ပြစ်ဒဏ်ဘောမပေးခဲ့တဲ့ ဒိုင်လူကြီးကို ဆိုးလ်ရှားဝေဖန်ခဲ့ပြီး ‘ရပ်ဘီပွဲနဲ့တူနေပြီလို့’ပြစ်တင်စကားဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆောက်သမ်တန်နဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ဒိုင်လူကြီးတွေကို ပြစ်ဒဏ်ဘောပေးတာနဲ့ပတ်သက်လို့ အရင်လို လွယ်လွယ်ကူကူမပေးဖို့ ညွှန်ကြားထားတဲ့ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်အပေါ် မကျေမနပ်ဖြစ်နေပါတယ်။

အခုအနေအထားအရ ဒိုင်လူကြီးတွေဟာ ကစားသမားတွေကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှ Foul ပေးမယ့်သဘောရှိတာကြောင့် ဆိုးလ်ရှားက ဘောလုံးပွဲတွေဟာ

မနှစ်က ဘော်လီဘော၊ ဘက်စကတ်ဘောတွေလိုကစားခဲ့တာကနေ ဒီရာသီမှာတော့ ရပ်ဘီလို ခပ်ကြမ်းကြမ်းကစားမယ့်သဘောရှိနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းအတွက်အဖွင့်ဂိုးက ပထမပိုင်းမှာ တိုက်စစ်မှူးအဒမ်စ်ရဲ့ကန်ချက်ဟာ ဖရက်ဒ်နဲ့ထိပြီးတော့လမ်းကြောင်းပြောင်းဂိုးဝင်သွားတာဖြစ်ပြီး

အဲဒီမတိုင်ခင် ဘရူနိုဖာနန်ဒက်စ်ကို ဆောက်သမ်တန်နောက်ခံလူစတီဖင် ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ဒိုင်လူကြီးခရိတ်ပေါ်ဆင်က ပြစ်ဒဏ်ဘောမပေးခဲ့ပါဘူး။

ယူနိုက်တက်အသင်းအတွက် လူငယ်တိုက်စစ်ကစားသမားဂရင်းဝုဒ်က ချေပဂိုးသွင်းယူခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ပွဲစဉ်(၂)မှာပဲ ယူနိုက်တက်အသင်း အမှတ်စလျော့ခဲ့ပါတယ်။

အဲဒီပွဲအပြီး ဆိုးလ်ရှားက “ကျွန်တော်တို့ အခုထက်ပိုကောင်းအောင်စွမ်းဆောင်နိုင်သင့်ပါတယ်။

Foul မပေးရင်လည်း ပြိုင်ဘက်ကစားသမား ဂိုးပေါက်ကန်သွင်းလို့မရအောင် ကစားသမားတွေ Block လုပ်ရမှာပါ။

ဝမ်းနည်းစရာကောင်းတာက ဒါက သေချာပေါက် ပြစ်ဒဏ်ဘောပေးရမယ့်လုပ်ရပ်ဖြစ်ပါတယ်။

သူ(စတီဖင်)က ဘရူနိုဖာနန်ဒက်စ်ကို တစ်ကိုယ်လုံးပစ်ဝင်ပြီး တားဆီးခဲ့တာဖြစ်ပါတယ်။

ဘောလုံးပွဲတွေဟာ မနှစ်တုန်းက ဘော်လီဘော၊ ဘက်စကတ်ဘောလို ကစားတာကနေ အခုတော့ ရပ်ဘီကစားနည်းလိုဖြစ်လာပါပြီ။

ပြစ်ဒဏ်ဘောတွေကို လွယ်လွယ်ကူကူမပေးတာ ကျွန်တော်ထောက်ခံပေမယ့် ဒါက သေချာပေါက် Foul ပေးရမယ့်ဖြစ်ရပ်ပါပဲ။

ဆောက်သမ်တန်အသင်းနည်းပြဟာဆန်ဟက်တယ်လ်ကတော့ “သာမန်ဘောလုံးဖျက်ထုတ်မှုတွေကို ပြစ်ဒဏ်ဘောမပေးတာ ကျွန်တော်ကြိုက်ပါတယ်။

ကျွန်တော်တို့အသင်း အပြင်းအထန်တိုက်စစ်ဆင်ချိန်မှာ ဒိုင်လူကြီးက မျက်နှာသာပေးခဲ့တာဖြစ်ပြီး ပြိုင်ဘက်နဲ့ထိတိုင်း Foul မပေးခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။

အဲဒါကြောင့်ပဲ ပရီးမီးယားလိဂ်ဆိုတာက တခြားလိဂ်ပြိုင်ပွဲတွေထက် ပိုအကြိတ်အနယ်ရှိတယ်ဆိုပြီး လူတွေကသတ်မှတ်ထားကြတာဖြစ်ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျပစ္ဒဏ္ေဘာမေပးခဲ့တဲ့ ဒိုင္လူႀကီးကို ဆိုးလ္ရွားေဝဖန္ခဲ့ၿပီး ‘ရပ္ဘီပြဲနဲ႔တူေနၿပီလို႔’ျပစ္တင္စကားဆို

