒိုနာကို ဘုရင္တစ္ပါးလိုႀကိဳ ဆိုခဲ့တဲ႔ နယူး၀ဲလ္အိုးဘြိဳင္း

အာဂ်င္တီးနားဂႏၳ၀င္ မာရာဒိုနာဟာ သူ႔ကိုင္တြယ္ေနတဲ႔ ဂ်င္နာစီယာ အသင္းနဲ႔ နယူး၀ဲလ္အိုးဘြိဳင္းကို သြားေရာက္ရင္ဆိုင္ခဲ့ရာမွာ ဘုရင္တစ္ပါးလိုႀကိဳဆိုခံခဲ့ရတယ္လို႔ သိရပါတယ္။ မာရာဒိုနာဟာ ၁၉၉၃ တုန္းက နယူ၀ဲလ္အိုးဘြိဳင္း မွာ ၅ ပြဲသာကစားခဲ့သူျဖစ္ပါတယ္။

ဒါေပမယ္႔လည္း အာဂ်င္တီးနားပထမတန္းပြဲစဥ္အျဖစ္ ဂ်င္နာစီယာကို ဦးေဆာင္ၿပီးလာေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွာ နယူ၀ဲလ္အိုးဘြိဳင္း ကသူ႔ကို ဘုရင္တစ္ပါးလိုႀကိဳဆိုခဲ့ၿပီး ကြင္းအတြင္းမွာ အရန္ခုံတန္းကမၾကည့္ေစဘဲ ပလႅင္ပုံစံ ခုံတစ္ခုခ်ေပးကာထိုင္ၿပီးၾကည့္ေစခဲ့ပါတယ္။

ဂ်င္နာစီယာ ဟာအဲဒီပြဲမတုိင္ခင္မွာ အမွတ္ေပးဇယားေအာက္ဆုံးကအသင္းျဖစ္ေပမယ္႔လည္း နယူ၀ဲလ္အိုးဘြိဳင္း ကိုသူ႔အိမ္ကြင္းမွာ ၀-၄ နဲ႔အံအားသင့္ဖြယ္ရာအႏိုင္ရရွိခဲ့ပါတယ္။ ဒီပြဲမတိုင္ခင္မွာ မာရာဒိုနာနဲ႔သူ႔အသင္းတည္းခိုေနတဲ႔ ရိုဆာရီယိုၿမိဳ႕က ဟိုတယ္တစ္ခုေရွ႕ကုိ နယူ၀ဲလ္အိုးဘြိဳင္း ပရိသတ္ေတြလာေရာက္စုေ၀းၿပီး သူ႔နာမည္ကိုေအာ္ဟစ္ခါအားေပးခဲ့ၾကပါေသးတယ္။

မာရာဒိုနာကလည္း ဟိုတယ္လသာေဆာင္ကေနထြက္ၿပီး ပရိသတ္ေတြနဲ႔အတူ သီခ်င္းေတြသံၿပိဳင္သီဆိုခဲ့သလို ကခုန္ျပခဲ့ပါတယ္။ နယူ၀ဲလ္အိုးဘြိဳင္း ရဲ႕ကြင္းထဲကိုေရာက္တဲ႔အခ်ိန္မွာသူထိုင္ရမယ္႔ ပလႅင္ကိုလက္မွတ္ေရးထိုးဖို႔ ဖိတ္ေခၚခံခဲ႔ရတဲ႔အျပင္ ႏွစ္ဖက္ပရိသတ္ေတြကလည္းသူ႔ရုပ္ပုံပါတဲ႔ အလံေတြကို ကြင္းထဲမွာေ၀ွ႔ယမ္းကာ အားေပးခဲ့ပါတယ္။

သူဟာ ေဘာလုံးသမားဘ၀မွာ ျပႆ    နာမ်ဳိးစုံတက္ခဲ့ေပမယ္႔  အာဂ်င္တီးနားအသင္းကို ၁၉၈၆ မွာကမၻာ႔ရေအာင္ ဦးေဆာင္ကစားႏိုင္ခဲ့သူျဖစ္လို႔ အာဂ်င္တီးနားႏိုင္ငံမွာ သူရဲေကာင္းတစ္ဦးအျဖစ္ယခုထိေအာင္သတ္မွတ္ခံေနရဆဲျဖစ္ၿပီး မက္ဆီထက္လည္းနာမည္ေက်ာ္ၾကားသူျဖစ္ပါတယ္။