ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ထိပ်တန်းအဆင့်ရောက်အောင် ကြိုးပမ်းခဲ့သူ မာနေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အောင်မြင်မှုဆိုတာက လူတိုင်းလိုချင်တက်မက်ကြတဲ့ အရာတစ်ခုပါ။ အောင်မြင်မှုပန်းတိုင်ဆီ ရောက်အောင် လျှောက်လှမ်းကြတဲ့နေရာမှာ တချို့က ဖြစ်ချင်တဲ့အတိုင်း ပန်းတိုင်ဆီအရောက်သွားနိုင်ခဲ့ပေမယ့် တချို့ကြတော့လည်း လမ်းတစ်ဝက်မှာပဲ တပ်ခေါက်ပြန်ခဲ့ရသူတွေလည်း အများကြီးပါပဲ။

အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူတွေအကြား ကွာခြားချက်က အခက်အခက်၊ စိန်ခေါ်မှုတွေကို အလွယ်တကူ လက်ခံလိုက်တာနဲ့ အားမလျော့တမ်း စိတ်ဓာတ်ပြင်းပြင်း ရှေ့ဆက်လျှောက်ရဲတဲ့ ဇွဲ၊ သတ္တိရှိမှုပဲဖြစ်ပါလိမ့်မယ်။ အခု လီဗာပူးလ်တိုက်စစ်ကစားသမား မာနေးလိုပေါ့။

အောက်ခြေက စခဲ့ရတဲ့ ဘောလုံးသမားတွေရဲ့ ထုံးစံအတိုင်း ဒီလိုအဆင့်မျိုးရောက်အောင် လျှောက်လှမ်းခဲ့ရတဲ့ မာနေးရဲ့ ခရီးက ကြမ်းတမ်းလွန်းခဲ့တယ်။ဆယ်ကျော်သက်ဘဝကတည်းက ဘောလုံးသမားဖြစ်ချင်လွန်းခဲ့ပေမယ့် မိဘတွေက ကျောင်းတက်ဖို့ပဲ ဖိအားပေးခဲ့တာကြောင့် တစ်ချိန်ကျရင် နာမည်ကျော်ဘောလုံးသမားဖြစ်အောင် လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်နဲ့အတူ အသက်(၁၆)နှစ်အရွယ်မှာ အဝတ်အစားတွေယူပြီး အိမ်ကထွက်ပြေးခဲ့တယ်။

သူ့ရဲ့ ရည်မှန်းချက်က ဒါကာမြို့ကို သွားမယ်၊ အဲဒီမှာ ဘောလုံးသမားဖြစ်အောင် ကြိုးစားမယ်ဆိုတာပါပဲ။ သူ့အစီအစဉ်ကို အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးကိုပဲ ပြောပြခဲ့ပြီး ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်လျှောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန် မာနေးရဲ့ လက်ထက်မှာ ငွေဆိုလို့ ခြူးတစ်ပြားမှ မရှိပါဘူး။

“ကျွန်တော့် လက်ထဲမှာ ငွေတစ်ပြားမှ မရှိပေမယ့် အိမ်ကထွက်ပြေးဖို့ အဆင်သင့်ပြင်ခဲ့တယ်။ မနက်မိုးလင်းခါနီးမှာ ကျွန်တော့် အဝတ်အစားထုတ်ကို အိမ်ရှေ့က မြက်ပင်ရှည်တွေကြားမှာ ဝှက်ထားခဲ့ပါတယ်။ နောက်နေ့ မနက်ကျတော့ သွားတိုက်ပြီး ရေတောင်မချိုးဘဲ တစ်ခါတည်း လစ်ထွက်ခဲ့တာပါပဲ။ အဲဒီအစီအစဉ်ကို ကျွန်တော့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းက လွဲလို့ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။

ဒါကာကို သွားမယ့် ကားခရဖို့အတွက် ကျွန်တော့် သူငယ်ချင်းရှိတဲ့နေရာကို အကြာကြီးလမ်းလျှောက်ခဲ့ရပါသေးတယ်။

မရေရာတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းဖို့ သန္နိဌာန်ချခဲ့သူ မာနေးအတွက် ကံကောင်းတာက ဒါကာမြို့မှာ နေဖို့ နေစရာတစ်ခု ရခဲ့တာဖြစ်ပြီး အဲဒီကမှ အသင်းတွေနဲ့ ချိတ်ဆက် လေ့ကျင့်ခန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မာနေး မိဘတွေကတော့ သားဖြစ်သူပျောက်သွားလို့ ခေါင်းမီးတောက်နေပြီး သူ့ သူငယ်ချင်းကို ဖိအားပေးမေးမြန်းတော့မှ မာနေး ဘယ်မှာရှိလဲဆိုတာကို သိသွားခဲ့တယ်။

မာနေးရဲ့ မိဘတွေက သားဖြစ်သူကို အိမ်ပြန်လာဖို့ ခေါ်ခဲ့ပေမယ့် ကိုယ်ယုံကြည်ရာကို မဆုတ်မနစ် လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ မာနေးကတော့ လုံး၀ လက်မခံခဲ့ပါဘူး။ ဒါကာမြို့မှာရှိတဲ့ Génération Foot အကယ်ဒမီမှာ တက်ရောက်ခွင့်ရခဲ့ပြီး အဲဒီအကယ်မဒီမှာ တက်ခွင့်ရဖို့ အစမ်းလေ့ကျင့်ခန်းဆင်းခဲ့ရတဲ့အချိန်တွေကို မာနေးက အခုလို ပြောဆိုခဲ့တယ်။

”အဲဒီအကယ်ဒမီမှာ တက်ခွင့်ရဖို့အတွက် အစမ်းလေ့ကျင့်ဖို့ စောင့်ဆိုင်းနေတဲ့ ကလေးတွေက အယောက်(၂၀၀)၊ (၃၀၀)လောက်ရှိတာဗျ။ ကျွန်တော့်အလှည့်လည်းရောက်ရော အားလုံးက ဝိုင်းရယ်ကြတော့တာပဲ။ ကျွန်တော့်ပုံစံကလည်း ဘောလုံးသမားပုံမှ မပေါက်တာ။ ကျွန်တော်က ဘောကန်ဘောင်းဘီပုံ မပေါက်တဲ့ အတွင်းခံသာသာ ဘောင်းဘီလေးနဲ့ ဘောကန်ဖိနပ်ကလည်း ကိုယ့်ဟာကို ကြိုးတွေရှာပြီး ဖန်တီးခဲ့ရတာ။

ကျွန်တော့်ပုံကြည့်ပြီး တာဝန်ရှိသူတွေရဲ့ မျက်နှာက တစ်မျိုးဖြစ်ကုန်တယ်။ ‘မင်း တကယ်ရော ဘောလုံးသမားဖြစ်ချင်လို့လား’တဲ့။ သူတို့ကို ကျွန်တော်နားလည်ပေမယ့် ကျွန်တော့်အတွက် ရွေးချယ်စရာ မရှိပါဘူး။ ကျွန်တော့် ပုံထက် ခြေစွမ်းက အားရစရာကောင်းလို့ ကျွန်တော့်ကို ရွေးချယ်ခဲ့ပြီး အဲဒါဟာ ကျွန်တော့်ရဲ့ စွန့်စားခန်းအတွက် ပထမဆုံးအဖွင့်ပါပဲ”။

Génération Foot အကယ်ဒမီကနေ မက်ဇ်၊ ဆာလ်ဘတ်၊ ဆောက်သမ်တန်တို့ကို ရောက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ လီဗာပူးလ်က ပေါင်(၃၄)သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် မာနေးဟာ အဲဒီအချိန်တုန်းက အာဖရိက ဘောလုံးသမားတွေထဲမှာ ကြေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ တစ်ချိန်က လူအများရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချာတိတ်လေးဟာ အခုဆိုရင် သူ့ကို လှောင်ခဲ့ကြတဲ့လူတွေ အိပ်မက်တောင် မမက်ဖူးတဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီ။

