ပဲလေ့စ်နဲ့ပွဲကို ဆာလက်နဲ့ရောဘတ်ဆန် လွဲဖို့ရှိနေ

PC ; Internet

ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာ ဒဏ်ရာကြောင့် အီဂျစ်နဲ့ စကော့တလန်အသင်းတို့ရဲ့ လူစာရင်းကနေ အသီးသီးနှုတ်ထွက်ခဲ့ကြတဲ့ ဆာလက်နဲ့ရောဘတ်ဆန်တို့ဟာ လာမယ့်စနေညကစားမယ့် ပဲလေ့စ်နှင့်ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေတယ်လို့ Sky Sport News ကဖော်ပြလိုက်ပါတယ်။ ကစားသမားနှစ်ဦးစလုံးဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေတာဖြစ်သလို အမှတ်ပေးဇယားဒုတိယနေရာက လက်စတာကို ၈မှတ်အထိဖြတ်ထားနိုင်တဲ့ မိခင်ကလပ်လီဗာပူးအသင်းကစားခဲ့တဲ့ ပွဲစဉ်အချို့မှာလည်း ဒဏ်ရာရလျက်နဲ့ဝင်ရောက်ကစားပေးခဲ့ကြတာပါ။

PC ; Internet

ဆာလက်ဟာ လက်စတာနဲ့ပွဲမှာ ပြိုင်ဘက်ကွင်းလယ်လူ ချော့ဟူရီ ရဲ့ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး လီဗာပူးရဲ့နိုင်ပွဲဆက်မှုရပ်တန့်ခဲ့တဲ့ မန်ယူနဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာလည်း အီဂျစ်တိုက်စစ်မှူးဟာ ဖာနန်ဒင်ညိုရဲ့တားဆီးမှုကြောင့်ဒဏ်ရာထပ်မံရရှိခဲ့ပြီး အကာအကွယ်ဖိနပ်ကိုဝတ်ဆင်ခဲ့ရသလို ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာ အီဂျစ်အသင်းလူစာရင်းကနေ နှုတ်ထွက်သွားခဲ့ရပါတယ်။

PC ; Internet

ရောဘတ်ဆန်ကလည်း မန်စီးတီးနဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာကြုံခဲ့ပြီးနောက် ဆိုက်ပရပ်စ်၊ ကာဇက်စတန်တို့နဲ့ကစားခဲ့တဲ့ ယူရို ၂၀၂၀ခြေစစ်ပွဲဝင် စကော့တလန်အသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင်က လီဗာပူးအသင်းပွဲစဉ်တိုင်းမှာ ပါဝင်ကစားလိုစိတ်ရှိပေမယ့် လွန်ခဲ့တဲ့ ၂ပတ်ခွဲကာလအတွင်း အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်အားလုံးမှာ မပါဝင်နိုင်ခဲ့ဘူးလို့ ဝန်ခံသွားပါတယ်။

PC ; Internet

ဒါကြောင့် ဒီကစားသမား ၂ဦးစလုံးဟာ ဆဲလ်ဟတ်ပါ့ခ်မှာ ကစားမယ့် ပဲလေ့စ်နဲ့ပွဲစဉ်ကိုလွဲချော်ဖို့ သေချာသလောက်ရှိနေပြီး အခြားအင်္ဂလန်ကစားသမား ၂ဦးဖြစ်တဲ့ ဂျိုးဂိုမက်ဇ်နဲ့ဟန်ဒါဆန်တို့ကလည်း ဒဏ်ရာပြသနာနဲ့ရင်ဆိုင်နေရတာကြောင့် ပဲလေ့စ်နှင့်ပွဲစဉ်မှာ ပါဝင်ကစားဖို့ မသေချာဘူးလို့သိရပါတယ်။

(zawgyi)

