
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘယ်လ်ဂျီယံအသင်းရဲ့ရွှေရောင်မျိုးဆက်လို့တင်စားခံထားရတဲ့ ကစားသမားတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်သူ ဒီဘရိုင်းနားက သူတို့အသင်းမှာ ပြင်သစ်၊ အီတလီ၊ စပိန်တို့လို အရည်အသွေးမြင့်တဲ့ကစားသမားတွေ အများကြီးမရှိဘူးလို့ အံ့အားသင့်ဖို့ကောင်းအောင်ဝန်ခံပြောဆိုခဲ့ပါတယ်။
ဖီဖာကမ္ဘာ့အဆင့်(၁)မှာ ရပ်တည်နေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ UEFA Nations League ဆီမီးဖိုင်နယ်ပွဲမှာ ပြင်သစ်အသင်းကို(၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲတက်ခွင့်နဲ့ဝေးကွာခဲ့ရပြီး တတိယနေရာလုပွဲမှာလည်း အီတလီအသင်းကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြန်ပါတယ်။
လက်ရှိ ဘယ်လ်ဂျီယံအသင်းမှာ လူကာကူ၊ ဒီဘရိုင်းနား၊ ဟာဇက်ညီနောင်၊ ကော်တွာစတဲ့နာမည်ကျော်ကစားသမားတွေပါဝင်နေတာကြောင့် မီဒီယာတွေက ဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်လို့သတ်မှတ်ထားကြပေမယ့် အခုအချိန်အထိ ကြီးကြီးမားမားအောင်မြင်မှုမယူနိုင်သေးပါဘူး။
အဲဒါကြောင့်ပဲ ဒီဘရိုင်းနားက ဘယ်လ်ဂျီယံအသင်းဟာ အီတလီ၊ စပိန်၊ ပြင်သစ်အသင်းတို့လို ဒေါင်ဒေါင်မြည်ကစားသမား(၂၂)ဦး ပိုင်ဆိုင်ထားတာမဟုတ်ဘူးလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။
ဒီဘရိုင်းနားက “ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်ကြိုးစားကစားခဲ့ပြီး အခု(အီတလီ)ပွဲမှာလည်း ကစားသမားသစ်တွေဟာ ပုံစံကောင်းပြသနိုင်ခဲ့ကြပါတယ်။
အီတလီလို ထိပ်သီးအသင်းမျိုးနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တဲ့အတွက် သူတို့တွေအတွေ့အကြုံကောင်းရရှိခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့အသင်း(၂)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။
အမှန်အတိုင်းပြောရရင် ကျွန်တော်တို့အသင်းဟာ ဘယ်လ်ဂျီယံအသင်းအဆင့်သာရှိသေးပြီး ပြင်သစ်၊ စပိန်တို့လိုအဆင့်အတန်းမျိုးမရောက်သေးပါဘူး။
ဒီနေ့ပွဲမှာ ဟာဇက်၊ လူကာကူတို့မပါဘဲ မျိုးဆက်သစ်တွေကို ပွဲထွက်ခဲ့ပြီး အသင်းရဲ့လက်ရှိအနေအထားကို အမှန်အတိုင်းလက်ခံနိုင်ဖို့လိုပါတယ်။
အီတလီ၊ ပြင်သစ်၊ စပိန်အသင်းတွေမှာ ထိပ်တန်းအဆင့်ကစားသမား(၂၂)ဦးအထိရွေးချယ်စရာရှိပေမယ့် ကျွန်တော်တို့မှာတော့ အဲဒီလောက်အရေအတွက်မရှိပါဘူး”လို့ဆိုခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာရရှိခဲ့တာပဲဖြစ်ပြီး ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲတုန်းက အီတလီအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကနေထွက်ခဲ့ရတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ျပင္သစ္၊ အီတလီ၊ စပိန္တို႔လို အရည္အေသြးျမင့္ကစားသမားေတြ အသင္းမွာမရွိဘူးလို႔ အံ့အားသင့္စရာဆိုလိုက္တဲ့ ဒီဘ႐ိုင္းနား
