ပြိုင်ပွဲကြီးတွေရဲ့ဗိုလ်လုပွဲမှာ တစ်ခါမှမရှုံးဖူးတဲ့ဗာရန်းက ယူနိုက်တက်အတွက် ကံကောင်းမှုတွေယူဆောင်လာနိုင်မလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားလက်ထက် ပြိုင်ပွဲစုံမှာ ဆီမီးဖိုင်နယ်(၄)ကြိမ်၊ ဗိုလ်လုပွဲ(၁)ကြိမ်တက်ရောက်ခဲ့ပြီး

ပွဲတိုင်းရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပြီးခဲ့တဲ့ရာသီက အဆင့်(၂)၊ ၂၀၁၉-၂၀ ရာသီမှာ အဆင့်(၃)နေရာတွေသာရရှိခဲ့တာကြောင့် အခုအချိန်အထိ ဆုဖလားတစ်ခုမှ မရသေးပါဘူး။

ယူနိုက်တက်အသင်းဆိုတာက ဆုဖလားအောင်မြင်မှုတွေနဲ့ အချိန်အကြာကြီးဝေးကွာလေ့ရှိတဲ့အသင်းမဟုတ်တဲ့အတွက် ဆိုးလ်ရှားအနေနဲ့

လာမယ့်ရာသီမှာ ဆုဖလားတစ်ခုခုရယူပေးဖို့ လိုအပ်နေပေမယ့် လက်ရှိယူနိုက်တက်ကစားသမားတွေထဲမှာ အဓိကဆုဖလားကိုင်မြှောက်နိုင်ခဲ့သူအရေအတွက်က လက်တစ်ဖက်စာတောင်မရှိပါဘူး။

အဲဒါကြောင့်ပဲ နိုင်ငံနဲ့ကလပ်အသင်းမှာ ဖလားတွေတစ်ခုပြီးတစ်ခုယူနေတဲ့ ပြင်သစ်နောက်ခံလူဗာရန်းကို ယူနိုက်တက်အသင်း ခေါ်ယူဖို့နီးစပ်နေပြီဆိုတဲ့သတင်းက ယူနိုက်တက်ပရိသတ်တွေအတွက် အားတက်စရာဖြစ်နေတာပါပဲ။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာရန်းဟာ ဆုဖလားတွေကိုင်မြှောက်ဖို့အတွက်ဖြစ်တည်လာတဲ့သူလို့ သတ်မှတ်ရလောက်တဲ့အထိ သူ မရဖူးတဲ့ဖလားဆိုတာ မရှိတော့ပါဘူး။

နောက်ပြီး ရီးယဲလ်အသင်းအတွက်ကစားခဲ့တဲ့ ပြိုင်ပွဲကြီးအဆင့်ဗိုလ်လုပွဲ(၁၂)ပွဲမှာ ပွဲတိုင်းအနိုင်ရခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံဆုရယူခဲ့တာကြောင့် ဗိုလ်လုပွဲဆိုရင် ကံကောင်းလေ့ရှိတဲ့ကစားသမားတစ်ဦးလို့ ဆိုရမှာပါ။

အေးဆေးတည်ငြိမ်တဲ့အကျင့်စရိုက်ကြောင့် ရီးယဲလ်အသင်းမှာ ရာမို့စ်၊ မာဆယ်လိုတို့လောက် နာမည်မထွက်ပေမယ့် သူ့ရဲ့အရည်အသွေး၊

ချန်ပီယံအကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတဲ့ အောင်မြင်မှုမှတ်တမ်းတွေက ယူနိုက်တက်အသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ ကစားသမားတွေကို ဦးဆောင်မှုပေးနိုင်တဲ့ကစားသမားကောင်းတစ်ဦးဖြစ်ပါတယ်။

ဒ့ါအပြင် ယူနိုက်တက်အသင်းမှာ လိုနေတာကလည်း ဆုဖလားတွေအကြိမ်ကြိမ်ကိုင်မြှောက်ဖူးတဲ့ အတွေ့အကြုံရင့်ကစားသမားတစ်ဦးဖြစ်ပြီး အဲဒီကွက်လပ်ကို ဗာရန်းက အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မှာပါ။

