ပြိုင်ပွဲကထွက်ခဲ့ရတဲ့အပြင် ဆိုးရွားတဲ့မှတ်တမ်းတွေပါ ပိုင်ဆိုင်ခဲ့တဲ့ ပေါ်တူဂီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုလက်ရှိချန်ပီယံပေါ်တူဂီအသင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲရှုံးထွက်(၁၆)သင်းအဆင့်မှာ ဘယ်လ်ဂျီယံကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရသလို စိတ်ပျက်စရာမှတ်တမ်းဆိုးတွေကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒို ဦးဆောင်တဲ့ပေါ်တူဂီအသင်းဟာ ယူရို-၂၀၀၈၊ ယူရို-၂၀၁၂ ပြိုင်ပွဲတွေမှာ စပိန်အသင်း နှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ယူရိုနှစ်ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းအဖြစ်

မှတ်တမ်းဝင်နိုင်အောင် ပစ်မှတ်ထားခဲ့ပေမယ့် ဘယ်လ်ဂျီနဲ့ပွဲမှာ နောက်ခံလူ သော်ဂန်ဟာဇက်ရဲ့ လှပတဲ့အဝေးကန်ချက်နဲ့သွင်းယူခဲ့တဲ့ဂိုးကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု (၂၃)ကြိမ်အထိရှိခဲ့ပြီး ဒါက လက်ရှိယူရိုပြိုင်ပွဲမှာ တစ်ပွဲတည်း ဂိုးပေါက်ကန်သွင်းမှုအများဆုံးပြုလုပ်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် ချေပဂိုးမရခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။

ယူရို-၂၀၂၀ ပြိုင်ပွဲတစ်လျှောက်မှာ ပေါ်တူဂီအသင်း (၄)ပွဲကစားခဲ့ပြီး တစ်ပွဲသာအနိုင်ရခဲ့တာက နှစ်ပေါင်း(၃၀)ကျော်အတွင်း အဆိုးရွားဆုံးမှတ်တမ်းဖြစ်ခဲ့ပါတယ်။

အုပ်စုတွင်းမှာ ဟန်ဂေရီကို အနိုင်ယူခဲ့ပေမယ့် ဂျာမနီကို ဂိုးပြတ်ရှုံး၊ ပြင်သစ်နဲ့သရေကျခဲ့ပြီး အခု ဘယ်လ်ဂျီယံကို ထပ်မံရှုံးနိမ့်ခဲ့တာပါ။

ပေါ်တူဂီအသင်းရဲ့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ၁၉၈၄ ခုနှစ်ပြိုင်ပွဲတုန်းက

(၄)ပွဲကစား၊ (၁)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း (၃၇)နှစ်အကြာမှာ ပေါ်တူဂီအသင်း ဆိုးရွားတဲ့မှတ်တမ်းတစ်ခုကို ပြန်လည်ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံတို့ဟာ နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပေါ်တူဂီအသင်းက အရေးနိမ့်ခဲ့သလို ၁၉၈၉ ခုနှစ်တုန်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်

အဝေးကွင်းမှာ ဘယ်လ်ဂျီယံကို (၃)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ၂၁ ရာစုအတွင်း ဘယ်လ်ဂျီယံအသင်းကို ရှုံးပွဲမရှိတဲ့မှတ်တမ်းကလည်း အဆုံးသတ်သွားခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပိဳင္ပြဲကထြက္ခဲ့ရတဲ့အျပင္ ဆိုး႐ြားတဲ့မွတ္တမ္းေတြပါ ပိုင္ဆိုင္ခဲ့တဲ့ ေပၚတူဂီ

ယူ႐ိုလက္ရွိခ်န္ပီယံေပၚတူဂီအသင္းဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရႈံးထြက္(၁၆)သင္းအဆင့္မွာ ဘယ္လ္ဂ်ီယံကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကထြက္ခဲ့ရသလို စိတ္ပ်က္စရာမွတ္တမ္းဆိုးေတြကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒို ဦးေဆာင္တဲ့ေပၚတူဂီအသင္းဟာ ယူ႐ို-၂၀၀၈၊ ယူ႐ို-၂၀၁၂ ၿပိဳင္ပြဲေတြမွာ စပိန္အသင္း ႏွစ္ႀကိမ္ဆက္ဗိုလ္စြဲခဲ့ၿပီးေနာက္ပိုင္း ယူ႐ိုႏွစ္ႀကိမ္ဆက္ ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းအျဖစ္ မွတ္တမ္းဝင္ႏိုင္ေအာင္ ပစ္မွတ္ထားခဲ့ေပမယ့္ ဘယ္လ္ဂ်ီနဲ႔ပြဲမွာ ေနာက္ခံလူ ေသာ္ဂန္ဟာဇက္ရဲ႕ လွပတဲ့အေဝးကန္ခ်က္နဲ႔သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီအသင္းဟာ ဘယ္လ္ဂ်ီယံနဲ႔ပြဲမွာ ဂိုးေပါက္ကန္သြင္းမႈ (၂၃)ႀကိမ္အထိရွိခဲ့ၿပီး ဒါက လက္ရွိယူ႐ိုၿပိဳင္ပြဲမွာ တစ္ပြဲတည္း ဂိုးေပါက္ကန္သြင္းမႈအမ်ားဆုံးျပဳလုပ္ခဲ့တဲ့အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ေပမယ့္ ေခ်ပဂိုးမရခဲ့တာကေတာ့ စိတ္ပ်က္စရာပါပဲ။

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ေပၚတူဂီအသင္း (၄)ပြဲကစားခဲ့ၿပီး တစ္ပြဲသာအႏိုင္ရခဲ့တာက ႏွစ္ေပါင္း(၃၀)ေက်ာ္အတြင္း အဆိုး႐ြားဆုံးမွတ္တမ္းျဖစ္ခဲ့ပါတယ္။ အုပ္စုတြင္းမွာ ဟန္ေဂရီကို အႏိုင္ယူခဲ့ေပမယ့္ ဂ်ာမနီကို ဂိုးျပတ္ရႈံး၊ ျပင္သစ္နဲ႔သေရက်ခဲ့ၿပီး အခု ဘယ္လ္ဂ်ီယံကို ထပ္မံရႈံးနိမ့္ခဲ့တာပါ။

ေပၚတူဂီအသင္းရဲ႕ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ ၁၉၈၄ ခုႏွစ္ၿပိဳင္ပြဲတုန္းက (၄)ပြဲကစား၊ (၁)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၁)ပြဲရႈံးရလဒ္ထြက္ေပၚခဲ့ၿပီးေနာက္ပိုင္း (၃၇)ႏွစ္အၾကာမွာ ေပၚတူဂီအသင္း ဆိုး႐ြားတဲ့မွတ္တမ္းတစ္ခုကို ျပန္လည္ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီနဲ႔ ဘယ္လ္ဂ်ီယံတို႔ဟာ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ပထမဆုံးအႀကိမ္ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ေပၚတူဂီအသင္းက အေရးနိမ့္ခဲ့သလို ၁၉၈၉ ခုႏွစ္တုန္းက ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ အေဝးကြင္းမွာ ဘယ္လ္ဂ်ီယံကို (၃)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၂၁ ရာစုအတြင္း ဘယ္လ္ဂ်ီယံအသင္းကို ရႈံးပြဲမရွိတဲ့မွတ္တမ္းကလည္း အဆုံးသတ္သြားခဲ့ပါၿပီ။