ပြိုင်ပွဲအသွင် ၂ ပွဲဆက်မရှုံးလို့ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ ဆန်မာရီနိုကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆန်မာရီနိုဆိုတဲ့ ဥရောပနိုင်ငံငယ်လေးက လက်ရွေးစင်အသင်းပွဲထွက်စာရင်းမှာ ဘဏ်ဝန်ထမ်းတွေ၊ သွားဆရာဝန်တွေ၊ စာရင်းကိုင်တွေပါဝင်ပြီး အပျော်တမ်းအဆင့်ကစားသမားအများစုနဲ့ စုဖွဲ့ထားတဲ့ သူတို့အသင်းဟာ အဲဒီလိုလူစာရင်းနဲ့ပဲ နိုင်ငံအသင်းပွဲတွေမှာ နှစ်ပေါင်းများစွာကြာယှဉ်ပြိုင်နေတာပါ။

ဒါကြောင့်လည်း သူတို့ကစားခဲ့တဲ့ ပထမဆုံးပွဲ ၁၅၀ မှာ ၁၄၇ ပွဲရှုံးနိမ့်ခဲ့ပြီး စုစုပေါင်း ၆၆၉ ဂိုးတောင် ပေးခဲ့ရပါတယ်။

ဒါပေမဲ့လည်း အခုတော့ ဆန်မာရီနိုဟာ သူတို့အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲအသွင် ၂ ပွဲဆက်ရှုံးပွဲမရှိမှုကို နေးရှင်းလိဂ်မှာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေညတုန်းက ဂျီဘရော်တာကို သရေကစားနိုင်ခဲ့တာဖြစ်ပြီး အဲဒီအရင်ပွဲမှာလည်း လက်ချင်စတိန်းကို မရှုံးအောင် ကစားနိုင်ခဲ့ပါတယ်။

ဂျီဘရော်တာနဲ့ပွဲမှာ ပိုပြီးအထင်ကြီးစရာကောင်းတာက ဆန်မာရီနိုအသင်းခေါင်းဆောင်ဟာ ဒုတိယပိုင်းပြန်စပြီး ၄ မိနစ်ကတည်းက အထုတ်ခံခဲ့ရတာဖြစ်ပြီး တစ်ေယောက်လျော့နဲ့ကို အုပ်စုထိပ်ဆုံးက ဂျီဘရော်တာကို သရေခံကန်နိုင်ခဲ့တာပါ။

၂ ပွဲဆက် ရှုံးလည်းမရှုံး၊ ပေးဂိုးလည်း မရှိခဲ့တာကြောင့် ဆန်မာရီနိုဗဟိုခံစစ်မှုးဒန်တီရော့စီဆိုရင် ပွဲအပြီးအင်တာဗျူးမှာ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။

သူတို့သာ ပွဲတစ်ပွဲနိုင်လိုက်မယ်ဆိုရင် ဘယ်လောက်တောင်ဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ဆန်မာရီနိုဟာ ၂၀၀၄ ဧပြီက ခြေစမ်းပွဲမှာ လက်ချင်စတိန်းကို ၁-၀ နဲ့နိုင်ခဲ့ပြီးကတည်းက အခုချိန်ထိ နိုင်ပွဲပျောက်ဆုံးနေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ၿပိဳင္ပြဲအသြင္ ၂ ပြဲဆက္မရႈံးလုိ႔ မ်က္ရည္မဆည္ႏိုင္ျဖစ္ခဲ့ရတဲ့ ဆန္မာရီႏိုကစားသမား

ဆန္မာရီႏိုဆိုတဲ့ ဥေရာပႏိုင္ငံငယ္ေလးက လက္ေရြးစင္အသင္းပြဲထြက္စာရင္းမွာ ဘဏ္၀န္ထမ္းေတြ၊ သြားဆရာ၀န္ေတြ၊ စာရင္းကိုင္ေတြပါ၀င္ၿပီး အေပ်ာ္တမ္းအဆင့္ကစားသမားအမ်ားစုနဲ႔ စုဖြဲ႔ထားတဲ့ သူတို႔အသင္းဟာ အဲဒီလိုလူစာရင္းနဲ႔ပဲ ႏိုင္ငံအသင္းပြဲေတြမွာ ႏွစ္ေပါင္းမ်ားစြာၾကာယွဥ္ၿပိဳင္ေနတာပါ။

ဒါေၾကာင့္လည္း သူတုိ႔ကစားခဲ့တဲ့ ပထမဆုံးပြဲ ၁၅၀ မွာ ၁၄၇ ပြဲရႈံးနိမ့္ခဲ့ၿပီး စုစုေပါင္း ၆၆၉ ဂိုးေတာင္ ေပးခဲ့ရပါတယ္။

ဒါေပမဲ့လည္း အခုေတာ့ ဆန္မာရီႏိုဟာ သူတို႔အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ၿပိဳင္ပြဲအသြင္ ၂ ပြဲဆက္ရႈံးပြဲမရွိမႈကို ေနးရွင္းလိဂ္မွာ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့စေနညတုန္းက ဂ်ီဘေရာ္တာကို သေရကစားႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီအရင္ပြဲမွာလည္း လက္ခ်င္စတိန္းကို မရႈံးေအာင္ ကစားႏိုင္ခဲ့ပါတယ္။

ဂ်ီဘေရာ္တာနဲ႔ပြဲမွာ ပိုၿပီးအထင္ႀကီးစရာေကာင္းတာက ဆန္မာရီႏိုအသင္းေခါင္းေဆာင္ဟာ ဒုတိယပိုင္းျပန္စၿပီး ၄ မိနစ္ကတည္းက အထုတ္ခံခဲ့ရတာျဖစ္ၿပီး တစ္ေေယာက္ေလ်ာ့နဲ႔ကို အုပ္စုထိပ္ဆုံးက ဂ်ီဘေရာ္တာကို သေရခံကန္ႏိုင္ခဲ့တာပါ။

၂ ပြဲဆက္ ရႈံးလည္းမရႈံး၊ ေပးဂိုးလည္း မရွိခဲ့တာေၾကာင့္ ဆန္မာရီႏိုဗဟိုခံစစ္မႈးဒန္တီေရာ့စီဆုိရင္ ပြဲအၿပီးအင္တာဗ်ဴးမွာ မ်က္ရည္မဆည္ႏိုင္ ျဖစ္ခဲ့ရပါတယ္။

သူတို႔သာ ပြဲတစ္ပြဲႏိုင္လုိက္မယ္ဆိုရင္ ဘယ္ေလာက္ေတာင္ျဖစ္သြားမလဲဆုိတာ စဥ္းစားၾကည့္လိုက္ပါ။ ဆန္မာရီႏိုဟာ ၂၀၀၄ ဧၿပီက ေျခစမ္းပြဲမွာ လက္ခ်င္စတိန္းကို ၁-၀ နဲ႔ႏိုင္ခဲ့ၿပီးကတည္းက အခုခ်ိန္ထိ ႏိုင္ပြဲေပ်ာက္ဆုံးေနတာပါ။