သူ့ကို ဘောလုံးသမားမဖြစ်စေချင်တဲ့ မိဘတွေလည်း အခု သားဖြစ်သူရဲ့ အောင်မြင်မှုကို ကြည့်ပြီး ပီတီတွေ ဝေနေမှာ အသေအချာပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ လျှောက်လှမ်းခဲ့သူ မာနေးရဲ့ ဘဝခရီးလမ်းက တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ၊ အားကျစရာဇာတ်လမ်းတစ်ပုဒ်အဖြစ် သတ်မှတ်ရမှာပဲဖြစ်ပါတော့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျပင္းျပတဲ့ စိတ္ဓာတ္နဲ႔ ထိပ္တန္းအဆင့္ေရာက္ေအာင္ ႀကိဳးပမ္းခဲ့သူ မာေနး

ေအာင္ျမင္မႈဆိုတာက လူတိုင္းလိုခ်င္တက္မက္ၾကတဲ့ အရာတစ္ခုပါ။ ေအာင္ျမင္မႈပန္းတိုင္ဆီ ေရာက္ေအာင္ ေလွ်ာက္လွမ္းၾကတဲ့ေနရာမွာ တခ်ိဳ႕က ျဖစ္ခ်င္တဲ့အတိုင္း ပန္းတိုင္ဆီအေရာက္သြားႏိုင္ခဲ့ေပမယ့္ တခ်ိဳ႕ၾကေတာ့လည္း လမ္းတစ္ဝက္မွာပဲ တပ္ေခါက္ျပန္ခဲ့ရသူေတြလည္း အမ်ားႀကီးပါပဲ။ ေအာင္ျမင္တဲ့သူနဲ႔ က်ရႈံးတဲ့သူေတြအၾကား ကြာျခားခ်က္က အခက္အခက္၊ စိန္ေခၚမႈေတြကို အလြယ္တကူ လက္ခံလိုက္တာနဲ႔ အားမေလ်ာ့တမ္း စိတ္ဓာတ္ျပင္းျပင္း ေရွ႕ဆက္ေလွ်ာက္ရဲတဲ့ ဇြဲ၊ သတၱိရွိမႈပဲျဖစ္ပါလိမ့္မယ္။ အခု လီဗာပူးလ္တိုက္စစ္ကစားသမား မာေနးလိုေပါ့။ ေအာက္ေျခက စခဲ့ရတဲ့ ေဘာလုံးသမားေတြရဲ႕ ထုံးစံအတိုင္း ဒီလိုအဆင့္မ်ိဳးေရာက္ေအာင္ ေလွ်ာက္လွမ္းခဲ့ရတဲ့ မာေနးရဲ႕ ခရီးက ၾကမ္းတမ္းလြန္းခဲ့တယ္။

