ပြင်သစ်အသင်းနည်းပြအဖြစ်ဆောင်ရွက်လိုတာကြောင့် ယူနိုက်တက်ကို ဇီဒန်း ကိုင်တွယ်ဖို့ဆန္ဒမရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးယဲလ်အသင်းနဲ့အတူကြီးမားတဲ့အောင်မြင်မှုတွေ ရယူခဲ့တဲ့နာမည်ကျော်နည်းပြဇီဒန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာဖို့

ရေပန်းစားနေတဲ့သူတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်နေပေမယ့် သူကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို,ကိုင်တွယ်ဖို့ဆန္ဒမရှိပါဘူး။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗာပူးလ်ကို(၅-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြဆိုးလ်ရှားရဲ့အနာဂတ်ကမသေမချာဖြစ်နေပြီး

ဆိုးလ်ရှားနေရာမှာအစားထိုးဖိုးအတွက် ယူနိုက်တက်အသင်း ဇီဒန်းအပါအဝင်နည်းပြတချို့ကို ချိတ်ဆက်နေတယ်လို့သတင်းထွက်နေပါတယ်။

ဒါပေမဲ့ နာမည်ကျော် ESPN သတင်းဌာနက ပြင်သစ်လူမျိုး ဘောလုံးရေးရာကျွမ်းကျင်သူ ဂျူလီယန်လောရမ်စ်က ဇီဒန်းဟာ ယူနိုက်တက်အသင်းနည်းပြရာထူးကို စိတ်မဝင်စားဘဲ ပြင်သစ်အသင်းနည်းပြရာထူးအတွက်သာ စောင့်ဆိုင်းသွားဖို့ရှိတယ်ဆိုပြီးဖွင့်ဟပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းကို နည်းပြဒက်စ်ချမ့်စ်က ၂၀၁၂ ခုနှစ်ကတည်းက လက်ရှိအချိန်အထိကိုင်တွယ်နေတာဖြစ်ပေမယ့် လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် နည်းပြအပြောင်းလဲဖြစ်လာဖို့ရှိနေပါပြီ။

လက်ရွေးစင်ကစားသမားဘဝမှာ ဇီဒန်းဟာ ပြင်သစ်အသင်းအတွက် ပွဲပေါင်း(၁၀၈)ပွဲအထိကစားခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလား၊

ယူရို-၂ဝဝဝချန်ပီယံဖလားတွေရယူခဲ့တာကြောင့် ပြင်သစ်အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

နည်းပြဘဝမှာလည်း ဇီဒန်းဟာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်(၃)ကြိမ်ဆက်၊ ဥရောပစူပါဖလား(၂)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၂)ကြိမ်၊ လာလီဂါ(၁)ကြိမ်၊ စပိန်စူပါဖလား(၁)ကြိမ်ရယူခဲ့ပြီး

ရီးယဲလ်အသင်းကို ဒုတိယအကြိမ်မြောက်ကိုင်တွယ်ခဲ့ချိန်မှာလည်း လာလီဂါ၊ စပိန်စူပါဖလား(၁)ကြိမ်စီရယူနိုင်ခဲ့ပါတယ်။

၂၀၁၉၊ မတ်လတုန်းက ရီးယဲလ်အသင်းနည်းပြအဖြစ် ဒုတိယအကြိမ်ခန့်အပ်ခံခဲ့ရသူ ဇီဒန်းဟာ အခုနှစ်၊ မေလ(၂၇)ရက်မှာ အသင်းနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေပြီး

သူ့ကို နည်းပြခန့်လိုနေတဲ့အသင်းတွေထဲမှာ ယူနိုက်တက်အပြင် တစ်ချိန်ကမဟာပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းလည်းပါဝင်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျပင္သစ္အသင္းနည္းျပအျဖစ္ေဆာင္႐ြက္လိုတာေၾကာင့္ ယူႏိုက္တက္ကို ဇီဒန္း ကိုင္တြယ္ဖို႔ဆႏၵမရွိ

