

နည်းပြဂျာဂင်ကလော့ပ်လက်ထက် လီဗာပူးရဲ့ကစားပုံဟာ အံ့အားသင့်စရာကောင်းလောက်အောင် တည်ကြည်လေးနက်နေပြီဖြစ်သလို ပြိုင်ဘက်တွေကိုလည်း တိရစ္ဆာန်လိုတိုက်ခိုက်တတ်ကြောင်း မန်စီးတီးကွင်းလယ်ကစားသမားရိုဒရီက ချီးမွန်းပြောဆိုလိုက်ပါတယ်။လက်ရှိချန်ပီယံမန်စီးတီးအသင်းဟာ ရာသီအစောပိုင်းမှာ နောဝှစ်ချ်နဲ့ဝုဗ်တို့ကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့နောက် လက်ရှိအချိန်မှာ မနှစ်ကဒုတိယဆုရှင်လီဗာပူးနဲ့ ၈မှတ်ပြတ်နေရပါတယ်။ဒါပေမဲ့ ရာသီအဖွင့်ကွန်မြူနတီဒိုင်းပွဲမှာတော့ ဒီနှစ်သင်းဟာ ပုံမှန်ပွဲချိန်အတွင်း ၁ဂိုးစီသရေကျနေပြီး မန်စီးတီးက ပင်နယ်တီအဆုံးအဖြတ်နဲ့ဗိုလ်စွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လတုန်းက အက်သလက်တီကိုကနေ ရောက်ရှိလာခဲ့တဲ့ ရိုဒရီဟာ အဲဒီကွန်မြူနတီဒိုင်းပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သလို လိဂ်မှာလည်း ၇ပွဲ ပွဲထွက်ကစားပေးခဲ့ပါတယ်။“ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ အကောင်းဆုံးအသင်းတစ်သင်းကို ရှာဖွေထိတွေ့ခွင့်ရဖို့ အင်္ဂလန်မြေကို ကျွန်တော်ဆင်းသက်ခဲ့တယ်။လီဗာပူးဟာ တန်ပြန်တိုက်စစ်ကစားတဲ့အသင်းလို့ ထင်စရာရှိပေမယ့် ဘောလုံးကိုင်ပြီးလွှမ်းမိုးနိုင်တယ်၊တည်ကန်ဘောတွေကနေ ဂိုးသွင်းနိုင်တယ်။

သူတို့ရဲ့ တိုက်စစ်စက်ယန္တရားကြီးကတော့ အမျိုးမျိုးသောအရောင်အသွေးတွေနဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်တယ်။ကလော့ပ်ရဲ့အသင်းဟာ ရုပ်ပိုင်းဆိုင်ရာလည်း မာကျောခက်ထန်တယ်။တိရစ္ဆာန်တွေလို ခင်ဗျားကိုရင်ဆိုင်နိုင်တယ်။နောက်ပြီး ဓားတွေလိုပဲ၊တစ်ချောင်းပြီး တစ်ချောင်းရောက်လာလိမ့်မယ်။ဒါပေမဲ့ အသင်းတိုင်းမှာ ဆိုးရွားတဲ့အခိုက်အတန့်ဆိုတာတော့ရှိကြတာပါပဲ။

