ပြင်သစ်ကလပ်ကို ရွေးချယ်လိုက်ပြီ ဖြစ်တဲ့ ရာမို့စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေတဲ့အတွက် အသင်းကနေ ထွက်ခွာခဲ့တဲ့ ရာမို့စ်ဟာ အခုတော့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပါပြီ။

ရာမို့စ်ဟာ ရီးရဲလ်က ထွက်ခွာချိန် အသင်းဘက်က ခမ်းခမ်းနားနားနဲ့ နှုတ်ဆက်ဂုဏ်ပြုပွဲလုပ်ပေးခဲ့ပါတယ်။

နှုတ်ဆက်ပွဲမှာ ရာမို့စ်တစ်ယောက် မျက်ရည်လည်ရွှဲနဲ့ အမှတ်တရ စကားတွေဆိုပြီး၊ သူပြန်လာခဲ့မယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ခွန်အားအသစ်တွေနဲ့ ရာမို့စ် ပြန်လာပါတော့မယ်။

ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

အသင်းအသစ်ရတဲ့ ရာမို့စ်အတွက် ငွေကြေးပိုင်းကတော့ အရမ်းအားရစရာမရှိပါဘူး။ပီ

အက်စ်ဂျီမှာ သူ့ရဲ့ လစာက ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိနေစဉ်က ရခဲ့တဲ့ လစာထက် နည်းပါးပါမယ်။

ပိုက်ဆံကိစ္စဟာ ရာမို့စ်အတွက် အနှောက်အယှက်မဖြစ်စေနိုင်ပါဘူး။

ဘာကြောင့်လဲဆိုရင် ရာမို့စ်ဟာ ကမ်းလှမ်းမှုတွေ များစွာထဲကပီအက်စ်ဂျီအသင်းကို ရွေးချယ်ခဲ့တဲ့ အဓိက အကြောင်းအရင်းက ငွေကြေးကြောင့် မဟုတ်ဘဲ သူ့ရဲ့ အရည်အသွေးတွေကို သက်သေပြဖို့ ဖြစ်ကြောင်း သိရပါတယ်။

ပြင်သစ်ကလပ်ကို ရွေးတဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး နေမာနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။

ပြင်သစ်ကလပ်ဖက်ကလည်း ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အိပ်မက်မက်နေတဲ့ အတွက် ရာမို့စ်ရဲ့ အတွေ့အကြုံက သူတို့ကို ကူညီနိုင်မယ်လို့ ယူဆပါတယ်။

လက်ရှိမှာတော့ ရာမို့စ်တစ်ယောက် ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆီကို သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ သွားနေပါပြီ။

ရာမို့စ်ဟာ၂၀၀၅ခုနှစ်က ဆီဗီလာအသင်းကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့ဝာာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးအဖြစ်
သက်သေပြသနိုင်ခဲ့ပါတယ်။

ရာမို့စ်ဟာ ရီးရဲလ်အသင်းအတွက် ပွဲပေါင်း ၆၇၁ပွဲ ပါဝင်ကစားထားပြီး ၁၀၁ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းနဲ့အတူ လာလီဂါ ၅ ကြိမ်၊ ချန်ပီယံလိဂ်၄ ကြိမ် အပါအဝင် အဓိကဆုဖလား အများအပြား ရာမို့စ်က ရယူနိုင်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျပင္သစ္ကလပ္ကို ​ေ႐ြးခ်ယ္လိုက္ၿပီ ျဖစ္တဲ့ ရာမို႔စ္

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပတဲ့အတြက္ အသင္းကေန ထြက္ခြာခဲ့တဲ့ ရာမို႔စ္ဟာ အခုေတာ့ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ အလုံးစုံ သေဘာတူညီမႈ ရရွိခဲ့ပါၿပီ။

