ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရွေးချယ်တဲ့ Ballon d’Or ဆန်ခါတင်စာရင်းမှာ ပြင်သစ်အသင်းခေါင်းဆောင် လိုရစ်ပါဝင်နေလို့ ဝေဖန်ခံနေရ

Photo Credit

Photo Credit

မကြာသေးခင်က ထုတ်ပြန်ကြေညာလိုက်တဲ့ ၂၀၁၉ Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်း ၃၀ဦးစာရင်းမှာ ပြင်သစ်အသင်းခေါင်းဆောင် ဟူဂိုလိုရစ် ပါဝင်နေလို့ ပရိသတ်တွေကြား ပွက်လောရိုက်သွားခဲ့ပြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရွေးချယ်တဲ့ဆန်ခါတင်စာရင်းမှာ ပြင်သစ်အသင်းခေါင်းဆောင် ပါဝင်နေတာကို ထောက်ပြဝေဖန်နေပါတယ်။

Photo Credit

စပါးအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဂိုးသမားလိုရစ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ စီးတီးနဲ့အေဂျက်စ်တို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာမှန်ပေမယ့် နောက်ဆုံး ၃ရာသီအတွင်း မမှားသင့်တဲ့အမှားတွေ မကြာခဏကျူးလွန်ခဲ့တာကြောင့် အခုလိုတစ်ဦးချင်းဆုတံဆိပ်တွေအနက် ဂုဏ်သိက္ခာအကြီးမားဆုံး Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်ဆီ၊ ဗန်ဒိုက်၊ ရော်နယ်ဒိုတို့နဲ့အတူ ပါဝင်လာတာကို ပရိသတ်တွေက အံ့အားသင့်နေကြတာဖြစ်ပါတယ်။

Photo Credit

အထူးသဖြင့် သူဟာ လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေး၊ စီးတီးတိုက်စစ်မှူး အဂွဲရိုး၊ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်၊ အေဂျက်စ်တိုက်စစ်မှူး တာဒစ်တို့နဲ့အတူ ပထမဆုံးထုတ်ပြန်လိုက်တဲ့ ဆန်ခါတင် ၅ဦးစာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။ မာနေးက ပြီးခဲ့တဲ့ရာသီက လီဗာပူးအတွက် ပွဲ ၅၀ကစားခဲ့ရာမှာ ၂၆ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းကလည်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။

Photo Credit

နောက်ပြီး တာဒစ်နဲ့ ဒီဂျောင်တို့ကလည်း ယမန်နှစ်က အေဂျက်စ်အသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့မှုနဲ့ ပြည်တွင်းဖလား ၂လုံးရရှိခဲ့ရာမှာ အဓိကနေရာက ခြေစွမ်းပြနိုင်ခဲ့လို့ ဆန်ခါတင်စာရင်းမှာ ထိုက်ထိုက်တန်တန်ပါဝင်လာတာဖြစ်ပါတယ်။ အဂွဲရိုးကလည်း ယမန်နှစ်က ၄၆ပွဲကစား ၃၂ဂိုးသွင်းယူနိုင်ခဲ့ပြီး စီးတီးကလည်း ပြည်တွင်းဖလားအားလုံးရယူနိုင်ခဲ့ပါတယ်။

Photo Credit

Ballon d’Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ်ကတည်းက ပေးအပ်ချီးမြှင့်လာတာဖြစ်ပြီး နောက်ဆုံး ဆန်ခါတင် ၃ဦးစာရင်းကလည်း ဖီဖာရဲ့ The Best ဆန်ခါတင်စာရင်းအတိုင်းပဲ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်တို့ပဲ ဖြစ်လာနိုင်ပါတယ်။

Photo Credit

လိုရစ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ သူ့အမှားကြောင့် ဦးဆောင်ဂိုးပေးလိုက်ရပြီး အဲဒီဖြစ်ရပ်ကြောင့်ပဲ တံတောင်ဆစ်ဒဏ်ရာရရှိကာ အနားယူနေရပြီး အဲဒီပွဲမတိုင်ခင် ချန်ပီယံလိဂ်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်ရဲ့ ၇ဂိုးသွင်းခြင်းခံခဲ့ရပါတယ်။

Photo Credit

Zawgyi

ျပင္သစ္ေဘာလုံးမဂၢဇင္းက ေရြးခ်ယ္တဲ့ Ballon d’Or ဆန္ခါတင္စာရင္းမွာ ျပင္သစ္အသင္းေခါင္းေဆာင္ လုိရစ္ပါ၀င္ေနလုိ႔ ေ၀ဖန္ခံေနရ

