ပြိုင်ပွဲစုံ(၉)ပွဲမှာ ပြိုင်ဘက်ဂိုးဧရိယာအတွင်း စီရော်နယ်လ်ဒိုရဲ့ခေါင်းတိုက်ချက်က (၂)ကြိမ်သာရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီဝါရင့်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုဟာ ပြိုင်ပွဲစုံ(၉)ပွဲကစားပြီးချိန်မှာ ကိုယ့်အသင်းဂိုးဧရိယာထဲမှာခေါင်းတိုက်ချက်အကြိမ်က ပြိုင်ဘက်အသင်းဧရိယာထဲမှာပြုလုပ်ခဲ့တဲ့ခေါင်းတိုက်ချက်ထက် ပိုများနေပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် စီရော်နယ်လ်ဒိုဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ်သတ်မှတ်ခံထားရဆဲပါပဲ။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒို အကောင်းဆုံးပုံစံပြနိုင်အောင် ဘယ်လိုအသုံးချရမလဲဆိုတာ အဖြေရှာမတွေ့သေးဘဲ

ဒီရာသီပြိုင်ပွဲစုံ(၉)ပွဲကစားပြီးချိန်မှာ ပြိုင်ဘက်ဂိုးဧရိယာအတွင်း စီရော်နယ်လ်ဒိုရဲ့ခေါင်းတိုက်ချက်က(၂)ကြိမ်သာရှိခဲ့တယ်လို့ The Times သတင်းဌာနကဖော်ပြခဲ့ပါတယ်။

အဲဒီ(၂)ကြိမ်ထဲက (၁)ကြိမ်ဟာ ပြီးခဲ့တဲ့တစ်ပတ်တုန်းက အတ္တလန်အသင်းကို(၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲတုန်းက စီရော်နယ်လ်ဒိုခေါင်းတိုက်သွင်းယူခဲ့တဲ့ဂိုးပဲဖြစ်ပါတယ်။

ကိုယ့်အသင်းဂိုးဧရိယာထဲမှာ ခံစစ်အထိဆင်းပြီးတော့ စီရော်နယ်လ်ဒိုခေါင်းတိုက်ခဲ့ရတဲ့အကြိမ်က (၃)ကြိမ်ရှိခဲ့တာကြောင့် ယူနိုက်တက်အသင်းဖော်တွေအနေနဲ့ စီရော်နယ်လ်ဒိုရဲ့အမြင့်ဘောအားသာချက်ကို ကောင်းကောင်းအသုံးချနိုင်အောင် ပံ့ပိုးနိုင်မှုမရှိဘူးဆိုတဲ့သဘောပါပဲ။

စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝတစ်လျှောက်မှာ မယုံနိုင်လောက်တဲ့စွမ်းဆောင်ရည်နဲ့ခေါင်းတိုက်သွင်းဂိုးတွေအများကြီး သွင်းယူခဲ့ပြီး စုစုပေါင်း(၁၁၀)ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းမှာတော့ ကစားသမားတွေရဲ့ဖြတ်တင်ဘောစွမ်းဆောင်ရည်အားနည်းမှုနဲ့အတူ စီရော်နယ်လ်ဒိုဟာ အမြင့်ဘောတွေအသုံးချနိုင်မှုအပိုင်းမှာ ရုန်းကန်နေရတာပါ။

စစ်တမ်းတွေအရလည်း ယူနိုက်တက်အသင်းရဲ့ဖြတ်တင်ဘောစွမ်းဆောင်ရည်က ဒီရာသီပရီးမီးယားလိဂ်မှာ ဒုတိယအဆိုးရွားဆုံးအသင်းအဖြစ်သတ်မှတ်ခံထားရပြီး

ကိုယ့်လူဆီရောက်အောင်ပေးနိုင်တာက (၁၄.၈%)သာရှိခဲ့သလို သူတို့ထက်ပိုဆိုးတာက ချယ်လ်ဆီးတစ်သင်းသာရှိပါတော့တယ်။

ဒီရာသီမှာ ရလဒ်တွေမတည်မငြိမ်ဖြစ်နေတဲ့အာဆင်နယ်အသင်းတောင် ဘောလုံးဖြတ်တင်မှုစွမ်းဆောင်ရည်က ယူနိုက်တက်၊ ချယ်လ်ဆီးအသင်းတို့ထက်ပိုကောင်းခဲ့ပြီး (၃၀%)အထိရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ ဖြတ်တင်ဘောပေးဖို့ လုခ်ရှောနဲ့ဘရူနိုဖာနန်ဒက်စ်တို့နှစ်ဦးကိုပဲ အားကိုးနေရပြီး ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ ဆန်ချိုတို့ဟာ

