
photo-daily mail
photo-gettyimages
ဆွီဒင်ကလပ်မယ်လ်မိုအသင်းကွင်းအပြင်ဘက်က မန်ယူတိုက်စစ်မှုးဟောင်းအီဘရာဟီမိုဗစ်ရဲ့ကြေးရုပ်တုဟာ မီးရှို့ဖျက်ဆီးခြင်း ခံလိုက်ရပါတယ်။ အဲဒီဆွီဒင်တိုက်စစ်မှုးဟာ ပြိုင်ဘက်ကလပ်ဟမ်မာဘီရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာတာကို သူ့အသင်းဟောင်းပရိသတ်တွေဖြစ်တဲ့ မယ်လ်မိုပရိသတ်တွေက ဒေါသတကြီးနဲ့ အခုလိုတုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ၃.၅ မီတာမြင့်တဲ့ မိုဗစ်ရဲ့ဒီကြေးရုပ်တုကို ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ရဲ့ပံ့ပိုးမှုနဲ့ ပြီးခဲ့တဲ့တစ်လကျော်ကမှ စိုက်ထူဖွင့်လှစ်ခဲ့တာပါ။
photo-social media
မိုဗစ်ဟာ ဒီနှစ်ဆွီဒင်အမှတ်ပေးပြိုင်ပွဲမှာ တတိယနေရာက ရပ်တည်နေတဲ့ ဟမ်မာဘီအသင်းမှာ ရှယ်ယာ ၂၅ ရာခိုင်နှုန်းဝယ်ပြီး ရင်းနှီးမြှပ်နှံခဲ့တာပါ။ အဲဒါနဲ့ပတ်သက်လို့လည်း ဆိုရှယ်မီဒီယာပေါ်မှာ သူဟာ ဟမ်မာဘီအသင်းအင်္ကျီကိုကိုင်ထားတဲ့ပုံနဲ့ ကြေညာမှုလုပ်ခဲ့ပါတယ်။ အဲဒါကို မယ်လ်မိုပရိသတ်တွေက ဒေါသထွက်သွားကြတာပါ။ မိုဗစ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်ကစားသမားဘဝကို မယ်လ်မိုနဲ့အတူ စတင်ခဲ့ပေမယ့် ဟမ်မာဘီမှာ စီးပွားရေးအရ ရင်နှီးမြှပ်နံှမှုလုပ်ခဲ့တာပါ။ ဟမ်မာဘီအင်္ကျီကိုကိုင်လိုက်တဲ့အတွက် ဂလက်ဆီက ထွက်တော့မယ့် မိုဗစ်ဟာ အဲဒီမှာ ကစားမှာလားလို့တောင် မယ်လ်မိုပရိသတ်တွေက အထင်မှားခဲ့ကြပါတယ်။
photo-PA Images
မီးရှို့တဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာခြင်းမရှိခင် နာရီအနည်းငယ်ကတည်းက ဗိုဗစ်ရဲ့ရုပ်တုဟာ ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အိမ်သာခုံတစ်ခုကို ရုပ်တုရဲ့လက်မောင်းမှာ ချိတ်ဆွဲထားသလို ရုပ်တုရဲ့မျက်နှာကိုလည်း အင်္ကျီတစ်ထည်နဲ့ ဖုံးအုပ်ခံထားရတာပါ။ အသက် ၃၈ နှစ်အရွယ် မိုဗစ်ဟာ သူ့ရဲ့ကစားသမားဘ၀ အနာဂါတ်အတွက် စဉ်းစားနေရချိန်ဖြစ်ပြီး စီးရီးအေကိုပြန်သွားဖို့ သတင်းကြီးနေပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဇာတိနိုင်ငံဆွီဒင်က ကွင်းပြင်ပပြသနာတွေကို ပိုဦးစားပေးရတော့မယ့်ပုံပါပဲ။
