ပြင်သစ်ကလပ်နဲ့ ချိတ်ပြီးသား ရာမို့စ်ကို ဖြတ်ခုတ်ချင်တဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာလာတဲ့ ဝါရင့် စပိန်ခံစစ်မှူး ရာမို့စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ရာမို့စ် ကို ခေါ်ယူဖို့ ဦးဆောင်နေတာဖြစ်ပြီး ပြင်သစ်ကလပ် ဟာ ရီးရဲလ် နောက်ခံလူဟောင်းကို တစ်နှစ်စာချုပ်ချုပ်ဆိုပြီး နောက်ထပ်တစ်နှစ်ထပ်မံ သက်တမ်းတိုးဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ဂိုးလ်ကွန်းသတင်းဌာနရဲ့ဖော်ပြချက်မှာတော့ ပီအက်စ်ဂျီ နဲ့ ရာမို့စ် တို့ ဟာ အပြောင်းအရွှေ့အတွက် အခုအချိန်ထိ သဘောတူညီမှုမရရှိသေးဘူးလို့ ဆိုထားတာပါ။

အာဆင်နယ် အသင်းကတော့ ရာမို့စ် ကို ခေါ်ယူနိုင်ဖို့ အတွက်အဲ ဒီအခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၃၅နှစ် အရွယ်ရာမို့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ တချို့ကြောင့် ပွဲကစားချိန် အနည်းငယ် လျော့နည်းခဲ့ပေမယ့်

သူ့ရဲ့ ခြေစွမ်းဟာ အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိနေသလို သူ့ရဲ့ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းကလည်း မြင့်မားတာကြောင့် သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ စပိန်လူမျိုး နည်းပြ ဖြစ်သူ အာတီတာဟာ ရာမို့စ်ကို ခေါ်ယူနိုင်ဖို့ သူကိုယ်တိုင် ဖုန်းဆက်ကာ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

ဟိုကဒီက ချိတ်ဆက်လာတာတွေရှိတဲ့ အချိန်၊ အာဆင်နယ်အသင်းဆီ ကနေ ကမ်းလှမ်းမှု ရလာချိန်မှာ ရာမို့စ်တစ်ယောက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ချုပ်ဆိုမယ့် အစီအစဉ်ကို ခေတ္တ ရပ်ဆိုင်းခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှု တချို့ ပြုလုပ်နေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ရာမို့စ်ကို ခေါ်ယူချင်ပါက ပီအက်စ်ဂျီအသင်းက ရာမို့စ်ကို ကမ်းလှမ်းထားတဲ့ လုပ်ခလစာထက် ပိုမို များပြားတဲ့ လုပ်ခလစာကို ပေးချေရဖို့ ရှိပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို တစ်ပတ် လုပ်ခလစာ ယူရို ၂၀၀၀၀၀ အထိ ပေးချေဖို့ ကမ်းလှမ်းထားတာပဲ ဖြစ်ပါတယ်။

ရာမို့စ် ဟာ ရီးရဲလ်အသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား (၄)ကြိမ်၊လာလီဂါဖလား (၅)ကြိမ်အပါအဝင် အဓိကဆုဖလား အများအပြားကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi








