
Photo Credit
Photo Credit
ပီအက်စ်ဂျီအသင်းနည်းပြ သောမတ်စ်တူချယ်က လီဂူး-၁ပွဲစဉ်အဖြစ် မာဆေးလ်ကို ၄-၀ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲနဲ့ပတ်သက်လို့ မာဆေးလ်အသင်းနည်းပြ ဘိုအက်စ်ရဲ့မှတ်ချက်အပေါ် ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ Classique ကို မဖြစ်မနေလေးစားရလိမ့်မယ်လို့ ပြောပါတယ်။ လက်ရှိချန်ပီယံ ပီအက်စ်ဂျီဟာ ပဲရစ်မှာ မာဆေးလ်ကို အလွယ်တကူဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ကြယ်ပွင့်တိုက်စစ်မှူးတွေဖြစ်တဲ့ အီကာဒီနဲ့ ဘာပေတို့က ၂ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
ယခုရာသီရဲ့ပထမဆုံး Classique ပွဲစဉ်က တစ်ဖက်သတ်ဆန်လွန်းခဲ့ပြီး အင်အားကြီးကလပ် ပီအက်စ်ဂျီက အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲမတိုင်ခင် ချဲလ်ဆီးနည်းပြဟောင်း ဘိုအက်စ်က ပီအက်စ်ဂျီမှာ ဘဏ္ဍာရေးအင်အားတောင့်တင်းမှုကြောင့် တခြားလိဂ်မှအသင်းလိုဖြစ်နေကြောင်း၊ Classique ပွဲက သူ့အတွက် သိပ်မထူးခြားကြောင်း ဆိုခဲ့ပါတယ်။
Photo Credit
အဲဒီပွဲမှာ ဖိအားပိုမိုမထည့်သွင်းခဲ့တာနဲ့ပတ်သက်လို့ နောင်တရမိတာများရှိလားဆိုတဲ့မေးခွန်းကို ပေါ်တူဂီလူမျိုး ဘိုအက်စ်က ”မရပါဘူး။ ကျွန်တော်တို့အနေနဲ့ ဖိအားလည်းမလိုအပ်ပါဘူး။ သောမတ်စ်တူချယ်က သူ့စိတ်ကြိုက်၊ သူ့သဘောကျ အသင်းကို စိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်။ သူသုံးခဲ့တဲ့ငွေကြေးကလည်း သန်းချီ၊ ဘီလီယံချီပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ချန်ပီယံလိဂ်အောင်မြင်မှုရဖို့အတွက်ပဲ သူ မဖြစ်မနေအာရုံစိုက်ရလိမ့်မယ်လို့ထင်ပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။
Photo Credit
ပေါ်တို၊ ဇင်းနစ်နဲ့ စပါးနည်းပြဟောင်းလည်းဖြစ်တဲ့ ဘိုအက်စ်ရဲ့မှတ်ချက်နဲ့ပတ်သက်လို့ တူချယ်က ”ဒီပွဲက ပြင်သစ်ဘောလုံးသမိုင်းမှာ ကြီးကျယ်တဲ့မှတ်တမ်းရေးထိုးထားတဲ့ပွဲဖြစ်ပြီး ဒါကိုလည်း ကျွန်တော်တို့အားလုံး လေးစားရပါမယ်။ ဒီပွဲက ဘဏ္ဍာရေးဆိုင်ရာသာလွန်၊ လျော့နည်းမှုတွေနဲ့မဆိုင်ပါဘူး။ ဘောလုံးလောကမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ချန်ပီယံလိဂ်ပွဲကနေ ပြင်သစ်ရှုံးထွက်ဖလားပွဲအထိ အာရုံအပြည့်ုစိုက်ယှဉ်ပြိုင်နေတာပါ။ မာဆေးလ်က ဒီပွဲမတိုင်ခင် အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့တဲ့အသင်းဖြစ်ပါတယ်”
Photo Credit
”ဘောလုံးသမိုင်းကို လေးစားရမှာဖြစ်သလို၊ ဘောလုံးပွဲနဲ့ ဘောလုံးအားကစားနည်းတွေကိုလည်း လေးစားရမှာပါ။ မာဆေးလ်နဲ့ပွဲမှာ ပြင်းပြတဲ့ဆန္ဒ၊ နှလုံးသားတွေနဲ့ ကစားရတာဖြစ်ပါတယ်”လု့ိ ပြောကြားခဲ့ပါတယ်။