[Zawgyi]
ၿပိဳင္ဘက္ကလပ္ရဲ႕ပူးတြဲပိုင္ရွင္ျဖစ္လာလုိ႔ အီဘရာဟီမိုဗစ္ရဲ႕ရုပ္တုကို မယ္လ္မိုပရိသတ္ေတြ မီရႈိ႕ဖ်က္စီး
ဆြီဒင္ကလပ္မယ္လ္မိုအသင္းကြင္းအျပင္ဘက္က မန္ယူတိုက္စစ္မႈးေဟာင္းအီဘရာဟီမိုဗစ္ရဲ႕ေၾကးရုပ္တုဟာ မီးရႈိ႕ဖ်က္ဆီးျခင္း ခံလိုက္ရပါတယ္။ အဲဒီဆြီဒင္တုိက္စစ္မႈးဟာ ၿပိဳင္ဘက္ကလပ္ဟမ္မာဘီရဲ႕ပူးတြဲပိုင္ရွင္ျဖစ္လာတာကို သူ႔အသင္းေဟာင္းပရိသတ္ေတြျဖစ္တဲ့ မယ္လ္မိုပရိသတ္ေတြက ေဒါသတႀကီးနဲ႔ အခုလိုတုံ႔ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။ ၃.၅ မီတာျမင့္တဲ့ မိုဗစ္ရဲ႕ဒီေၾကးရုပ္တုကို ဆြီဒင္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ပံ့ပိုးမႈနဲ႔ ၿပီးခဲ့တဲ့တစ္လေက်ာ္ကမွ စုိက္ထူဖြင့္္လွစ္ခ့ဲတာပါ။
မိုဗစ္ဟာ ဒီႏွစ္ဆြီဒင္အမွတ္ေပးၿပိဳင္ပြဲမွာ တတိယေနရာက ရပ္တည္ေနတဲ့ ဟမ္မာဘီအသင္းမွာ ရွယ္ယာ ၂၅ ရာခုိင္ႏႈန္း၀ယ္ၿပီး ရင္းႏွီးျမွပ္ႏွံခဲ့တာပါ။ အဲဒါနဲ႔ပတ္သက္လုိ႔လည္း ဆုိရွယ္မီဒီယာေပၚမွာ သူဟာ ဟမ္မာဘီအသင္းအက်ၤီကိုကုိင္ထားတ့ဲပုံနဲ႔ ေၾကညာမႈလုပ္ခဲ့ပါတယ္။ အဲဒါကို မယ္လ္မိုပရိသတ္ေတြက ေဒါသထြက္သြားၾကတာပါ။ မိုဗစ္ဟာ သူ႔ရဲ႕ပေရာ္ဖက္ရွင္ကစားသမားဘ၀ကို မယ္လ္မိုနဲ႔အတူ စတင္ခဲ့ေပမယ့္ ဟမ္မာဘီမွာ စီးပြားေရးအရ ရင္ႏွီးျမွပ္ႏံွမႈလုပ္ခဲ့တာပါ။ ဟမ္မာဘီအက်ၤီကိုကိုင္လိုက္တဲ့အတြက္ ဂလက္ဆီက ထြက္ေတာ့မယ့္ မိုဗစ္ဟာ အဲဒီမွာ ကစားမွာလားလုိ႔ေတာင္ မယ္လ္မုိပရိသတ္ေတြက အထင္မွားခဲ့ၾကပါတယ္။
မီးရႈိ႕တဲ့ဗီဒီယိုဖိုင္ထြက္ေပၚလာျခင္းမရွိခင္ နာရီအနည္းငယ္ကတည္းက ဗုိဗစ္ရဲ႕ရုပ္တုဟာ ဖ်က္ဆီးခံခဲ့ရတာျဖစ္ၿပီး အိမ္သာခုံတစ္ခုကို ရုပ္တုရဲ႕လက္ေမာင္းမွာ ခ်ိတ္ဆြဲထားသလို ရုပ္တုရဲ႕မ်က္ႏွာကိုလည္း အက်ၤီတစ္ထည္နဲ႔ ဖုံးအုပ္ခံထားရတာပါ။ အသက္ ၃၈ ႏွစ္အရြယ္ မုိဗစ္ဟာ သူ႔ရဲ႕ကစားသမားဘ၀ အနာဂါတ္အတြက္ စဥ္းစားေနရခ်ိန္ျဖစ္ၿပီး စီးရီးေအကိုျပန္သြားဖို႔ သတင္းႀကီးေနပါတယ္။ ဒါေပမဲ့ လက္ရွိမွာေတာ့ ဇာတိႏိုင္ငံဆြီဒင္က ကြင္းျပင္ပျပသနာေတြကို ပိုဦးစားေပးရေတာ့မယ့္ပုံပါပဲ။