ၿပီးခဲ့တဲ့ႏိုင္ငံတကာရက္သတၱပတ္အတြင္းမွာ ဒဏ္ရာေၾကာင့္ အီဂ်စ္နဲ႔ စေကာ့တလန္အသင္းတို႔ရဲ႕ လူစာရင္းကေန အသီးသီးႏွဳတ္ထြက္ခဲ့ၾကတဲ့ ဆာလက္နဲ႔ေရာဘတ္ဆန္တို႔ဟာ လာမယ့္စေနညကစားမယ့္ ပဲေလ့စ္ႏွင့္ပြဲစဥ္ကို လြဲေခ်ာ္ရဖြယ္ရွိေနတယ္လို႔ု Sky Sport News ကေဖာ္ျပလိုက္ပါတယ္။ ကစားသမားႏွစ္ဦးစလံုးဟာ ေျခက်င္း၀တ္ဒဏ္ရာရရွိေနတာျဖစ္သလို အမွတ္ေပးဇယားဒုတိယေနရာက လက္စတာကို ၈မွတ္အထိျဖတ္ထားႏိုင္တဲ့ မိခင္ကလပ္လီဗာပူးအသင္းကစားခဲ့တဲ့ ပြဲစဥ္အခ်ိဳ႔မွာလည္း ဒဏ္ရာရလ်က္နဲ႔၀င္ေရာက္ကစားေပးခဲ့ၾကတာပါ။ ဆာလက္ဟာ လက္စတာနဲ႔ပြဲမွာ ၿပိဳင္ဘက္ကြင္းလယ္လူ ေခ်ာ့ဟူရီ ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ေျခက်င္း၀တ္္ဒဏ္ရာရခဲ့တာျဖစ္ျပီး လီဗာပူးရဲ႕ႏိုင္ပြဲဆက္မႈရပ္တန္႔ခဲ့တဲ့ မန္ယူနဲ႔ပြဲစဥ္ကိုလြဲေခ်ာ္ခဲ့ပါတယ္။ မန္စီးတီးနဲ႔ပြဲမွာလည္း အီဂ်စ္တိုက္စစ္မွဴးဟာ ဖာနန္ဒင္ညိဳရဲ႕တားဆီးမႈေၾကာင့္ဒဏ္ရာထပ္မံရရွိခဲ့ျပီး အကာအကြယ္ဖိနပ္ကို၀တ္ဆင္ခဲ့ရသလို ျပီးခဲ့တဲ့ ႏိုင္ငံတကာရက္သတၱပတ္အတြင္းမွာ အီဂ်စ္အသင္းလူစာရင္းကေန ႏွဳတ္ထြက္သြားခဲ့ရပါတယ္။ ေရာဘတ္ဆန္ကလည္း မန္စီးတီးနဲ႔ပြဲစဥ္မွာ ေျခက်င္း၀တ္ဒဏ္ရာၾကံဳခဲ့ျပီးေနာက္ ဆိုက္ပရပ္စ္၊ ကာဇက္စတန္တို႔နဲ႔ကစားခဲ့တဲ့ ယူရို ၂၀၂၀ေျခစစ္ပြဲ၀င္ စေကာ့တလန္အသင္းလူစာရင္းကေန ႏွဳတ္ထြက္ခဲ့သူျဖစ္ပါတယ္။ ကာယကံရွင္ကိုယ္တိုင္က လီဗာပူးအသင္းပြဲစဥ္တိုင္းမွာ ပါ၀င္ကစားလိုစိတ္ရွိေပမယ့္ လြန္ခဲ့တဲ့ ၂ပတ္ခြဲကာလအတြင္း အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္အားလံုးမွာ မပါ၀င္ႏိုင္ခဲ့ဘူးလိို႔ ၀န္ခံသြားပါတယ္။ ဒါေၾကာင့္ ဒီကစားသမား ၂ဦးစလံုးဟာ ဆဲလ္ဟတ္ပါ့ခ္မွာ ကစားမယ့္ ပဲေလ့စ္နဲ႔ပြဲစဥ္ကိုလြဲေခ်ာ္ဖို႔ ေသခ်ာသေလာက္ရွိေနျပီး အျခားအဂၤလန္ကစားသမား ၂ဦးျဖစ္တဲ့ ဂ်ိဳးဂိုမက္ဇ္နဲ႔ဟန္ဒါဆန္တို႔ကလည္း ဒဏ္ရာျပသနာန႔ဲရင္ဆိုင္ေနရတာေၾကာင့္ ပဲေလ့စ္ႏွင့္ပြဲစဥ္မွာ ပါ၀င္ကစားဖို႔ မေသခ်ာဘူးလို႔သိရပါတယ္။