ေဆာက္သမ္တန္နဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ ဒိုင္လူႀကီးေတြကို ျပစ္ဒဏ္ေဘာေပးတာနဲ႔ပတ္သက္လို႔ အရင္လို လြယ္လြယ္ကူကူမေပးဖို႔ ၫႊန္ၾကားထားတဲ့ ပရီးမီးယားလိဂ္ေဘာလုံးအဖြဲ႕ခ်ဳပ္အေပၚ မေက်မနပ္ျဖစ္ေနပါတယ္။ အခုအေနအထားအရ ဒိုင္လူႀကီးေတြဟာ ကစားသမားေတြကို ၾကမ္းၾကမ္းတမ္းတမ္းဖ်က္ထုတ္မွ Foul ေပးမယ့္သေဘာရွိတာေၾကာင့္ ဆိုးလ္ရွားက ေဘာလုံးပြဲေတြဟာ မႏွစ္က ေဘာ္လီေဘာ၊ ဘက္စကတ္ေဘာေတြလိုကစားခဲ့တာကေန ဒီရာသီမွာေတာ့ ရပ္ဘီလို ခပ္ၾကမ္းၾကမ္းကစားမယ့္သေဘာရွိေနတယ္လို႔ ေဝဖန္ခဲ့ပါတယ္။

ေဆာက္သမ္တန္အသင္းအတြက္အဖြင့္ဂိုးက ပထမပိုင္းမွာ တိုက္စစ္မႉးအဒမ္စ္ရဲ႕ကန္ခ်က္ဟာ ဖရက္ဒ္နဲ႔ထိၿပီးေတာ့လမ္းေၾကာင္းေျပာင္းဂိုးဝင္သြားတာျဖစ္ၿပီး အဲဒီမတိုင္ခင္ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေဆာက္သမ္တန္ေနာက္ခံလူစတီဖင္ ျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမယ့္ ဒိုင္လူႀကီးခရိတ္ေပၚဆင္က ျပစ္ဒဏ္ေဘာမေပးခဲ့ပါဘူး။ ယူႏိုက္တက္အသင္းအတြက္ လူငယ္တိုက္စစ္ကစားသမားဂရင္းဝုဒ္က ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ လိုအပ္တဲ့အႏိုင္ဂိုးထပ္မသြင္းႏိုင္ခဲ့လို႔ ပြဲစဥ္(၂)မွာပဲ ယူႏိုက္တက္အသင္း အမွတ္စေလ်ာ့ခဲ့ပါတယ္။

အဲဒီပြဲအၿပီး ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔ အခုထက္ပိုေကာင္းေအာင္စြမ္းေဆာင္ႏိုင္သင့္ပါတယ္။ Foul မေပးရင္လည္း ၿပိဳင္ဘက္ကစားသမား ဂိုးေပါက္ကန္သြင္းလို႔မရေအာင္ ကစားသမားေတြ Block လုပ္ရမွာပါ။ ဝမ္းနည္းစရာေကာင္းတာက ဒါက ေသခ်ာေပါက္ ျပစ္ဒဏ္ေဘာေပးရမယ့္လုပ္ရပ္ျဖစ္ပါတယ္။ သူ(စတီဖင္)က ဘ႐ူႏိုဖာနန္ဒက္စ္ကို တစ္ကိုယ္လုံးပစ္ဝင္ၿပီး တားဆီးခဲ့တာျဖစ္ပါတယ္။

ေဘာလုံးပြဲေတြဟာ မႏွစ္တုန္းက ေဘာ္လီေဘာ၊ ဘက္စကတ္ေဘာလို ကစားတာကေန အခုေတာ့ ရပ္ဘီကစားနည္းလိုျဖစ္လာပါၿပီ။ ျပစ္ဒဏ္ေဘာေတြကို လြယ္လြယ္ကူကူမေပးတာ ကြၽန္ေတာ္ေထာက္ခံေပမယ့္ ဒါက ေသခ်ာေပါက္ Foul ေပးရမယ့္ျဖစ္ရပ္ပါပဲ။ ေဆာက္သမ္တန္အသင္းနည္းျပဟာဆန္ဟက္တယ္လ္ကေတာ့ “သာမန္ေဘာလုံးဖ်က္ထုတ္မႈေတြကို ျပစ္ဒဏ္ေဘာမေပးတာ ကြၽန္ေတာ္ႀကိဳက္ပါတယ္။ ကြၽန္ေတာ္တို႔အသင္း အျပင္းအထန္တိုက္စစ္ဆင္ခ်ိန္မွာ ဒိုင္လူႀကီးက မ်က္ႏွာသာေပးခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္နဲ႔ထိတိုင္း Foul မေပးခဲ့တဲ့အတြက္ ဝမ္းေျမာက္မိပါတယ္။ အဲဒါေၾကာင့္ပဲ ပရီးမီးယားလိဂ္ဆိုတာက တျခားလိဂ္ၿပိဳင္ပြဲေတြထက္ ပိုအႀကိတ္အနယ္ရွိတယ္ဆိုၿပီး လူေတြကသတ္မွတ္ထားၾကတာျဖစ္ပါတယ္”လို႔ တုံ႔ျပန္ခဲ့ပါတယ္။