မၾကာေသးခင္က ထုတ္ျပန္ေၾကညာလုိက္တဲ့ ၂၀၁၉ Ballon d’Or ဆုအတြက္ ဆန္ခါတင္စာရင္း ၃၀ဦးစာရင္းမွာ ျပင္သစ္အသင္းေခါင္းေဆာင္ ဟူဂိုလုိရစ္ ပါ၀င္ေနလုိ႔ ပရိသတ္ေတြၾကား ပြက္ေလာ႐ိုက္သြားခ့ဲၿပီး ျပင္သစ္ေဘာလုံးမဂၢဇင္းက ေရြးခ်ယ္တဲ့ဆန္ခါတင္စာရင္းမွာ ျပင္သစ္အသင္းေခါင္းေဆာင္ ပါ၀င္ေနတာကို ေထာက္ျပေ၀ဖန္ေနပါတယ္။
စပါးအသင္းေခါင္းေဆာင္လည္းျဖစ္တ့ဲ ဂိုးသမားလုိရစ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာ စီးတီးနဲ႔ေအဂ်က္စ္တုိ႔ကို ေက်ာ္ျဖတ္ကာ ဗိုလ္လုပဲြအထိတက္ေရာက္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တာမွန္ေပမယ့္ ေနာက္ဆုံး ၃ရာသီအတြင္း မမွားသင့္တဲ့အမွားေတြ မၾကာခဏက်ဴးလြန္ခဲ့တာေၾကာင့္ အခုလိုတစ္ဦးခ်င္းဆုတံဆိပ္ေတြအနက္ ဂုဏ္သိကၡာအႀကီးမားဆုံး Ballon d’Or ဆုအတြက္ ဆန္ခါတင္စာရင္းမွာ မက္ဆီ၊ ဗန္ဒိုက္၊ ေရာ္နယ္ဒိုတုိ႔နဲ႔အတူ ပါ၀င္လာတာကို ပရိသတ္ေတြက အံ့အားသင့္ေနၾကတာျဖစ္ပါတယ္။
အထူးသျဖင့္ သူဟာ လီဗာပူးတိုက္စစ္မွဴး ဆာဒီယိုမာေနး၊ စီးတီးတုိက္စစ္မွဴး အဂြဲ႐ိုး၊ ဘာစီလုိနာကြင္းလယ္လူ ဒီေဂ်ာင္၊ ေအဂ်က္စ္တုိက္စစ္မွဴး တာဒစ္တုိ႔နဲ႔အတူ ပထမဆုံးထုတ္ျပန္လုိက္တဲ့ ဆန္ခါတင္ ၅ဦးစာရင္းမွာ ပါ၀င္လာတာျဖစ္ပါတယ္။ မာေနးက ၿပီးခဲ့တဲ့ရာသီက လီဗာပူးအတြက္ ပြဲ ၅၀ကစားခဲ့ရာမွာ ၂၆ဂိုးသြင္းယူႏုိင္ခဲ့သလို အသင္းကလည္း ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ခဲ့ပါတယ္။
ေနာက္ၿပီး တာဒစ္နဲ႔ ဒီေဂ်ာင္တုိ႔ကလည္း ယမန္ႏွစ္က ေအဂ်က္စ္အသင္း ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့မႈနဲ႔ ျပည္တြင္းဖလား ၂လုံးရရွိခဲ့ရာမွာ အဓိကေနရာက ေျခစြမ္းျပႏိုင္ခဲ့လို႔ ဆန္ခါတင္စာရင္းမွာ ထိုက္ထိုက္တန္တန္ပါ၀င္လာတာျဖစ္ပါတယ္။ အဂြဲ႐ိုးကလည္း ယမန္ႏွစ္က ၄၆ပြဲကစား ၃၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီး စီးတီးကလည္း ျပည္တြင္းဖလားအားလုံးရယူႏိုင္ခဲ့ပါတယ္။
Ballon d’Or ဆုကို ျပင္သစ္ေဘာလုံးမဂၢဇင္းက ၁၉၅၆ ခုႏွစ္ကတည္းက ေပးအပ္ခ်ီးျမႇင့္လာတာျဖစ္ၿပီး ေနာက္ဆုံး ဆန္ခါတင္ ၃ဦးစာရင္းကလည္း ဖီဖာရဲ႕ The Best ဆန္ခါတင္စာရင္းအတုိင္းပဲ ဘာစီလုိနာအသင္းတုိက္စစ္မွဴး မက္ဆီ၊ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒုိနဲ႔ လီဗာပူးေနာက္ခံလူ ဗန္ဒုိက္တုိ႔ပဲ ျဖစ္လာႏိုင္ပါတယ္။
လုိရစ္ဟာ ဘ႐ိုက္တန္နဲ႔ပဲြမွာ သူ႕အမွားေၾကာင့္ ဦးေဆာင္ဂိုးေပးလုိက္ရၿပီး အဲဒီျဖစ္ရပ္ေၾကာင့္ပဲ တံေတာင္ဆစ္ဒဏ္ရာရရွိကာ အနားယူေနရၿပီး အဲဒီပြဲမတုိင္ခင္ ခ်န္ပီယံလိဂ္ပြဲမွာလည္း ဘုိင္ယန္ျမဴးနစ္ရဲ႕ ၇ဂိုးသြင္းျခင္းခံခဲ့ရပါတယ္။