ကစားသမားဘဝတစ်လျှောက် လာလီဂါ(၃)ကြိမ်၊ စပိန်ဘုရင့်ဖလား(၁)ကြိမ်၊ စပိန်စူပါဖလား(၃)ကြိမ်၊ ချန်ပီယံလိဂ်(၄)ကြိမ်၊ ဥရောပစူပါဖလား(၃)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၄)ကြိမ်၊ ကမ္ဘာ့ဖလား(၁)ကြိမ်ရခဲ့တဲ့ မှတ်တမ်းကို လက်ရှိယူနိုက်တက်ကစားသမားတွေ အားလုံးပေါင်းရင်တောင် မီနိုင်ဖို့မရှိပါဘူး။

အခုလောလောဆယ် ဗာရန်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ ၂၀၂၆ ခုနှစ်အထိစာချုပ်ချုပ်ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးကိစ္စမှာ နှစ်ဖက်အသင်းအကြား ညှိနှိုင်းမရသေးလို့ အပြောင်းအရွှေ့က ကြန့်ကြာနေတာပါ။

ဘာပဲဖြစ်ဖြစ် ဗာရန်းသာ ယူနိုက်တက်အသင်းဆီရောက်လာခဲ့ရင်တော့ (၄)နှစ်ကြာဆုဖလားလက်မဲ့ဖြစ်နေတဲ့ ယူနိုက်တက်အသင်းအတွက် လာမယ့်ရာသီမှာ အဲဒီမှတ်တမ်းဆိုးကို ရပ်တန့်နိုင်ဖို့ မျှော်လင့်ချက်ပိုရှိသွားပြီလို့ပဲပြောရတော့မှာပါ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပိဳင္ပြဲႀကီးေတြရဲ႕ဗိုလ္လုပြဲမွာ တစ္ခါမွမရႈံးဖူးတဲ့ဗာရန္းက ယူႏိုက္တက္အတြက္ ကံေကာင္းမႈေတြယူေဆာင္လာႏိုင္မလား?

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပဆိုးလ္ရွားလက္ထက္ ၿပိဳင္ပြဲစုံမွာ ဆီမီးဖိုင္နယ္(၄)ႀကိမ္၊ ဗိုလ္လုပြဲ(၁)ႀကိမ္တက္ေရာက္ခဲ့ၿပီး ပြဲတိုင္းရႈံးနိမ့္ခဲ့သလို ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာလည္း ၿပီးခဲ့တဲ့ရာသီက အဆင့္(၂)၊ ၂၀၁၉-၂၀ ရာသီမွာ အဆင့္(၃)ေနရာေတြသာရရွိခဲ့တာေၾကာင့္ အခုအခ်ိန္အထိ ဆုဖလားတစ္ခုမွ မရေသးပါဘူး။ ယူႏိုက္တက္အသင္းဆိုတာက ဆုဖလားေအာင္ျမင္မႈေတြနဲ႔ အခ်ိန္အၾကာႀကီးေဝးကြာေလ့ရွိတဲ့အသင္းမဟုတ္တဲ့အတြက္ ဆိုးလ္ရွားအေနနဲ႔ လာမယ့္ရာသီမွာ ဆုဖလားတစ္ခုခုရယူေပးဖို႔ လိုအပ္ေနေပမယ့္ လက္ရွိယူႏိုက္တက္ကစားသမားေတြထဲမွာ အဓိကဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့သူအေရအတြက္က လက္တစ္ဖက္စာေတာင္မရွိပါဘူး။