ပြိုင်ဘက်ပယ်နယ်တီဧရိယာထဲကို အမြင့်ဘောပေးပို့ဖို့ထက် ဧရိယာအတွင်းကိုသာ ဘောလုံးဆွဲပြေးဖို့ပိုအားသန်နေတာကြောင့် စီရော်နယ်လ်ဒို အခုရုန်းကန်နေရတာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ၿပိဳင္ပြဲစုံ(၉)ပြဲမွာ ၿပိဳင္ဘက္ဂိုးဧရိယာအတြင္း စီေရာ္နယ္လ္ဒိုရဲ႕ေခါင္းတိုက္ခ်က္က (၂)ႀကိမ္သာရွိ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီဝါရင့္တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ ၿပိဳင္ပြဲစုံ(၉)ပြဲကစားၿပီးခ်ိန္မွာ ကိုယ့္အသင္းဂိုးဧရိယာထဲမွာေခါင္းတိုက္ခ်က္အႀကိမ္က ၿပိဳင္ဘက္အသင္းဧရိယာထဲမွာျပဳလုပ္ခဲ့တဲ့ေခါင္းတိုက္ခ်က္ထက္ ပိုမ်ားေနပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ စီေရာ္နယ္လ္ဒိုဟာ လက္ရွိကမာၻ႔အေကာင္းဆုံးတိုက္စစ္ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္အျဖစ္သတ္မွတ္ခံထားရဆဲပါပဲ။

ဒါေပမဲ့လည္း ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒို အေကာင္းဆုံးပုံစံျပႏိုင္ေအာင္ ဘယ္လိုအသုံးခ်ရမလဲဆိုတာ အေျဖရွာမေတြ႕ေသးဘဲ ဒီရာသီၿပိဳင္ပြဲစုံ(၉)ပြဲကစားၿပီးခ်ိန္မွာ ၿပိဳင္ဘက္ဂိုးဧရိယာအတြင္း စီေရာ္နယ္လ္ဒိုရဲ႕ေခါင္းတိုက္ခ်က္က(၂)ႀကိမ္သာရွိခဲ့တယ္လို႔ The Times သတင္းဌာနကေဖာ္ျပခဲ့ပါတယ္။ အဲဒီ(၂)ႀကိမ္ထဲက (၁)ႀကိမ္ဟာ ၿပီးခဲ့တဲ့တစ္ပတ္တုန္းက အတၱလန္အသင္းကို(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲတုန္းက စီေရာ္နယ္လ္ဒိုေခါင္းတိုက္သြင္းယူခဲ့တဲ့ဂိုးပဲျဖစ္ပါတယ္။

ကိုယ့္အသင္းဂိုးဧရိယာထဲမွာ ခံစစ္အထိဆင္းၿပီးေတာ့ စီေရာ္နယ္လ္ဒိုေခါင္းတိုက္ခဲ့ရတဲ့အႀကိမ္က (၃)ႀကိမ္ရွိခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းေဖာ္ေတြအေနနဲ႔ စီေရာ္နယ္လ္ဒိုရဲ႕အျမင့္ေဘာအားသာခ်က္ကို ေကာင္းေကာင္းအသုံးခ်ႏိုင္ေအာင္ ပံ့ပိုးႏိုင္မႈမရွိဘူးဆိုတဲ့သေဘာပါပဲ။

စီေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝတစ္ေလွ်ာက္မွာ မယုံႏိုင္ေလာက္တဲ့စြမ္းေဆာင္ရည္နဲ႔ေခါင္းတိုက္သြင္းဂိုးေတြအမ်ားႀကီး သြင္းယူခဲ့ၿပီး စုစုေပါင္း(၁၁၀)ဂိုးအထိ သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္းမွာေတာ့ ကစားသမားေတြရဲ႕ျဖတ္တင္ေဘာစြမ္းေဆာင္ရည္အားနည္းမႈနဲ႔အတူ စီေရာ္နယ္လ္ဒိုဟာ အျမင့္ေဘာေတြအသုံးခ်ႏိုင္မႈအပိုင္းမွာ ႐ုန္းကန္ေနရတာပါ။

စစ္တမ္းေတြအရလည္း ယူႏိုက္တက္အသင္းရဲ႕ျဖတ္တင္ေဘာစြမ္းေဆာင္ရည္က ဒီရာသီပရီးမီးယားလိဂ္မွာ ဒုတိယအဆိုး႐ြားဆုံးအသင္းအျဖစ္သတ္မွတ္ခံထားရၿပီး ကိုယ့္လူဆီေရာက္ေအာင္ေပးႏိုင္တာက (၁၄.၈%)သာရွိခဲ့သလို သူတို႔ထက္ပိုဆိုးတာက ခ်ယ္လ္ဆီးတစ္သင္းသာရွိပါေတာ့တယ္။ ဒီရာသီမွာ ရလဒ္ေတြမတည္မၿငိမ္ျဖစ္ေနတဲ့အာဆင္နယ္အသင္းေတာင္ ေဘာလုံးျဖတ္တင္မႈစြမ္းေဆာင္ရည္က ယူႏိုက္တက္၊ ခ်ယ္လ္ဆီးအသင္းတို႔ထက္ပိုေကာင္းခဲ့ၿပီး (၃၀%)အထိရွိခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းမွာ ျဖတ္တင္ေဘာေပးဖို႔ လုခ္ေရွာနဲ႔ဘ႐ူႏိုဖာနန္ဒက္စ္တို႔ႏွစ္ဦးကိုပဲ အားကိုးေနရၿပီး ရပ္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္၊ ဆန္ခ်ိဳတို႔ဟာ ၿပိဳင္ဘက္ပယ္နယ္တီဧရိယာထဲကို အျမင့္ေဘာေပးပို႔ဖို႔ထက္ ဧရိယာအတြင္းကိုသာ ေဘာလုံးဆြဲေျပးဖို႔ပိုအားသန္ေနတာေၾကာင့္ စီေရာ္နယ္လ္ဒို အခု႐ုန္းကန္ေနရတာပဲျဖစ္ပါတယ္။