Photo Credit
Zawgyi
ၿပိဳင္ဘက္နည္းျပ ဘိုအက္စ္ရဲ႕မွတ္ခ်က္ကို ပီအက္စ္ဂ်ီနည္းျပတူခ်ယ္ တုံ႔ျပန္
ပီအက္စ္ဂ်ီအသင္းနည္းျပ ေသာမတ္စ္တူခ်ယ္က လီဂူး-၁ပြဲစဥ္အျဖစ္ မာေဆးလ္ကို ၄-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ပြဲနဲ႔ပတ္သက္လုိ႔ မာေဆးလ္အသင္းနည္းျပ ဘိုအက္စ္ရဲ႕မွတ္ခ်က္အေပၚ ျပန္လည္တုံ႔ျပန္တဲ့အေနနဲ႔ Classique ကို မျဖစ္မေနေလးစားရလိမ့္မယ္လုိ႔ ေျပာပါတယ္။ လက္ရွိခ်န္ပီယံ ပီအက္စ္ဂ်ီဟာ ပဲရစ္မွာ မာေဆးလ္ကို အလြယ္တကူဂိုးျပတ္အႏိုင္ရခဲ့ျခင္းျဖစ္ၿပီး ၾကယ္ပြင့္တုိက္စစ္မွဴးေတြျဖစ္တဲ့ အီကာဒီနဲ႔ ဘာေပတုိ႔က ၂ဂိုးစီသြင္းယူႏိုင္ခဲ့ပါတယ္။
ယခုရာသီရဲ႕ပထမဆုံး Classique ပဲြစဥ္က တစ္ဖက္သတ္ဆန္လြန္းခဲ့ၿပီး အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီက အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈မွတ္အသာနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ အဆုိပါပြဲမတိုင္ခင္ ခ်ဲလ္ဆီးနည္းျပေဟာင္း ဘိုအက္စ္က ပီအက္စ္ဂ်ီမွာ ဘ႑ာေရးအင္အားေတာင့္တင္းမႈေၾကာင့္ တျခားလိဂ္မွအသင္းလုိျဖစ္ေနေၾကာင္း၊ Classique ပဲြက သူ႕အတြက္ သိပ္မထူးျခားေၾကာင္း ဆုိခဲ့ပါတယ္။
အဲဒီပဲြမွာ ဖိအားပိုမိုမထည့္သြင္းခ့ဲတာနဲ႔ပတ္သက္လုိ႔ ေနာင္တရမိတာမ်ားရွိလားဆုိတဲ့ေမးခြန္းကို ေပၚတူဂီလူမ်ိဳး ဘိုအက္စ္က ”မရပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ ဖိအားလည္းမလိုအပ္ပါဘူး။ ေသာမတ္စ္တူခ်ယ္က သူ႕စိတ္ႀကိဳက္၊ သူ႕သေဘာက် အသင္းကို စိတ္ႀကိဳက္ျပင္ဆင္လုိ႔ရပါတယ္။ သူသုံးခဲ့တဲ့ေငြေၾကးကလည္း သန္းခ်ီ၊ ဘီလီယံခ်ီပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ေျပာရရင္ေတာ့ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရဖုိ႔အတြက္ပဲ သူ မျဖစ္မေနအာ႐ုံစိုက္ရလိမ့္မယ္လုိ႔ထင္ပါတယ္”လုိ႔ ျပန္ေျဖခဲ့ပါတယ္။
ေပၚတို၊ ဇငး္နစ္နဲ႔ စပါးနည္းျပေဟာင္းလည္းျဖစ္တဲ့ ဘိုအက္စ္ရဲ႕မွတ္ခ်က္နဲ႔ပတ္သက္လုိ႔ တူခ်ယ္က ”ဒီပြဲက ျပင္သစ္ေဘာလုံးသမုိင္းမွာ ႀကီးက်ယ္တဲ့မွတ္တမ္းေရးထုိးထားတဲ့ပြဲျဖစ္ၿပီး ဒါကိုလည္း ကၽြန္ေတာ္တုိ႔အားလုံး ေလးစားရပါမယ္။ ဒီပြဲက ဘ႑ာေရးဆုိင္ရာသာလြန္၊ ေလ်ာ့နည္းမႈေတြနဲ႔မဆုိင္ပါဘူး။ ေဘာလုံးေလာကမွာ ဘာမဆုိျဖစ္သြားႏိုင္ပါတယ္။ ခ်န္ပီယံလိဂ္ပြဲကေန ျပင္သစ္႐ံႈးထြက္ဖလားပဲြအထိ အာ႐ုံအျပည့္ုစုိက္ယွဥ္ၿပိဳင္ေနတာပါ။ မာေဆးလ္က ဒီပြဲမတုိင္ခင္ အဆင့္ ၄ ေနရာမွာ ရပ္တည္ခဲ့တဲ့အသင္းျဖစ္ပါတယ္”
”ေဘာလုံးသမုိင္းကို ေလးစားရမွာျဖစ္သလို၊ ေဘာလုံးပဲြနဲ႔ ေဘာလုံးအားကစားနည္းေတြကိုလည္း ေလးစားရမွာပါ။ မာေဆးလ္နဲ႔ပြဲမွာ ျပင္းျပတ့ဲဆႏၵ၊ ႏွလုံးသားေတြနဲ႔ ကစားရတာျဖစ္ပါတယ္”လု႔ိ ေျပာၾကားခဲ့ပါတယ္။