ရီးယဲလ္အသင္းနဲ႔အတူႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရယူခဲ့တဲ့နာမည္ေက်ာ္နည္းျပဇီဒန္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားေနတဲ့သူေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္ေနေပမယ့္ သူကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကို,ကိုင္တြယ္ဖို႔ဆႏၵမရွိပါဘူး။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က လီဗာပူးလ္ကို(၅-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ နည္းျပဆိုးလ္ရွားရဲ႕အနာဂတ္ကမေသမခ်ာျဖစ္ေနၿပီး ဆိုးလ္ရွားေနရာမွာအစားထိုးဖိုးအတြက္ ယူႏိုက္တက္အသင္း ဇီဒန္းအပါအဝင္နည္းျပတခ်ိဳ႕ကို ခ်ိတ္ဆက္ေနတယ္လို႔သတင္းထြက္ေနပါတယ္။

ဒါေပမဲ့ နာမည္ေက်ာ္ ESPN သတင္းဌာနက ျပင္သစ္လူမ်ိဳး ေဘာလုံးေရးရာကြၽမ္းက်င္သူ ဂ်ဴလီယန္ေလာရမ္စ္က ဇီဒန္းဟာ ယူႏိုက္တက္အသင္းနည္းျပရာထူးကို စိတ္မဝင္စားဘဲ ျပင္သစ္အသင္းနည္းျပရာထူးအတြက္သာ ေစာင့္ဆိုင္းသြားဖို႔ရွိတယ္ဆိုၿပီးဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ျပင္သစ္အသင္းကို နည္းျပဒက္စ္ခ်မ့္စ္က ၂၀၁၂ ခုႏွစ္ကတည္းက လက္ရွိအခ်ိန္အထိကိုင္တြယ္ေနတာျဖစ္ေပမယ့္ လာမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ သူ႔ရဲ႕စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္ နည္းျပအေျပာင္းလဲျဖစ္လာဖို႔ရွိေနပါၿပီ။

လက္ေ႐ြးစင္ကစားသမားဘဝမွာ ဇီဒန္းဟာ ျပင္သစ္အသင္းအတြက္ ပြဲေပါင္း(၁၀၈)ပြဲအထိကစားခဲ့ၿပီး ၁၉၉၈ ကမာၻ႔ဖလား၊ ယူ႐ို-၂ဝဝဝခ်န္ပီယံဖလားေတြရယူခဲ့တာေၾကာင့္ ျပင္သစ္အသင္းသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေဘာလုံးသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

နည္းျပဘဝမွာလည္း ဇီဒန္းဟာ ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္(၃)ႀကိမ္ဆက္၊ ဥေရာပစူပါဖလား(၂)ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား(၂)ႀကိမ္၊ လာလီဂါ(၁)ႀကိမ္၊ စပိန္စူပါဖလား(၁)ႀကိမ္ရယူခဲ့ၿပီး ရီးယဲလ္အသင္းကို ဒုတိယအႀကိမ္ေျမာက္ကိုင္တြယ္ခဲ့ခ်ိန္မွာလည္း လာလီဂါ၊ စပိန္စူပါဖလား(၁)ႀကိမ္စီရယူႏိုင္ခဲ့ပါတယ္။

၂၀၁၉၊ မတ္လတုန္းက ရီးယဲလ္အသင္းနည္းျပအျဖစ္ ဒုတိယအႀကိမ္ခန႔္အပ္ခံခဲ့ရသူ ဇီဒန္းဟာ အခုႏွစ္၊ ေမလ(၂၇)ရက္မွာ အသင္းနဲ႔လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း အသင္းလက္မဲ့ျဖစ္ေနၿပီး သူ႔ကို နည္းျပခန႔္လိုေနတဲ့အသင္းေတြထဲမွာ ယူႏိုက္တက္အျပင္ တစ္ခ်ိန္ကမဟာၿပိဳင္ဘက္ျဖစ္ခဲ့ဖူးတဲ့ ဘာစီလိုနာအသင္းလည္းပါဝင္ေနတာျဖစ္ပါတယ္။