ပဲလေ့စ်နဲ့ကစားမယ့်ပွဲကို ဆွန်ဟောင်မင်အပါအဝင် စပါးအသင်းကစားသမား(၇)ဦးအထိလွဲချော်ဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီပရီးမီးယားလိဂ်အစမှာ ရလဒ်ကောင်းတွေဆက်တိုက်ရယူနေတဲ့ စပါးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေကြောင့် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုနဲ့ရင်ဆိုင်နေရပြီး အခုတစ်ပတ်စနေနေ့ကျရင် ပဲလေ့စ်နဲ့ကစားမယ့်ပွဲကို အဓိကတိုက်စစ်ကစားသမားဆွန်ဟောင်မင်အပါအဝင် ကစားသမား(၇)ဦးအထိလွဲချော်ဖို့ရှိနေပါပြီ။

စပါးအသင်းရဲ့တောင်အမေရိက,ကစားသမား(၃)ဦးဖြစ်တဲ့ လိုဆယ်ဆို၊ ခရစ္စရှန်ရိုမဲရိုးနဲ့ ဒါဗင်ဆင်ဆန်းချက်ဇ်တို့ဟာ အာဂျင်တီးနား၊ ကိုလံဘီယာအသင်းတို့နဲ့အတူ နိုင်ငံပွဲတွေကစားခဲ့တာကြောင့် ဗြိတိန်ကို ပြန်ရောက်ရင် Quarantine ဝင်ရမှာဖြစ်လို့ ပဲလေ့စ်နဲ့ပွဲကို သေချာပေါက်လွဲချော်မှာပါ။

လိုဆယ်ဆို၊ ခရစ္စရှန်ရိုမဲရိုးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဘရာဇီးလ်နဲ့ကစားခဲ့တဲ့ ၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်တီးနားအတွက်ပါဝင်ကစားခဲ့ပေမယ့် သူတို့နှစ်ယောက်အပါအဝင်

ဂိုးသမားမာတီနက်ဇ်နဲ့ဘွမ်ဒီယာတို့ဟာ ကိုဗစ်စည်းကမ်းတွေကိုချိုးဖောက်ခဲ့လို့ ဘရာဇီးလ်ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ထိန်းသိမ်းတာခံခဲ့ရပြီး ပွဲကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။

ကိုလံဘီယာနောက်ခံလူ ဒါဗင်ဆင်ဆန်းချက်ဇ်က လက်ရွေးစင်အသင်းနဲ့အတူ ဘိုလစ်ဗီးယား၊ ပါရာဂွေးတို့နဲ့အဝေးကွင်းပွဲကစားရတာကြောင့် သူတို့(၃)ယောက်စလုံး (၁၀)ရက်ကြာ Quarantine ဝင်ရမှာဖြစ်တဲ့အတွက် ပဲလေ့စ်နဲ့ပွဲအပြင် ရန်းစ်နဲ့ကစားမယ့် Europa Conference League အုပ်စုအဖွင့်ပွဲကိုပါ လွဲချော်မှာဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ကစားမယ့်ပွဲကို လွဲချော်ဖို့ရှိနေတဲ့ တခြားအဓိက,ကစားသမားကတော့ ဆွန်ဟောင်မင်ပဲဖြစ်ပြီး ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းအတွက် ပါဝင်ကစားရင်းနဲ့ ခြေသလုံးဒဏ်ရာရရှိခဲ့တာပါ။

အဲဒီဒဏ်ရာကြောင့် ဆွန်ဟောင်မင်ဟာ အင်္ဂါနေ့က လက်ဘနွန်နဲ့ကစားခဲ့တဲ့ပွဲမတိုင်ခင် အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး သူ့ဒဏ်ရာက သိပ်ပြင်းထန်တဲ့အနေအထားမရှိပေမယ့် ကြားထဲမှာ (၃)ရက်သာအနားယူရမှာဖြစ်လို့ ပဲလေ့စ်နဲ့ပွဲမတိုင်ခင် ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနိုင်ပ့ါမလားဆိုတာ စိုးရိမ်စရာပါပဲ။

အခုရာသီအစပိုင်းမှာ စပါးအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ အင်္ဂလန်ယူ-၂၁ကွင်းလယ်လူ အိုလီဗာစကစ်ကတော့ ကိုဆိုဗိုအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲကနေခြေထော့နင်းနဲ့ထွက်ခဲ့ရတာကြောင့် ပဲလေ့စ်နဲ့ပွဲကို လွဲချော်ဖို့ရာခိုင်နှုန်းများနေပါပြီ။