အဲဒါေၾကာင့္ပဲ ႏိုင္ငံနဲ႔ကလပ္အသင္းမွာ ဖလားေတြတစ္ခုၿပီးတစ္ခုယူေနတဲ့ ျပင္သစ္ေနာက္ခံလူဗာရန္းကို ယူႏိုက္တက္အသင္း ေခၚယူဖို႔နီးစပ္ေနၿပီဆိုတဲ့သတင္းက ယူႏိုက္တက္ပရိသတ္ေတြအတြက္ အားတက္စရာျဖစ္ေနတာပါပဲ။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဗာရန္းဟာ ဆုဖလားေတြကိုင္ေျမႇာက္ဖို႔အတြက္ျဖစ္တည္လာတဲ့သူလို႔ သတ္မွတ္ရေလာက္တဲ့အထိ သူ မရဖူးတဲ့ဖလားဆိုတာ မရွိေတာ့ပါဘူး။ ေနာက္ၿပီး ရီးယဲလ္အသင္းအတြက္ကစားခဲ့တဲ့ ၿပိဳင္ပြဲႀကီးအဆင့္ဗိုလ္လုပြဲ(၁၂)ပြဲမွာ ပြဲတိုင္းအႏိုင္ရခဲ့သလို ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္း ျပင္သစ္အသင္းနဲ႔အတူ ခ်န္ပီယံဆုရယူခဲ့တာေၾကာင့္ ဗိုလ္လုပြဲဆိုရင္ ကံေကာင္းေလ့ရွိတဲ့ကစားသမားတစ္ဦးလို႔ ဆိုရမွာပါ။

ေအးေဆးတည္ၿငိမ္တဲ့အက်င့္စ႐ိုက္ေၾကာင့္ ရီးယဲလ္အသင္းမွာ ရာမို႔စ္၊ မာဆယ္လိုတို႔ေလာက္ နာမည္မထြက္ေပမယ့္ သူ႔ရဲ႕အရည္အေသြး၊ ခ်န္ပီယံအႀကိမ္ႀကိမ္ျဖစ္ခဲ့ဖူးတဲ့ ေအာင္ျမင္မႈမွတ္တမ္းေတြက ယူႏိုက္တက္အသင္းရဲ႕အဝတ္လဲခန္းအတြင္းမွာ ကစားသမားေတြကို ဦးေဆာင္မႈေပးႏိုင္တဲ့ကစားသမားေကာင္းတစ္ဦးျဖစ္ပါတယ္။ ဒ့ါအျပင္ ယူႏိုက္တက္အသင္းမွာ လိုေနတာကလည္း ဆုဖလားေတြအႀကိမ္ႀကိမ္ကိုင္ေျမႇာက္ဖူးတဲ့ အေတြ႕အႀကဳံရင့္ကစားသမားတစ္ဦးျဖစ္ၿပီး အဲဒီကြက္လပ္ကို ဗာရန္းက အေကာင္းဆုံးျဖည့္ဆည္းေပးႏိုင္မွာပါ။

ကစားသမားဘဝတစ္ေလွ်ာက္ လာလီဂါ(၃)ႀကိမ္၊ စပိန္ဘုရင့္ဖလား(၁)ႀကိမ္၊ စပိန္စူပါဖလား(၃)ႀကိမ္၊ ခ်န္ပီယံလိဂ္(၄)ႀကိမ္၊ ဥေရာပစူပါဖလား(၃)ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား(၄)ႀကိမ္၊ ကမာၻ႔ဖလား(၁)ႀကိမ္ရခဲ့တဲ့ မွတ္တမ္းကို လက္ရွိယူႏိုက္တက္ကစားသမားေတြ အားလုံးေပါင္းရင္ေတာင္ မီႏိုင္ဖို႔မရွိပါဘူး။ အခုေလာေလာဆယ္ ဗာရန္းနဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ ၂၀၂၆ ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဖို႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရခဲ့ၿပီျဖစ္ေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးကိစၥမွာ ႏွစ္ဖက္အသင္းအၾကား ညႇိႏႈိင္းမရေသးလို႔ အေျပာင္းအေ႐ႊ႕က ၾကန႔္ၾကာေနတာပါ။

ဘာပဲျဖစ္ျဖစ္ ဗာရန္းသာ ယူႏိုက္တက္အသင္းဆီေရာက္လာခဲ့ရင္ေတာ့ (၄)ႏွစ္ၾကာဆုဖလားလက္မဲ့ျဖစ္ေနတဲ့ ယူႏိုက္တက္အသင္းအတြက္ လာမယ့္ရာသီမွာ အဲဒီမွတ္တမ္းဆိုးကို ရပ္တန႔္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ပိုရွိသြားၿပီလို႔ပဲေျပာရေတာ့မွာပါ . . . .