ပြင်သစ်-ဆွစ်ဇာလန်ပွဲ ပြန်ကန်ဖို့ ပရိသတ် သောင်းပေါင်းများစွာ လက်မှတ်ရေးထိုးတောင်းဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်လက်ရွေးစင်အသင်းဟာ ယူရို-၂၀၂၀ ကနေ ထွက်ခဲ့ရပြီဖြစ်ပေမယ့် အသင်းရဲ့ ပရိသတ် နှစ်သိန်းခွဲနီးပါးက ဆွစ်ဇာလန်နှင့်

၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို ပြန်ကစားခွင့်ရရှိရေးအတွက် လက်မှတ်ရေးထိုးပြီး ယူအီးအက်ဖ်အေသို့ အသနားခံစာ တင်သွင်းခဲ့ပါတယ်။

ဆွစ်ဇာလန် ဟာ ပြင်သစ် အသင်းကို ပွဲချိန် အတွင်း ၃ ဂိုးစီ သရေ ကစားခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ယူ ခဲ့တာဟာ ယူရို ၂၀၂၀ ရဲ့ အကြီးမားဆုံးသော အံ့ဖွယ်တွေ ထဲက တစ်ခု ဖြစ်ခဲ့ ပါတယ်။

ပြင်သစ်အသင်းဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း အဖြစ် ရှိနေခဲ့သလို ဂျာမနီ ၊ ပေါ်တူဂီ တို့ ပါဝင်တဲ့ အုပ်စုမှာလည်း အုပ်စု ပထမ အဖြစ် နဲ့ ရှုံးထွက် အဆင့်ကို တက်လှမ်း လာခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန် နဲ့ ပွဲမှာလည်း ပြင်သစ် က ဆွစ်ဇာလန် ကို ၃ – ၁ နဲ့ ဦးဆောင် ထားနိုင်ခဲ့တာပါ။

ဒါပေမယ့် ဆွစ်ဇာလန် ရဲ့ အဆုံးအထိ အရှုံးမပေး လိုတဲ့ တိုက်ပွဲဝင် စိတ်ဓါတ်တွေ ဟာ ချေပဂိုး ၂ ဂိုး ပြန်ရ စေခဲ့ပြီး အချိန်ပို မှာအဖြေမပေါ် ပင်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့ အထိ ရောက်ရှိ စေခဲ့ပါတယ်။

ပင်နယ်တီ တစ်ဖက် ၅ ကြိမ်စီ ကန်သွင်းရာမှာတော့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေ ရဲ့ ပဉ္စမမြောက် ပင်နယ်တီ ကို ဆွစ်ဇာလန် ဂိုးသမား ကာကွယ် နိုင်ခဲ့ပြီး ပြင်သစ်ပရိသတ်တွေ အသည်းကွဲခဲ့ရတာ ဖြစ်ပါတယ်။

ကိုယ့် အသင်းရှူံးတော့ အကြောင်းပြချက်တွေရှာကြပါတယ်။

ဂိုးသမားများအနေနဲ့ ပင်နယ်တီဖမ်းရာတွင် ပြိုင်ဘက်ဘောလုံးသမားက ဂိုးကန်မသွင်းမီ အနည်းဆုံး ခြေထောက်တစ်ချောင်းကို ဂိုးစည်းပေါ်မှာရှိနေရမှာ ဖြစ်ပါတယ်။

ပြင်သစ်ပရိသတ်တွေက အမ်ဘာပေ ပင်နယ်တီကန်သွင်းချိန်တွင် ဆွစ်ဇာလန်ဂိုးသမား ဆိုမာက ထိုစည်းမျဉ်းကို လိုက်နာမှုမရှိခဲ့ကြောင်း ပြောဆိုကြပါတယ်။

ဆိုမာ ဟာ ဘာပေ ပင်နယ်တီ ကန်ဖို့ ခြေစလှမ်းချိန်မှာ ဂိုးစည်ပေါ်ကနေ ရှေ့ကို သိသိသာသာ ခုန်တက်ခဲ့ပြီး ခြေ ၂ ဘက်စလုံးဟာ စည်းပေါ်ကနေ လွတ်သွားခဲ့ ပါတယ်။

ဒါပေမယ့်ဘာပေ ရဲ့ ခြေထောက် နဲ့ ဘောလုံး ထိမိတဲ့ အခိုက်အတန့် နဲ့ တစ်ချိန်တည်းမှာပဲ ယန်ဆိုမာ ရဲ့ ဘယ်ခြေဟာ ဂိုးစည်းကို ထိမိသွားခဲ့ပြီး ညာဘက်ကို ဒိုင်ဗင်ထိုးကာ ဘောလုံးကို ပုတ်ထုတ် ကာကွယ်ခဲ့တာ ဖြစ်တယ်လို့ ရှင်းတဲ့ သူကရှင်းထားပါတယ်။

ပင်နယ်တီကို ပြန်ကန် စေသင့်တယ်လို့ ယူဆသူတွေ ဟာ အွန်လိုင်း စာမျက်နှာ တစ်ခုပေါ်ကနေ လက်မှတ်ရေးထိုး တောင်းဆို ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဘက်ကတော့ ကွင်းလယ်ဒိုင်နှင့် ဗီအေအာ ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်မှန်ကန်သည်ကို ယုံကြည်မှုရှိပြီး ပြင်သစ်-ဆွစ်ဇာလန်ပွဲကို ပြန်ကန်ရေး စဉ်းစားမည်မဟုတ်ပေ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