ဘယ္လ္ဂ်ီယံအသင္းရဲ႕ေ႐ႊေရာင္မ်ိဳးဆက္လို႔တင္စားခံထားရတဲ့ ကစားသမားေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္သူ ဒီဘ႐ိုင္းနားက သူတို႔အသင္းမွာ ျပင္သစ္၊ အီတလီ၊ စပိန္တို႔လို အရည္အေသြးျမင့္တဲ့ကစားသမားေတြ အမ်ားႀကီးမရွိဘူးလို႔ အံ့အားသင့္ဖို႔ေကာင္းေအာင္ဝန္ခံေျပာဆိုခဲ့ပါတယ္။ ဖီဖာကမာၻ႔အဆင့္(၁)မွာ ရပ္တည္ေနတဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ UEFA Nations League ဆီမီးဖိုင္နယ္ပြဲမွာ ျပင္သစ္အသင္းကို(၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ဗိုလ္လုပြဲတက္ခြင့္နဲ႔ေဝးကြာခဲ့ရၿပီး တတိယေနရာလုပြဲမွာလည္း အီတလီအသင္းကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ျပန္ပါတယ္။
လက္ရွိ ဘယ္လ္ဂ်ီယံအသင္းမွာ လူကာကူ၊ ဒီဘ႐ိုင္းနား၊ ဟာဇက္ညီေနာင္၊ ေကာ္တြာစတဲ့နာမည္ေက်ာ္ကစားသမားေတြပါဝင္ေနတာေၾကာင့္ မီဒီယာေတြက ဘယ္လ္ဂ်ီယံေ႐ႊေရာင္မ်ိဳးဆက္လို႔သတ္မွတ္ထားၾကေပမယ့္ အခုအခ်ိန္အထိ ႀကီးႀကီးမားမားေအာင္ျမင္မႈမယူႏိုင္ေသးပါဘူး။ အဲဒါေၾကာင့္ပဲ ဒီဘ႐ိုင္းနားက ဘယ္လ္ဂ်ီယံအသင္းဟာ အီတလီ၊ စပိန္၊ ျပင္သစ္အသင္းတို႔လို ေဒါင္ေဒါင္ျမည္ကစားသမား(၂၂)ဦး ပိုင္ဆိုင္ထားတာမဟုတ္ဘူးလို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။
ဒီဘ႐ိုင္းနားက “ထိပ္တန္းအသင္းေတြနဲ႔ ရင္ဆိုင္ရတဲ့ပြဲေတြမွာ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားကစားခဲ့ၿပီး အခု(အီတလီ)ပြဲမွာလည္း ကစားသမားသစ္ေတြဟာ ပုံစံေကာင္းျပသႏိုင္ခဲ့ၾကပါတယ္။ အီတလီလို ထိပ္သီးအသင္းမ်ိဳးနဲ႔ပြဲမွာ ပါဝင္ကစားခြင့္ရခဲ့တဲ့အတြက္ သူတို႔ေတြအေတြ႕အႀကဳံေကာင္းရရွိခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ပဲ ကြၽန္ေတာ္တို႔အသင္း(၂)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ပါတယ္။ အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္တို႔အသင္းဟာ ဘယ္လ္ဂ်ီယံအသင္းအဆင့္သာရွိေသးၿပီး ျပင္သစ္၊ စပိန္တို႔လိုအဆင့္အတန္းမ်ိဳးမေရာက္ေသးပါဘူး။
ဒီေန႔ပြဲမွာ ဟာဇက္၊ လူကာကူတို႔မပါဘဲ မ်ိဳးဆက္သစ္ေတြကို ပြဲထြက္ခဲ့ၿပီး အသင္းရဲ႕လက္ရွိအေနအထားကို အမွန္အတိုင္းလက္ခံႏိုင္ဖို႔လိုပါတယ္။ အီတလီ၊ ျပင္သစ္၊ စပိန္အသင္းေတြမွာ ထိပ္တန္းအဆင့္ကစားသမား(၂၂)ဦးအထိေ႐ြးခ်ယ္စရာရွိေပမယ့္ ကြၽန္ေတာ္တို႔မွာေတာ့ အဲဒီေလာက္အေရအတြက္မရွိပါဘူး”လို႔ဆိုခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အျမင့္ဆုံးေအာင္ျမင္မႈအျဖစ္ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ တတိယေနရာရရွိခဲ့တာပဲျဖစ္ၿပီး ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲတုန္းက အီတလီအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ကေနထြက္ခဲ့ရတာျဖစ္ပါတယ္။