ပြိုင်ပွဲစုံအဝေးကွင်း ၇ပွဲဆက်အနိုင်ရတဲ့ ဒုတိယမြောက်ချဲလ်ဆီးနည်းပြ လမ်းပတ်

PC ; Internet

၀က်ဖို့ဒ်ကိုအဝေးကွင်းမှာ ၂-၁ဂိုးနဲ့အနိုင်ရပြီးတဲ့နောက် ချဲလ်ဆီးနည်းပြလမ်းပတ်ဟာ အသင်းသမိုင်းမှာအကောင်းဆုံးစံချိန်မှတ်တမ်းတစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းဟာ သြဂုတ်လအတွင်းကစားခဲ့တဲ့ နောဝှစ်ချ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကစလို့ ပြိုင်ပွဲစုံအဝေးကွင်း ၇ပွဲဆက်အနိုင်ရတဲ့မှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ ဒါကြောင့် လမ်းပတ်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀အကြာ ၁၉၈၉ခုနှစ်မှာ ချဲလ်ဆီးကိုပြိုင်ပွဲစုံ ၇ပွဲဆက်အနိုင်ရစေခဲ့တဲ့ နည်းပြဟောင်းဘော်ဘီကမ်းဘဲလ်ရဲ့စံချိန်ကိုလိုက်မီ ခဲ့ပြီဖြစ်ပါတယ်။

PC ; Internet

ချဲလ်ဆီးဟာဝက်ဖို့ဒ်ရဲ့အိမ်ကွင်း ဗီကာရေ့ချ်ရုဒ်မှာ အေဘရာဟမ်၊ ပူလီဆစ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူအနိုင်ရရှိခဲ့တာဖြစ်ပြီး လူငယ်တိုက်စစ်မှူး အေဘရာဟမ်အတွက်တော့ ဒီရာသီပရီးမီးယားလိဂ်အဝေးကွင်း ၆ပွဲမှာ ၇ဂိုးမြောက်သွင်းယူနိုင်ခဲ့တာဖြစ်သလို ဆန်းဒါးလန်းရဲ့ကီဗင်ဖိလစ်၊ မန်စီးတီးရဲ့ဒီဇီကိုနဲ့အဂူရိုတို့လုပ်ပြခဲ့တဲ့ ရာသီအဖွင့်လိဂ်အဝေးကွင်း ၆ပွဲမှာ ၈ဂိုးသွင်းခဲ့တဲ့စံချိန်တွေပြီးရင် အေဘရာဟမ်ရဲ့မှတ်တမ်းက အကောင်းဆုံးဖြစ်နေပါတယ်။

PC ; Getty

အေဘရာဟမ်သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို ကွင်းလယ်လူဂျော်ဂျင်ဟိုက ဖန်တီးပေးခဲ့တာဖြစ်ပြီး အီတလီကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီနည်းပြဆာရီလက်ထက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဖန်တီးမှုတစ်ကြိမ်တောင် မလုပ်နိုင်ခဲ့သူဖြစ်နေပါတယ်။ ဂျော်ဂျင်ဟိုဟာ ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ ဒီရာသီပရီးမီးယားလိဂ် အဝါကတ်၅ကြိမ်ပြည့်ခဲ့တဲ့အတွက် အေဂျက်ဇ်နဲ့ချန်ပီယံလိဂ်ပွဲအပြီးကစားရမယ့် ပဲလေ့စ်နဲ့လန်ဒန်ဒါဘီပွဲစဉ်ကို လွဲချော်ရဖို့ရှိနေပြီး မန်စီးတီးနဲ့အဝေးကွင်းပွဲစဉ်အရောက်မှသာ ပြန်ကစားခွင့်ရမှာဖြစ်ပါတယ်။

(zawgyi)

၀က္ဖို႔ဒ္ကိုအေ၀းကြင္းမွာ ၂-၁ဂိုးနဲ႔အႏိုင္ရၿပီးတဲ့ေနာက္ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ဟာ အသင္းသမိုင္းမွာအေကာင္းဆံုးစံခ်ိန္မွတ္တမ္းတစ္ခု စိုက္ထူႏိုင္ခဲ့ပါတယ္။ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းဟာ ၾသဂုတ္လအတြင္းကစားခဲ့တဲ့ ေနာ၀ွစ္ခ်္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္ကစလို႔ ျပိဳင္ပြဲစံုအေ၀းကြင္း ၇ပြဲဆက္အႏိုင္ရတဲ့မွတ္တမ္းကို ပိုင္ဆိုင္ႏိုင္ခဲ့တာပါ။ ဒါေၾကာင့္ လမ္းပတ္ဟာ လြန္ခဲ့တဲ့ ႏွစ္ ၃၀အၾကာ ၁၉၈၉ခုႏွစ္မွာ ခ်ဲလ္ဆီးကိုျပိဳင္ပြဲစံု ၇ပြဲဆက္အႏိုင္ရေစခဲ့တဲ့ နည္းျပေဟာင္းေဘာ္ဘီကမ္းဘဲလ္ရဲ႕စံခ်ိန္ကိုလိုက္မီ ခဲ့ျပီျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ၀က္ဖို႔ဒ္ရဲ႕အိမ္ကြင္း ဗီကာေရ႕ခ်္ရုဒ္မွာ ေအဘရာဟမ္၊ ပူလီဆစ္တို႔ရဲ႕သြင္းဂိုးေတြနဲ႔အတူအႏိုင္ရရွိခဲ့တာျဖစ္ျပီး လူငယ္တိုက္စစ္မွဴး ေအဘရာဟမ္အတြက္ေတာ့ ဒီရာသီပရီးမီးယားလိဂ္အေ၀းကြင္း ၆ပြဲမွာ ၇ဂိုးေျမာက္သြင္းယူႏိုင္ခဲ့တာျဖစ္သလို ဆန္းဒါးလန္းရဲ႕ကီဗင္ဖိလစ္၊ မန္စီးတီးရဲ႕ဒီဇီကိုနဲ႔အဂူရိုတို႔လုပ္ျပခဲ့တဲ့ ရာသီအဖြင့္လိဂ္အေ၀းကြင္း ၆ပြဲမွာ ၈ဂိုးသြင္းခဲ့တဲ့စံခ်ိန္ေတြျပီးရင္ ေအဘရာဟမ္ရဲ႕မွတ္တမ္းက အေကာင္းဆံုးျဖစ္ေနပါတယ္။ ေအဘရာဟမ္သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးကို ကြင္းလယ္လူေဂ်ာ္ဂ်င္ဟိုက ဖန္တီးေပးခဲ့တာျဖစ္ျပီး အီတလီကြင္းလယ္လူဟာ ျပီးခဲ့တဲ့ရာသီနည္းျပဆာရီလက္ထက္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ဖန္တီးမႈတစ္ၾကိမ္ေတာင္ မလုပ္ႏိုင္ခဲ့သူျဖစ္ေနပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟာ ၀က္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ ဒီရာသီပရီးမီးယားလိဂ္ အ၀ါကတ္္၅ၾကိမ္ျပည့္ခဲ့တဲ့အတြက္ ေအဂ်က္ဇ္နဲ႔ခ်န္ပီယံလိဂ္ပြဲအျပီးကစားရမယ့္ ပဲေလ့စ္နဲ႔လန္ဒန္ဒါဘီပြဲစဥ္ကို လြဲေခ်ာ္ရဖို႔ရွိေနျပီး မန္စီးတီးနဲ႔အေ၀းကြင္းပြဲစဥ္အေရာက္မွသာ ျပန္ကစားခြင့္ရမွာျဖစ္ပါတယ္။