ရာမို႔စ္ဟာ ရီးရဲလ္က ထြက္ခြာခ်ိန္ အသင္းဘက္က ခမ္းခမ္းနားနားနဲ႔ ႏႈတ္ဆက္ဂုဏ္ျပဳပြဲလုပ္ေပးခဲ့ပါတယ္။ ႏႈတ္ဆက္ပြဲမွာ ရာမို႔စ္တစ္ေယာက္ မ်က္ရည္လည္႐ႊဲနဲ႔ အမွတ္တရ စကားေတြဆိုၿပီး၊ သူျပန္လာခဲ့မယ္လို႔ ေျပာခဲ့ပါတယ္။ အခုေတာ့ ခြန္အားအသစ္ေတြနဲ႔ ရာမို႔စ္ ျပန္လာပါေတာ့မယ္။

ရာမို႔စ္ဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ၂ႏွစ္သက္တမ္း ရွိတဲ့ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုသြားမွာ ျဖစ္ပါတယ္။ အသင္းအသစ္ရတဲ့ ရာမို႔စ္အတြက္ ေငြေၾကးပိုင္းကေတာ့ အရမ္းအားရစရာမရွိပါဘူး။ပီအက္စ္ဂ်ီမွာ သူ႔ရဲ႕ လစာက ရီးရဲလ္မက္ဒရစ္အသင္းမွာ ရွိေနစဥ္က ရခဲ့တဲ့ လစာထက္ နည္းပါးပါမယ္။

ပိုက္ဆံကိစၥဟာ ရာမို႔စ္အတြက္ အေႏွာက္အယွက္မျဖစ္ေစႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ရာမို႔စ္ဟာ ကမ္းလွမ္းမႈေတြ မ်ားစြာထဲကပီအက္စ္ဂ်ီအသင္းကို ေ႐ြးခ်ယ္ခဲ့တဲ့ အဓိက အေၾကာင္းအရင္းက ေငြေၾကးေၾကာင့္ မဟုတ္ဘဲ သူ႔ရဲ႕ အရည္အေသြးေတြကို သက္ေသျပဖို႔ ျဖစ္ေၾကာင္း သိရပါတယ္။​ျပင္သစ္ကလပ္ကို ​ေ႐ြးတဲ့ ေနာက္ထပ္ အေၾကာင္းျပခ်က္တစ္ခုက​ေတာ့ ပီအက္စ္ဂ်ီအသင္း၏ တိုက္စစ္မႉး ေနမာႏွင့္ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတာေၾကာင့္ျဖစ္ေၾကာင္း သိရပါတယ္။

ျပင္သစ္ကလပ္ဖက္ကလည္း ခ်န္ပီယံလိဂ္ဖလားကို ရယူဖို႔ အိပ္မက္မက္ေနတဲ့ အတြက္ ရာမို႔စ္ရဲ႕ အေတြ႕အႀကဳံက သူတို႔ကို ကူညီႏိုင္မယ္လို႔ ယူဆပါတယ္။ လက္ရွိမွာေတာ့ ရာမို႔စ္တစ္ေယာက္ ေဆးစစ္မႈေတြ လုပ္ေဆာင္ဖို႔ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ဆီကို သူ႔ရဲ႕အစ္ကိုျဖစ္သူနဲ႔ သြားေနပါၿပီ။

ရာမို႔စ္ဟာ၂၀၀၅ခုႏွစ္က ဆီဗီလာအသင္းကေန ရီးရဲလ္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ဝာာျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံးေနာက္ခံလူေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ခဲ့ပါတယ္။ရာမို႔စ္ဟာ ရီးရဲလ္အသင္းအတြက္ ပြဲေပါင္း ၆၇၁ပြဲ ပါဝင္ကစားထားၿပီး ၁၀၁ဂိုး အထိ သြင္းယူထားႏိုင္ခဲ့ပါတယ္။ရီးရဲလ္အသင္းနဲ႔အတူ လာလီဂါ ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္၄ ႀကိမ္ အပါအဝင္ အဓိကဆုဖလား အမ်ားအျပား ရာမို႔စ္က ရယူႏိုင္ခဲ့တာပါ။