ပြင်းထန်ဒူးကောက်ကြောဒဏ်ရာကြောင့် ဖာမီနို ၄ပတ်ထက်ပိုနားရဖွယ်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးတိုက်စစ်မှူး ဖာမီနိုဟာ ပြင်းထန်ဒူးကောက်ကြောဒဏ်ရာကြောင့် ၄ပတ်နဲ့အထက်နားရဖွယ်ရှိတယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အတည်ပြုခဲ့ပါတယ်။

ဖာမီနိုဟာ အက်သလက်တီကိုကိုအနိုင်ရခဲ့တဲ့ပွဲမှာ ဒုတိယပိုင်းကျမှ မာနေးအစားဝင်လာတာဖြစ်ပေမယ့် ဒဏ်ရာရသွားတာမို့ ၃၂မိနစ်သာကစားခဲ့ရပြီး အိုရီဂီနဲ့လူစားလဲခဲ့ရတာပါ။

ယမန်နေ့သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ဖာမီနိုရဲ့ဒဏ်ရာဟာ ပြင်းထန်တဲ့အတွက် ၄ပတ်နဲ့အထက်နားရနိုင်တယ်လို့တွက်ဆထားကြောင်း ထည့်ပြောခဲ့ပါတယ်။

ဖာမီနိုဟာ ရာသီစောပိုင်း ချဲလ်ဆီးနဲ့ ၁-၁ သရေပွဲမှာလည်း အခုလိုပဲ ဒူးကောက်ကြောဒဏ်ရာရခဲ့သေးတာမို့ တစ်လနီးပါးအနားယူခဲ့ရပါသေးတယ်။

ဖာမီနိုအနေနဲ့ မနက်ဖြန်ကစားမယ့်ဝက်စ်ဟမ်းနဲ့ပွဲအပြင်နိုင်ငံတကာပွဲတွေအပြီး လိဂ်တွေပြန်စရင်လည်း နောက်ထပ် ၄ပွဲလောက် ထပ်မံလွဲချော်နိုင်ပါတယ်။

ဖာမီနိုဒဏ်ရာရသွားပေမယ့် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဖာဘင်ဟိုနဲ့ အယ်ကန်တာရာတို့ ၂ဦး အက်သလက်တီကိုပွဲကစပြီးပြန်ကစားနိုင်ပြီမို့ ကလော့ပ်အ တွက် စိတ်သက်သာရာရစေခဲ့ပါတယ်။

နာဘီကီတာ၊ ဂျိမ်းစ်မီလ်နာနဲ့ ဂျိုးဂိုမက်ဇ်တို့လည်း ဝက်စ်ဟမ်းနဲ့ပွဲကိုလွဲချော်ရမှာဖြစ်ပေမယ့် နိုင်ငံတကာပွဲတွေပြီးရင်ကစားရမယ့် အာဆင်နယ်နဲ့အိမ်ကွင်းပွဲမှာ ပြန်ကစားနိုင်မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျပင္းထန္ဒူးေကာက္ေၾကာဒဏ္ရာေၾကာင့္ ဖာမီႏို ၄ပတ္ထက္ပိုနားရဖြယ္ရွိ

ဘရာဇီးတိုက္စစ္မႉး ဖာမီႏိုဟာ ျပင္းထန္ဒူးေကာက္ေၾကာဒဏ္ရာေၾကာင့္ ၄ပတ္နဲ႔အထက္နားရဖြယ္ရွိတယ္လို႔ လီဗာပူးနည္းျပ ယာဂန္ကေလာ့ပ္က အတည္ျပဳခဲ့ပါတယ္။ ဖာမီႏိုဟာ အက္သလက္တီကိုကိုအႏိုင္ရခဲ့တဲ့ပြဲမွာ ဒုတိယပိုင္းက်မွ မာေနးအစားဝင္လာတာျဖစ္ေပမယ့္ ဒဏ္ရာရသြားတာမို႔ ၃၂မိနစ္သာကစားခဲ့ရၿပီး အိုရီဂီနဲ႔လူစားလဲခဲ့ရတာပါ။

ယမန္ေန႔သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က ဖာမီႏိုရဲ႕ဒဏ္ရာဟာ ျပင္းထန္တဲ့အတြက္ ၄ပတ္နဲ႔အထက္နားရႏိုင္တယ္လို႔တြက္ဆထားေၾကာင္း ထည့္ေျပာခဲ့ပါတယ္။ ဖာမီႏိုဟာ ရာသီေစာပိုင္း ခ်ဲလ္ဆီးနဲ႔ ၁-၁ သေရပြဲမွာလည္း အခုလိုပဲ ဒူးေကာက္ေၾကာဒဏ္ရာရခဲ့ေသးတာမို႔ တစ္လနီးပါးအနားယူခဲ့ရပါေသးတယ္။

ဖာမီႏိုအေနနဲ႔ မနက္ျဖန္ကစားမယ့္ဝက္စ္ဟမ္းနဲ႔ပြဲအျပင္ႏိုင္ငံတကာပြဲေတြအၿပီး လိဂ္ေတြျပန္စရင္လည္း ေနာက္ထပ္ ၄ပြဲေလာက္ ထပ္မံလြဲေခ်ာ္ႏိုင္ပါတယ္။ ဖာမီႏိုဒဏ္ရာရသြားေပမယ့္ ကြင္းလယ္ကစားသမားေတြျဖစ္တဲ့ ဖာဘင္ဟိုနဲ႔ အယ္ကန္တာရာတို႔ ၂ဦး အက္သလက္တီကိုပြဲကစၿပီးျပန္ကစားႏိုင္ၿပီမို႔ ကေလာ့ပ္အ တြက္ စိတ္သက္သာရာရေစခဲ့ပါတယ္။

နာဘီကီတာ၊ ဂ်ိမ္းစ္မီလ္နာနဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔လည္း ဝက္စ္ဟမ္းနဲ႔ပြဲကိုလြဲေခ်ာ္ရမွာျဖစ္ေပမယ့္ ႏိုင္ငံတကာပြဲေတြၿပီးရင္ကစားရမယ့္ အာဆင္နယ္နဲ႔အိမ္ကြင္းပြဲမွာ ျပန္ကစားႏိုင္မွာပါ။