
photo-gettyimages
photo-gettyimages
ဘာစီလိုနာတိုက်စစ်မှုးမက်ဆီက စီရော်နယ်ဒိုနဲ့ကွင်းတွင်းပြိုင်ဆိုင်မှုကို လွမ်းမိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ စီရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်းကတည်းက သူတို့နှစ်ယောက်ဟာ ကွင်းထဲမှာ ရင်ဆိုင်တွေ့ရခြင်းမရှိတော့ပါဘူး။ ဒါကြောင့်လည်း မက်ဆီက သူ့ရဲ့ပြိုင်ဘက်ဟောင်းကို စပိန်မှာပဲ ဆက်ရှိစေချင်တာလို့ ဖွင့်ဟခဲ့တာပါ။
photo-gettyimages
”ရီးရဲလ်မှာပဲ သူ့ကို ဆက်ကစားစေချင်ခဲ့တာပါ။ သူဟာ အယ်ကလက်စီကိုနဲ့လာလီဂါပြိုင်ဆိုင်မှုတွေမှာ အပေါင်းတစ်ခုပေးပါတယ်။ ရီးရဲလ်ကတော့ ဆက်ပြီးစိန်ခေါ်နေဦးမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အရမ်းကောင်းတဲ့ကစားသမားတွေရှိပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုကိုဆုံးရှုံးရတဲ့ ခံစားမှုကို ရီးရဲလ်ဆက်ခံစားရဦးမှာလို့ ကျွန်တော်ပြောထားဖူးပါတယ်။ ဒါကို သူတို့လည်း သတိထားမိကြမှာပါ။ ဒါပေမဲ့လည်း သူတို့မှာ ဆုဖလားတိုင်းကို တိုက်ပွဲဝင်နိုင်တဲ့ကစားသမားတွေအများကြီးရှိပြီး သမိုင်းကြောင်းလည်း အများကြီးရှိထားပါတယ်”လို့ မက်ဆီက အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့တာပါ။
photo-gettyimages
မက်ဆီနဲ့စီရော်နယ်ဒိုတို့နှစ်ယောက် အတူရှိနေတာကို နောက်ဆုံးမြင်တွေ့ခဲ့ရတာက ပြီးခဲ့တဲ့သြဂုတ်လ ချန်ပီယံလိဂ်မဲခွဲပွဲမှာဖြစ်ပြီး အဲဒီတုန်းက နှစ်ယောက်သားရယ်ရယ်မောမောရှိခဲ့ကြပါတယ်။ အဲဒီတုန်းက စီရော်နယ်ဒိုကိုယ်တိုင်ကလည်း မက်ဆီနဲ့ပြိုင်ဆိုင်မှုကို လွမ်းကြောင်း ဝန်ခံခဲ့သလို ညစာထွက်စားဖို့ မက်ဆီကိုတောင် ဖိတ်ခေါ်ခဲ့ပါသေးတယ်။ ကစားရတဲ့လိဂ်ချင်းသာ မတူတော့ပေမယ့် လက်ရှိမှာလည်း မက်ဆီနဲ့စီရော်နယ်ဒိုတို့ကြား ပြိုင်ဆိုင်မှုဟာ အရှိန်မြင့်နေဆဲပါပဲ။
[Zawgyi]
ၿပိဳင္ဘက္စီေရာ္နယ္ဒုိကို ရီးရဲလ္မွာပဲ ဆက္ရွိေစခ်င္ခဲ့တာလို႔ ၀န္ခံခဲ့တဲ့မက္ဆီ
ဘာစီလိုနာတုိက္စစ္မႈးမက္ဆီက စီေရာ္နယ္ဒိုနဲ႔ကြင္းတြင္းၿပိဳင္ဆိုင္မႈကို လြမ္းမိေၾကာင္း ၀န္ခံေျပာၾကားလိုက္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကေန စီေရာ္နယ္ဒို ထြက္ခြာသြားၿပီးေနာက္ပိုင္းကတည္းက သူတုိ႔ႏွစ္ေယာက္ဟာ ကြင္းထဲမွာ ရင္ဆုိင္ေတြ႕ရျခင္းမရွိေတာ့ပါဘူး။ ဒါေၾကာင့္လည္း မက္ဆီက သူ႔ရဲ႕ၿပိဳင္ဘက္ေဟာင္းကို စပိန္မွာပဲ ဆက္ရွိေစခ်င္တာလို႔ ဖြင့္ဟခဲ့တာပါ။
”ရီးရဲလ္မွာပဲ သူ႔ကို ဆက္ကစားေစခ်င္ခဲ့တာပါ။ သူဟာ အယ္ကလက္စီကိုနဲ႔လာလီဂါၿပိဳင္ဆိုင္မႈေတြမွာ အေပါင္းတစ္ခုေပးပါတယ္။ ရီးရဲလ္ကေတာ့ ဆက္ၿပီးစိန္ေခၚေနဦးမွာပါပဲ။ ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔မွာ အရမ္းေကာင္းတဲ့ကစားသမားေတြရွိပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒိုကိုဆုံးရႈံးရတဲ့ ခံစားမႈကို ရီးရဲလ္ဆက္ခံစားရဦးမွာလုိ႔ ကၽြန္ေတာ္ေျပာထားဖူးပါတယ္။ ဒါကို သူတုိ႔လည္း သတိထားမိၾကမွာပါ။ ဒါေပမဲ့လည္း သူတို႔မွာ ဆုဖလားတိုင္းကို တုိက္ပြဲ၀င္ႏိုင္တဲ့ကစားသမားေတြအမ်ားႀကီးရွိၿပီး သမုိင္းေၾကာင္းလည္း အမ်ားႀကီးရွိထားပါတယ္”လုိ႔ မက္ဆီက အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟခဲ့တာပါ။
မက္ဆီနဲ႔စီေရာ္နယ္ဒုိတုိ႔ႏွစ္ေယာက္ အတူရွိေနတာကို ေနာက္ဆုံးျမင္ေတြ႕ခဲ့ရတာက ၿပီးခဲ့တဲ့ၾသဂုတ္လ ခ်န္ပီယံလိဂ္မဲခြဲပြဲမွာျဖစ္ၿပီး အဲဒီတုနး္က ႏွစ္ေယာက္သားရယ္ရယ္ေမာေမာရွိခဲ့ၾကပါတယ္။ အဲဒီတုနး္က စီေရာ္နယ္ဒိုကိုယ္တုိင္ကလည္း မက္ဆီနဲ႔ၿပိဳင္ဆိုင္မႈကို လြမ္းေၾကာင္း ၀န္ခံခဲ့သလို ညစာထြက္စားဖို႔ မက္ဆီကိုေတာင္ ဖိတ္ေခၚခဲ့ပါေသးတယ္။ ကစားရတဲ့လိဂ္ခ်ငး္သာ မတူေတာ့ေပမယ့္ လက္ရွိမွာလည္း မက္ဆီနဲ႔စီေရာ္နယ္ဒိုတုိ႔ၾကား ၿပိဳင္ဆိုင္မႈဟာ အရွိန္ျမင့္ေနဆဲပါပဲ။