ပြင်သစ်မြေမှာ ရုန်းကန်နေရတဲ့ မက်ဆီ ဒဏ်ရာကြောင့် ဘော်ဒိုးနဲ့ပွဲကိုလွဲချော်ဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းသစ် PSG အသင်းမှာ စိတ်ပျက်စရာအခြေအနေတွေနဲ့ရင်ဆိုင်နေရတဲ့ အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီဟာ

ဒဏ်ရာပြဿနာကြောင့် အင်္ဂါနေ့က လိုက်ပ်ဇစ်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့သလို မနက်ဖြန်ကျရင် ဘော်ဒိုးနဲ့ကစားမယ့်လီဂူးပွဲကိုလည်း လွဲချော်မယ့်အနေအထားရှိနေပါပြီ။

မက်ဆီဟာ ဘယ်ဘက်ပေါင်နဲ့ဒူးမှာ ဒဏ်ရာပြဿနာရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က လိုင်လီအသင်းနဲ့ကစားခဲ့တဲ့ပြင်သစ်လီဂူးပွဲ၊ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။

မက်ဆီအနေနဲ့ သူ့ဒဏ်ရာကို ဆေးကုသမှုခံယူဖို့အတွက် မက်ဒရစ်မြို့ကို သွားဖို့ရှိနေပြီး ဒဏ်ရာပြဿနာရှိနေတဲ့

ကလပ်အသင်းဖော်ပါရီဒက်စ်ကလည်း သူနဲ့အတူလိုက်ပါသွားမှာဖြစ်သလို PSG ဆေးအဖွဲ့က အခုအစီအစဉ်ကိုအားပေးထာက်ခံခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

ဘော်ဒိုးနဲ့ပွဲမှာ မက်ဆီပါဝင်နိုင်ဖို့မရှိပေမယ့် PSG အသင်းတိုက်စစ်မှာ နေမာ၊ ဘာပေတို့အပြင် ဒီမာရီယာ၊ အီကာဒီ၊ ဒရက်ဇ်လာစတဲ့ကစားသမားတွေရှိနေတာကြောင့် နည်းပြပိုချက်တီနိုအတွက် ရွေးချယ်စရာတွေတော့ရှိနေပါတယ်။

ဒါပေမဲ့ စိုးရိမ်စရာကောင်းတာက မက်ဆီရဲ့စွမ်းဆောင်ရည်ပဲဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကနေပြောင်းရွှေ့ခဲ့သူ မက်ဆီဟာ အခုအချိန်အထိ ဘာစီလိုနာအသင်းမှာကစားခဲ့တဲ့ခြေစွမ်းမျိုး မပြသနိုင်သေးပါဘူး။

ဒီရာသီချန်ပီယံလိဂ်မှာ PSG အသင်းအတွက် မက်ဆီ (၃)ဂိုးသွင်းယူထားပေမယ့် ပြင်သစ်လီဂူးပြိုင်ပွဲမှာတော့ (၅)ပွဲကစားပြီးချိန်အထိ

သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိဆိုတဲ့မှတ်တမ်းဆိုးပိုင်ဆိုင်ထားပြီး ဒါဟာ မက်ဆီရဲ့ကစားသမားဘဝတစ်လျှောက် (၁၅)နှစ်အတွင်း အဆိုးရွားဆုံးလိဂ်ပြိုင်ပွဲစွမ်းဆောင်ရည်လည်းဖြစ်ပါတယ်။

မက်ဆီကိုယ်တိုင်က ပြင်သစ်လီဂူးပြိုင်ပွဲဟာ လာလီဂါထက် ပိုပြီးတော့ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဦးစားပေးကစားပြီး ပြိုင်ဘက်တွေကလည်း လျင်လျင်မြန်မြန်ကစားလေ့ရှိတယ်လို့ဝန်ခံပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒဏ်ရာပြဿနာတွေကလည်း မက်ဆီကို မကြာခဏထိုးနှက်နေပြီး ဘော်ဒိုးနဲ့ပွဲအပြင် လာမယ့်တစ်ပတ်ကျရင် အာဂျင်တီးနားအသင်းကစားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်ဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျပင္သစ္ေျမမွာ ႐ုန္းကန္ေနရတဲ့ မက္ဆီ ဒဏ္ရာေၾကာင့္ ေဘာ္ဒိုးနဲ႔ပြဲကိုလြဲေခ်ာ္ဖို႔ရွိ