တကယ်လို့ သူတို့အဲဒီလိုဖြစ်ပြီဆိုရင် ကျွန်တော်တို့အဲ့နေရာမှာရှိနေမှာပါ ”လို့ ရိုဒရီကပြောဆိုခဲ့ပါတယ်။ မန်စီးတီးက ပဲလေ့စ်နဲ့အဝေးကွင်းပွဲစဉ်ကစားပြီးနောက်တစ်နေ့မှာ လီဗာပူးက သူတို့ရဲ့ခါးသီးတဲ့ပြိုင်ဘက်ကြီးမန်ယူနဲ့ အနီရောင်ဒါဘီပွဲနွှဲရမှာဖြစ်ပါတယ်။
(zawgyi)
နည္းျပဂ်ာဂင္ကေလာ့ပ္လက္ထက္ လီဗာပူးရဲ႕ကစားပံုဟာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ တည္ၾကည္ေလးနက္ေနၿပီျဖစ္သလို ၿပိဳင္ဘက္ေတြကိုလည္း တိရစာၦန္လိုတိုက္ခိုက္တတ္ေၾကာင္း မန္စီးတီးကြင္းလယ္ကစားသမားရိုဒရီက ခ်ီးမြန္းေျပာဆိုလိုက္ပါတယ္။လက္ရွိခ်န္ပီယံမန္စီးတီးအသင္းဟာ ရာသီအေစာပိုင္းမွာ ေနာ၀ွစ္ခ်္နဲ႔၀ုဗ္တို႔ကို မထင္မွတ္ဘဲရံႈးနိမ့္ခဲ့တဲ့ေနာက္ လက္ရွိအခ်ိန္မွာ မႏွစ္ကဒုတိယဆုရွင္လီဗာပူးနဲ႔ ၈မွတ္ျပတ္ေနရပါတယ္။ဒါေပမဲ့ ရာသီအဖြင့္ကြန္ျမဴနတီဒိုင္းပြဲမွာေတာ့ ဒီႏွစ္သင္းဟာ ပံုမွန္ပြဲခ်ိန္အတြင္း ၁ဂိုးစီသေရက်ေနၿပီး မန္စီးတီးက ပင္နယ္တီအဆံုးအျဖတ္နဲ႔ဗိုလ္စြဲခဲ့ပါတယ္။ၿပီးခဲ့တဲ့ဇူလိုင္လတုန္းက အက္သလက္တီကိုကေန ေရာက္ရွိလာခဲ့တဲ့ ရိုဒရီဟာ အဲဒီကြန္ျမဴနတီဒိုင္းပြဲမွာ ပြဲခ်ိန္ျပည့္ပါ၀င္ကစားခဲ့သလို လိဂ္မွာလည္း ၇ပြဲ ပြဲထြက္ကစားေပးခဲ့ပါတယ္။“ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ ကၽြန္ေတာ္ျမင္ေတြ႔ခဲ့ရတဲ့ အေကာင္းဆံုးအသင္းတစ္သင္းကို ရွာေဖြထိေတြ႔ခြင့္ရဖို႔ အဂၤလန္ေျမကို ကၽြန္ေတာ္ဆင္းသက္ခဲ့တယ္။လီဗာပူးဟာ တန္ျပန္တိုက္စစ္ကစားတဲ့အသင္းလို႔ ထင္စရာရွိေပမယ့္ ေဘာလံုးကိုင္ၿပီးလႊမ္းမိုးႏိုင္တယ္၊တည္ကန္ေဘာေတြကေန ဂိုးသြင္းႏိုင္တယ္။သူတို႔ရဲ႕ တိုက္စစ္စက္ယႏၱရားႀကီးကေတာ့ အမ်ိဳးမ်ိဳးေသာအေရာင္အေသြးေတြနဲ႔ အလုပ္ေကာင္းေကာင္းလုပ္ႏိုင္တယ္။ကေလာ့ပ္ရဲ႕အသင္းဟာ ရုပ္ပိုင္းဆိုင္ရာလည္း မာေက်ာခက္ထန္တယ္။တိရစာၦန္ေတြလို ခင္ဗ်ားကိုရင္ဆိုင္ႏိုင္တယ္။ေနာက္ၿပီး ဓားေတြလိုပဲ၊တစ္ေခ်ာင္းၿပီး တစ္ေခ်ာင္းေရာက္လာလိမ့္မယ္။ဒါေပမဲ့ အသင္းတိုင္းမွာ ဆိုးရြားတဲ့အခိုက္အတန္႔ဆိုတာေတာ့ရွိၾကတာပါပဲ။တကယ္လို႔ သူတို႔အဲဒီလိုျဖစ္ၿပီဆိုရင္ ကၽြန္ေတာ္တို႔အဲ့ေနရာမွာရွိေနမွာပါ ”လို႔ ရိုဒရီကေျပာဆိုခဲ့ပါတယ္။ မန္စီးတီးက ပဲေလ့စ္နဲ႔အေ၀းကြင္းပြဲစဥ္ကစားၿပီးေနာက္တစ္ေန႔မွာ လီဗာပူးက သူတို႔ရဲ႕ခါးသီးတဲ့ၿပိဳင္ဘက္ႀကီးမန္ယူနဲ႔ အနီေရာင္ဒါဘီပြဲႏႊဲရမွာျဖစ္ပါတယ္။