
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရို-၂၀၂၀ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဘယ်ခြမ်းတိုက်စစ်အတွက် အကောင်းဆုံးခြေစွမ်းပြနေလို့ အသင်းဖော်တွေက ‘ရော်ဘတ်တိုရှော’၊
‘ရှောဘတ်တိုကားလို့စ်’ဆိုပြီး နာမည်ပြောင်ပေးထားကြတဲ့ ဘယ်နောက်ခံလူလုခ်ရှောဟာ အခု ယူရိုပြိုင်ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်က ပြင်သစ်ဂန္ထဝင်ကစားသမားကြီး ဇီဒန်းထက်တောင် ပိုကောင်းမွန်နေပါတယ်။
လုခ်ရှောဟာ ယူကရိန်းအသင်းကို (၄)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ယူရိုကွာတားဖိုင်နယ်ပွဲမှာ မက်ဂွိုင်းယား၊ ဟယ်ရီကိန်းရဲ့ ဒုတိယဂိုးတွေသွင်းယူနိုင်အောင် ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး
သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ ဒီကလန်ရိုက်စ်နဲ့ ဟယ်ရီကိန်းတို့က ဘရာဇီးလ်အသင်းဂန္ထဝင်ဘယ်နောက်ခံလူ ရော်ဘတ်တိုကားလို့စ်နဲ့ ခိုင်းနှိုင်းပြီးတော့ ‘ရော်ဘတ်တိုရှော’၊ ‘ရှောဘတ်တို’လို့ နာမည်ပြောင်ပေးခဲ့ကြတာဖြစ်ပါတယ်။
လုခ်ရှောဟာ ဂျာမနီကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာလည်း စတာလင်ရဲ့အဖွင့်ဂိုးအတွက် ဖန်တီးမှုလုပ်ခဲ့တာကြောင့် အခုယူရိုပြိုင်ပွဲမှာ သူ့ရဲ့ဂိုးဖန်တီးမှုက (၃)ကြိမ်ရှိလာပါပြီ။
ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၀၀ ချန်ပီယံဆုရခဲ့တဲ့ နာမည်ကျော်ကစားသမားဟောင်း ဇီဒန်းတောင် ယူရိုပြိုင်ပွဲတစ်လျှောက်မှာ ဂိုးဖန်တီးမှုနှစ်ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး အခု လုခ်ရှောက ဇီဒန်းထက် ပိုသာတဲ့စွမ်းဆောင်ရည်မျိုးပြသနေတာပါ။
ဇီဒန်းထက် စွမ်းဆောင်ရည်မှတ်တမ်းပိုကောင်းနေတာနဲ့ပတ်သက်လို့ လုခ်ရှောက “တကယ့်ကို ထူးခြားပြီး ကျေနပ်စရာကောင်းတဲ့မှတ်တမ်းတစ်ခုပါပဲ။
ဇီဒန်းဆိုတာက ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကွင်းလယ်လူတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ပြီး သူနဲ့ကျွန်တော် ဘယ်လိုမှနှိုင်းယှဉ်လို့မရပါဘူး။
ဇီဒန်းထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်မှတ်တမ်းရခဲ့လို့ ပျော်ရွှင်မိပေမယ့် ကျွန်တော့်အတွက်အရေးကြီးဆုံးက ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဝင်ဘလေကွင်းမှာ ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အင်္ဂလန်ပရိသတ်တွေ ပျော်ရွှင်မှုရအောင် ကျွန်တော်တို့စွမ်းဆောင်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ျပင္သစ္ဂႏၴဝင္ဇီဒန္းရဲ႕ ယူ႐ိုစြမ္းေဆာင္ရည္မွတ္တမ္းထက္ သာလြန္ေနတဲ့ ‘ေရွာဘတ္တိုကားလို႔စ္’
ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ အဂၤလန္အသင္းဘယ္ျခမ္းတိုက္စစ္အတြက္ အေကာင္းဆုံးေျခစြမ္းျပေနလို႔ အသင္းေဖာ္ေတြက ‘ေရာ္ဘတ္တိုေရွာ’၊ ‘ေရွာဘတ္တိုကားလို႔စ္’ဆိုၿပီး နာမည္ေျပာင္ေပးထားၾကတဲ့ ဘယ္ေနာက္ခံလူလုခ္ေရွာဟာ အခု ယူ႐ိုၿပိဳင္ပြဲမွာ သူ႔ရဲ႕စြမ္းေဆာင္ရည္က ျပင္သစ္ဂႏၴဝင္ကစားသမားႀကီး ဇီဒန္းထက္ေတာင္ ပိုေကာင္းမြန္ေနပါတယ္။
လုခ္ေရွာဟာ ယူကရိန္းအသင္းကို (၄)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ ယူ႐ိုကြာတားဖိုင္နယ္ပြဲမွာ မက္ဂြိဳင္းယား၊ ဟယ္ရီကိန္းရဲ႕ ဒုတိယဂိုးေတြသြင္းယူႏိုင္ေအာင္ ဂိုးဖန္တီးမႈႏွစ္ႀကိမ္ျပဳလုပ္ခဲ့ၿပီး သူ႔ရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ အဂၤလန္အသင္းေဖာ္ေတြျဖစ္တဲ့ ဒီကလန္႐ိုက္စ္နဲ႔ ဟယ္ရီကိန္းတို႔က ဘရာဇီးလ္အသင္းဂႏၴဝင္ဘယ္ေနာက္ခံလူ ေရာ္ဘတ္တိုကားလို႔စ္နဲ႔ ခိုင္းႏႈိင္းၿပီးေတာ့ ‘ေရာ္ဘတ္တိုေရွာ’၊ ‘ေရွာဘတ္တို’လို႔ နာမည္ေျပာင္ေပးခဲ့ၾကတာျဖစ္ပါတယ္။ လုခ္ေရွာဟာ ဂ်ာမနီကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာလည္း စတာလင္ရဲ႕အဖြင့္ဂိုးအတြက္ ဖန္တီးမႈလုပ္ခဲ့တာေၾကာင့္ အခုယူ႐ိုၿပိဳင္ပြဲမွာ သူ႔ရဲ႕ဂိုးဖန္တီးမႈက (၃)ႀကိမ္ရွိလာပါၿပီ။
ျပင္သစ္အသင္းနဲ႔အတူ ယူ႐ို-၂၀၀၀ ခ်န္ပီယံဆုရခဲ့တဲ့ နာမည္ေက်ာ္ကစားသမားေဟာင္း ဇီဒန္းေတာင္ ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ဂိုးဖန္တီးမႈႏွစ္ႀကိမ္သာျပဳလုပ္ႏိုင္ခဲ့ၿပီး အခု လုခ္ေရွာက ဇီဒန္းထက္ ပိုသာတဲ့စြမ္းေဆာင္ရည္မ်ိဳးျပသေနတာပါ။ ဇီဒန္းထက္ စြမ္းေဆာင္ရည္မွတ္တမ္းပိုေကာင္းေနတာနဲ႔ပတ္သက္လို႔ လုခ္ေရွာက “တကယ့္ကို ထူးျခားၿပီး ေက်နပ္စရာေကာင္းတဲ့မွတ္တမ္းတစ္ခုပါပဲ။
ဇီဒန္းဆိုတာက ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကြင္းလယ္လူေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္ၿပီး သူနဲ႔ကြၽန္ေတာ္ ဘယ္လိုမွႏႈိင္းယွဥ္လို႔မရပါဘူး။ ဇီဒန္းထက္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္မွတ္တမ္းရခဲ့လို႔ ေပ်ာ္႐ႊင္မိေပမယ့္ ကြၽန္ေတာ့္အတြက္အေရးႀကီးဆုံးက ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ ဝင္ဘေလကြင္းမွာ ဆီမီးဖိုင္နယ္ပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဂၤလန္ပရိသတ္ေတြ ေပ်ာ္႐ႊင္မႈရေအာင္ ကြၽန္ေတာ္တို႔စြမ္းေဆာင္ျပႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။