အသင္းသစ္ PSG အသင္းမွာ စိတ္ပ်က္စရာအေျခအေနေတြနဲ႔ရင္ဆိုင္ေနရတဲ့ အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီဟာ ဒဏ္ရာျပႆနာေၾကာင့္ အဂၤါေန႔က လိုက္ပ္ဇစ္နဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ခဲ့သလို မနက္ျဖန္က်ရင္ ေဘာ္ဒိုးနဲ႔ကစားမယ့္လီဂူးပြဲကိုလည္း လြဲေခ်ာ္မယ့္အေနအထားရွိေနပါၿပီ။ မက္ဆီဟာ ဘယ္ဘက္ေပါင္နဲ႔ဒူးမွာ ဒဏ္ရာျပႆနာရွိေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့တစ္ပတ္က လိုင္လီအသင္းနဲ႔ကစားခဲ့တဲ့ျပင္သစ္လီဂူးပြဲ၊ ဒုတိယပိုင္းမွာ လူစားလဲခံခဲ့ရပါတယ္။ မက္ဆီအေနနဲ႔ သူ႔ဒဏ္ရာကို ေဆးကုသမႈခံယူဖို႔အတြက္ မက္ဒရစ္ၿမိဳ႕ကို သြားဖို႔ရွိေနၿပီး ဒဏ္ရာျပႆနာရွိေနတဲ့ ကလပ္အသင္းေဖာ္ပါရီဒက္စ္ကလည္း သူနဲ႔အတူလိုက္ပါသြားမွာျဖစ္သလို PSG ေဆးအဖြဲ႕က အခုအစီအစဥ္ကိုအားေပးထာက္ခံခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။ ေဘာ္ဒိုးနဲ႔ပြဲမွာ မက္ဆီပါဝင္ႏိုင္ဖို႔မရွိေပမယ့္ PSG အသင္းတိုက္စစ္မွာ ေနမာ၊ ဘာေပတို႔အျပင္ ဒီမာရီယာ၊ အီကာဒီ၊ ဒရက္ဇ္လာစတဲ့ကစားသမားေတြရွိေနတာေၾကာင့္ နည္းျပပိုခ်က္တီႏိုအတြက္ ေ႐ြးခ်ယ္စရာေတြေတာ့ရွိေနပါတယ္။

ဒါေပမဲ့ စိုးရိမ္စရာေကာင္းတာက မက္ဆီရဲ႕စြမ္းေဆာင္ရည္ပဲျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီက ဘာစီလိုနာအသင္းကေနေျပာင္းေ႐ႊ႕ခဲ့သူ မက္ဆီဟာ အခုအခ်ိန္အထိ ဘာစီလိုနာအသင္းမွာကစားခဲ့တဲ့ေျခစြမ္းမ်ိဳး မျပသႏိုင္ေသးပါဘူး။ ဒီရာသီခ်န္ပီယံလိဂ္မွာ PSG အသင္းအတြက္ မက္ဆီ (၃)ဂိုးသြင္းယူထားေပမယ့္ ျပင္သစ္လီဂူးၿပိဳင္ပြဲမွာေတာ့ (၅)ပြဲကစားၿပီးခ်ိန္အထိ သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိဆိုတဲ့မွတ္တမ္းဆိုးပိုင္ဆိုင္ထားၿပီး ဒါဟာ မက္ဆီရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ (၁၅)ႏွစ္အတြင္း အဆိုး႐ြားဆုံးလိဂ္ၿပိဳင္ပြဲစြမ္းေဆာင္ရည္လည္းျဖစ္ပါတယ္။ မက္ဆီကိုယ္တိုင္က ျပင္သစ္လီဂူးၿပိဳင္ပြဲဟာ လာလီဂါထက္ ပိုၿပီးေတာ့ခႏၶာကိုယ္ႀကံ့ခိုင္မႈကို ဦးစားေပးကစားၿပီး ၿပိဳင္ဘက္ေတြကလည္း လ်င္လ်င္ျမန္ျမန္ကစားေလ့ရွိတယ္လို႔ဝန္ခံေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ဒဏ္ရာျပႆနာေတြကလည္း မက္ဆီကို မၾကာခဏထိုးႏွက္ေနၿပီး ေဘာ္ဒိုးနဲ႔ပြဲအျပင္ လာမယ့္တစ္ပတ္က်ရင္ အာဂ်င္တီးနားအသင္းကစားမယ့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြကို လြဲေခ်ာ္ဖို႔ရွိေနပါတယ္။