ပဲလေ့စ်နဲ့ပွဲမှာ VAR အကူအညီမန်ယူရခဲ့သလို VAR ဟာ မှန်းဖို့ခက်တယ်လို့လည်း ရက်ရှ်ဖို့ဒ်ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်ယူကို ၂-၀ နဲ့ရှုံးတဲ့ပွဲမှာ ပဲလေ့စ်ရဲ့ချေပဂိုးဟာ VAR နဲ့ပယ်ချခံခဲ့ရပြီးနောက် ကစားသမားတွေဟာ VAR ဆီကနေ ဘာမျှော်မှန်းရမလဲမသိဘူးလို့ မန်ယူတိုက်စစ်မှုးရက်ရှိဖို့ဒ်က ဝန်ခံပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ ပထမပိုင်းပြီးကာနီး ရက်ရှိဖို့ဒ်သွင်းတဲ့ အဖွင့်ဂိုးနဲ့ မန်ယူဦးဆောင်နိုင်ခဲ့ပြီးနောက် ဒုတိယပိုင်း ၅၅ မိနစ်မှာ ဂျော်ဒန်အယူးရဲ့သွင်းယူမှုနဲ့ ပဲလေ့စ်ပြန်ချေပနိုင်ခဲ့ပေမယ့် VAR ကြည့်ပြီး လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့တာပါ။

photo-credit

ဒါပေမဲ့ ပရိသတ်ကိုပြတဲ့ VAR ရုပ်သံမှာ ဂျော်ဒန်အယူးဟာ တကယ့်ကို အရမ်းအရမ်းမဆိုသလောက်သာ ကျွံတယ်လို့ ထင်ရပါတယ်။ ဒါကြောင့်လည်း အခုရသီပရီ်းမီးယားလိဂ်မှာ မန်ယူဘက်ကိုသွင်းခဲ့ပေမယ့် VAR နဲ့ပယ်ချခံရမှုဂိုးအရေအတွက်ဟာ ၇ လုံးရှိသွားပြီ ဖြစ်ပါတယ်။

photo-credit

အဲဒါဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပူးတွဲအများဆုံးဖြစ်ပြီး ဆောက်သမ်တန်နဲ့ဘရိုက်တန်တို့နဲ့ တူညီသွားခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ကတော့  VAR နဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။ ”VAR နဲ့ဆိုရင် ဘာကိုမျှော်လင့်ရမှန်း မသိဘူး။ အဲဒါဟာ နှစ်သင်းစလုံးအတွက် တချို့အချိန်တွေမှာ ခက်ခဲနိုင်ပါတယ်”လို့ ဆိုခဲ့တာပါ။

photo-credit

ပဲလေ့စ်အသင်းဥက္ကဌစတိဗ်ပါရစ်ရှ်ကလည်း သူ့အသင်းဟာ ဒိုင်ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ရင် ကံမကောင်းဘူးလို့ ဆိုရှယ်မီဒီယာထက်မှာ VAR ကိုရည်ညွန်းပြီး ပြောခဲ့ပါတယ်။ ပဲလေ့စ်ဟာ အဲဒီပွဲမှာ VAR နဲ့ ၁ ဂိုးပယ်ဖျက်ခံခဲ့ရသလို ပင်နယ်တီရဖို့လည်း ကံမကောင်းခဲ့ပါဘူး။

[Zawgyi]

ပဲေလ့စ္နဲ႔ပြဲမွာ VAR အကူအညီမန္ယူရခဲ့သလုိ VAR ဟာ မွန္းဖုိ႔ခက္တယ္လုိ႔လည္း ရက္ရွ္ဖို႔ဒ္၀န္ခံ

မန္ယူကို ၂-၀ နဲ႔ရႈံးတဲ့ပြဲမွာ ပဲေလ့စ္ရဲ႕ေခ်ပဂိုးဟာ VAR နဲ႔ပယ္ခ်ခံခဲ့ရၿပီးေနာက္ ကစားသမားေတြဟာ VAR ဆီကေန ဘာေမွ်ာ္မွန္းရမလဲမသိဘူးလုိ႔ မန္ယူတိုက္စစ္မႈးရက္ရွိဖို႔ဒ္က ၀န္ခံေျပာၾကားလိုက္ပါတယ္။ အဲဒီပြဲမွာ ပထမပိုင္းၿပီးကာနီး ရက္ရွိဖို႔ဒ္သြင္းတဲ့ အဖြင့္ဂိုးနဲ႔ မန္ယူဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ဒုတိယပိုင္း ၅၅ မိနစ္မွာ ေဂ်ာ္ဒန္အယူးရဲ႕သြင္းယူမႈနဲ႔ ပဲေလ့စ္ျပန္ေခ်ပႏိုင္ခဲ့ေပမယ့္ VAR ၾကည့္ၿပီး လူကၽြံေဘာအျဖစ္သာ သတ္မွတ္ခဲ့တာပါ။

ဒါေပမဲ့ ပရိသတ္ကိုျပတဲ့ VAR ရုပ္သံမွာ ေဂ်ာ္ဒန္အယူးဟာ တကယ့္ကို အရမ္းအရမ္းမဆုိသေလာက္သာ ကၽြံတယ္လို႔ ထင္ရပါတယ္။ ဒါေၾကာင့္လည္း အခုရသီပရီး္မီးယားလိဂ္မွာ မန္ယူဘက္ကိုသြင္းခဲ့ေပမယ့္ VAR နဲ႔ပယ္ခ်ခံရမႈဂုိးအေရအတြက္ဟာ ၇ လုံးရွိသြားၿပီ ျဖစ္ပါတယ္။

အဲဒါဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ပူးတြဲအမ်ားဆုံးျဖစ္ၿပီး ေဆာက္သမ္တန္နဲ႔ဘရိုက္တန္တို႔နဲ႔ တူညီသြားခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္ကေတာ့  VAR နဲ႔ပတ္သက္ၿပီး အခုလိုေျပာပါတယ္။ ”VAR နဲ႔ဆုိရင္ ဘာကိုေမွ်ာ္လင့္ရမွန္း မသိဘူး။ အဲဒါဟာ ႏွစ္သင္းစလုံးအတြက္ တခ်ိဳ႕အခ်ိန္ေတြမွာ ခက္ခဲႏိုင္ပါတယ္”လို႔ ဆုိခဲ့တာပါ။

ပဲေလ့စ္အသင္းဥကၠဌစတိဗ္ပါရစ္ရွ္ကလည္း သူ႔အသင္းဟာ ဒိုင္ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ရင္ ကံမေကာင္းဘူးလို႔ ဆုိရွယ္မီဒီယာထက္မွာ VAR ကုိရည္ညြန္းၿပီး ေျပာခဲ့ပါတယ္။ ပဲေလ့စ္ဟာ အဲဒီပြဲမွာ VAR နဲ႔ ၁ ဂိုးပယ္ဖ်က္ခံခဲ့ရသလို ပင္နယ္တီရဖုိ႔လည္း ကံမေကာင္းခဲ့ပါဘူး။