ဆယ္ေက်ာ္သက္ဘဝကတည္းက ေဘာလုံးသမားျဖစ္ခ်င္လြန္းခဲ့ေပမယ့္ မိဘေတြက ေက်ာင္းတက္ဖို႔ပဲ ဖိအားေပးခဲ့တာေၾကာင့္ တစ္ခ်ိန္က်ရင္ နာမည္ေက်ာ္ေဘာလုံးသမားျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့ ခိုင္မာတဲ့ဆုံးျဖတ္နဲ႔အတူ အသက္(၁၆)ႏွစ္အ႐ြယ္မွာ အဝတ္အစားေတြယူၿပီး အိမ္ကထြက္ေျပးခဲ့တယ္။ သူ႔ရဲ႕ ရည္မွန္းခ်က္က ဒါကာၿမိဳ႕ကို သြားမယ္၊ အဲဒီမွာ ေဘာလုံးသမားျဖစ္ေအာင္ ႀကိဳးစားမယ္ဆိုတာပါပဲ။ သူ႔အစီအစဥ္ကို အရင္းႏွီးဆုံးသူငယ္ခ်င္းတစ္ဦးကိုပဲ ေျပာျပခဲ့ၿပီး ကိုယ့္ဆုံးျဖတ္ခ်က္အတိုင္း ေရွ႕ဆက္ေလွ်ာက္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္ မာေနးရဲ႕ လက္ထက္မွာ ေငြဆိုလို႔ ျခဴးတစ္ျပားမွ မရွိပါဘူး။ “ကြၽန္ေတာ့္ လက္ထဲမွာ ေငြတစ္ျပားမွ မရွိေပမယ့္ အိမ္ကထြက္ေျပးဖို႔ အဆင္သင့္ျပင္ခဲ့တယ္။ မနက္မိုးလင္းခါနီးမွာ ကြၽန္ေတာ့္ အဝတ္အစားထုတ္ကို အိမ္ေရွ႕က ျမက္ပင္ရွည္ေတြၾကားမွာ ဝွက္ထားခဲ့ပါတယ္။ ေနာက္ေန႔ မနက္က်ေတာ့ သြားတိုက္ၿပီး ေရေတာင္မခ်ိဳးဘဲ တစ္ခါတည္း လစ္ထြက္ခဲ့တာပါပဲ။ အဲဒီအစီအစဥ္ကို ကြၽန္ေတာ့္ရဲ႕ အရင္းႏွီးဆုံးသူငယ္ခ်င္းက လြဲလို႔ ဘယ္သူ႔ကိုမွ မေျပာခဲ့ဘူး။ ဒါကာကို သြားမယ့္ ကားခရဖို႔အတြက္ ကြၽန္ေတာ့္ သူငယ္ခ်င္းရွိတဲ့ေနရာကို အၾကာႀကီးလမ္းေလွ်ာက္ခဲ့ရပါေသးတယ္။

မေရရာတဲ့ ဘဝခရီးလမ္းကို ေလွ်ာက္လွမ္းဖို႔ သႏၷိဌာန္ခ်ခဲ့သူ မာေနးအတြက္ ကံေကာင္းတာက ဒါကာၿမိဳ႕မွာ ေနဖို႔ ေနစရာတစ္ခု ရခဲ့တာျဖစ္ၿပီး အဲဒီကမွ အသင္းေတြနဲ႔ ခ်ိတ္ဆက္ ေလ့က်င့္ခန္းဆင္းခဲ့ရတာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ မာေနး မိဘေတြကေတာ့ သားျဖစ္သူေပ်ာက္သြားလို႔ ေခါင္းမီးေတာက္ေနၿပီး သူ႔ သူငယ္ခ်င္းကို ဖိအားေပးေမးျမန္းေတာ့မွ မာေနး ဘယ္မွာရွိလဲဆိုတာကို သိသြားခဲ့တယ္။ မာေနးရဲ႕ မိဘေတြက သားျဖစ္သူကို အိမ္ျပန္လာဖို႔ ေခၚခဲ့ေပမယ့္ ကိုယ္ယုံၾကည္ရာကို မဆုတ္မနစ္ လုပ္မယ္လို႔ ဆုံးျဖတ္ထားတဲ့ မာေနးကေတာ့ လုံး၀ လက္မခံခဲ့ပါဘူး။ ဒါကာၿမိဳ႕မွာရွိတဲ့ Génération Foot အကယ္ဒမီမွာ တက္ေရာက္ခြင့္ရခဲ့ၿပီး အဲဒီအကယ္မဒီမွာ တက္ခြင့္ရဖို႔ အစမ္းေလ့က်င့္ခန္းဆင္းခဲ့ရတဲ့အခ်ိန္ေတြကို မာေနးက အခုလို ေျပာဆိုခဲ့တယ္။ ”အဲဒီအကယ္ဒမီမွာ တက္ခြင့္ရဖို႔အတြက္ အစမ္းေလ့က်င့္ဖို႔ ေစာင့္ဆိုင္းေနတဲ့ ကေလးေတြက အေယာက္(၂၀၀)၊ (၃၀၀)ေလာက္ရွိတာဗ်။ ကြၽန္ေတာ့္အလွည့္လည္းေရာက္ေရာ အားလုံးက ဝိုင္းရယ္ၾကေတာ့တာပဲ။ ကြၽန္ေတာ့္ပုံစံကလည္း ေဘာလုံးသမားပုံမွ မေပါက္တာ။ ကြၽန္ေတာ္က ေဘာကန္ေဘာင္းဘီပုံ မေပါက္တဲ့ အတြင္းခံသာသာ ေဘာင္းဘီေလးနဲ႔ ေဘာကန္ဖိနပ္ကလည္း ကိုယ့္ဟာကို ႀကိဳးေတြရွာၿပီး ဖန္တီးခဲ့ရတာ။ ကြၽန္ေတာ့္ပုံၾကည့္ၿပီး တာဝန္ရွိသူေတြရဲ႕ မ်က္ႏွာက တစ္မ်ိဳးျဖစ္ကုန္တယ္။ ‘မင္း တကယ္ေရာ ေဘာလုံးသမားျဖစ္ခ်င္လို႔လား’တဲ့။ သူတို႔ကို ကြၽန္ေတာ္နားလည္ေပမယ့္ ကြၽန္ေတာ့္အတြက္ ေ႐ြးခ်ယ္စရာ မရွိပါဘူး။ ကြၽန္ေတာ့္ ပုံထက္ ေျခစြမ္းက အားရစရာေကာင္းလို႔ ကြၽန္ေတာ့္ကို ေ႐ြးခ်ယ္ခဲ့ၿပီး အဲဒါဟာ ကြၽန္ေတာ့္ရဲ႕ စြန႔္စားခန္းအတြက္ ပထမဆုံးအဖြင့္ပါပဲ”။

Génération Foot အကယ္ဒမီကေန မက္ဇ္၊ ဆာလ္ဘတ္၊ ေဆာက္သမ္တန္တို႔ကို ေရာက္ရွိခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာ လီဗာပူးလ္က ေပါင္(၃၄)သန္းနဲ႔ ေခၚယူခဲ့တာေၾကာင့္ မာေနးဟာ အဲဒီအခ်ိန္တုန္းက အာဖရိက ေဘာလုံးသမားေတြထဲမွာ ေၾကးအႀကီးဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ တစ္ခ်ိန္က လူအမ်ားရဲ႕ ေလွာင္ေျပာင္မႈနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ခ်ာတိတ္ေလးဟာ အခုဆိုရင္ သူ႔ကို ေလွာင္ခဲ့ၾကတဲ့လူေတြ အိပ္မက္ေတာင္ မမက္ဖူးတဲ့ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီ။ သူ႔ကို ေဘာလုံးသမားမျဖစ္ေစခ်င္တဲ့ မိဘေတြလည္း အခု သားျဖစ္သူရဲ႕ ေအာင္ျမင္မႈကို ၾကည့္ၿပီး ပီတီေတြ ေဝေနမွာ အေသအခ်ာပါပဲ။ ကိုယ္ျဖစ္ခ်င္တဲ့ဘဝကို ခိုင္မာတဲ့ဆုံးျဖတ္ခ်က္နဲ႔ ေလွ်ာက္လွမ္းခဲ့သူ မာေနးရဲ႕ ဘဝခရီးလမ္းက တကယ့္ကို ရင္ခုန္စိတ္လႈပ္ရွားစရာ၊ အားက်စရာဇာတ္လမ္းတစ္ပုဒ္အျဖစ္ သတ္မွတ္ရမွာပဲျဖစ္ပါေတာ့တယ္