ဒါ့အပြင် လူငယ်တောင်ပံကစားသမားရိုင်ယန်ဆက်ဆီနွန်ဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့သလို အားထားရတဲ့ကွင်းလယ်လူဘယ်လ်ဂွိုင်ဟာ တူရကီကို (၆-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး ဘယ်လောက်အထိအနားယူရမလဲဆိုတာတော့ အတိအကျမသိသေးပါဘူး။

စပါးအသင်းဟာ နည်းပြသစ်နူနိုဆန်တိုလက်ထက်မှာ ပရီးမီးယားလိဂ်ရလဒ်ကောင်းတွေရယူနေပြီး နူနိုဆန်တိုဟာ ၁၉၄၉ခုနှစ်တုန်းက အာသာရိုးနောက်ပိုင်း နည်းပြသစ်တွေထဲမှာ

ပရီးမီးယားလိဂ်ရာသီအစ(၃)ပွဲဆက်အနိုင်ရခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေက သူ့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပဲေလ့စ္နဲ႔ကစားမယ့္ပြဲကို ဆြန္ေဟာင္မင္အပါအဝင္ စပါးအသင္းကစားသမား(၇)ဦးအထိလြဲေခ်ာ္ဖို႔ရွိ

ဒီရာသီပရီးမီးယားလိဂ္အစမွာ ရလဒ္ေကာင္းေတြဆက္တိုက္ရယူေနတဲ့ စပါးအသင္းဟာ ႏိုင္ငံတကာပြဲစဥ္ေတြေၾကာင့္ ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုနဲ႔ရင္ဆိုင္ေနရၿပီး အခုတစ္ပတ္စေနေန႔က်ရင္ ပဲေလ့စ္နဲ႔ကစားမယ့္ပြဲကို အဓိကတိုက္စစ္ကစားသမားဆြန္ေဟာင္မင္အပါအဝင္ ကစားသမား(၇)ဦးအထိလြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ စပါးအသင္းရဲ႕ေတာင္အေမရိက,ကစားသမား(၃)ဦးျဖစ္တဲ့ လိုဆယ္ဆို၊ ခရစၥရွန္႐ိုမဲ႐ိုးနဲ႔ ဒါဗင္ဆင္ဆန္းခ်က္ဇ္တို႔ဟာ အာဂ်င္တီးနား၊ ကိုလံဘီယာအသင္းတို႔နဲ႔အတူ ႏိုင္ငံပြဲေတြကစားခဲ့တာေၾကာင့္ ၿဗိတိန္ကို ျပန္ေရာက္ရင္ Quarantine ဝင္ရမွာျဖစ္လို႔ ပဲေလ့စ္နဲ႔ပြဲကို ေသခ်ာေပါက္လြဲေခ်ာ္မွာပါ။

လိုဆယ္ဆို၊ ခရစၥရွန္႐ိုမဲ႐ိုးတို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဘရာဇီးလ္နဲ႔ကစားခဲ့တဲ့ ၂၀၂၀ ကမာၻ႔ဖလားေျခစစ္ပြဲမွာ အာဂ်င္တီးနားအတြက္ပါဝင္ကစားခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္အပါအဝင္ ဂိုးသမားမာတီနက္ဇ္နဲ႔ဘြမ္ဒီယာတို႔ဟာ ကိုဗစ္စည္းကမ္းေတြကိုခ်ိဳးေဖာက္ခဲ့လို႔ ဘရာဇီးလ္က်န္းမာေရးတာဝန္ရွိသူေတြရဲ႕ထိန္းသိမ္းတာခံခဲ့ရၿပီး ပြဲကိုလည္း ရပ္ဆိုင္းခဲ့ရပါတယ္။ ကိုလံဘီယာေနာက္ခံလူ ဒါဗင္ဆင္ဆန္းခ်က္ဇ္က လက္ေ႐ြးစင္အသင္းနဲ႔အတူ ဘိုလစ္ဗီးယား၊ ပါရာေဂြးတို႔နဲ႔အေဝးကြင္းပြဲကစားရတာေၾကာင့္ သူတို႔(၃)ေယာက္စလုံး (၁၀)ရက္ၾကာ Quarantine ဝင္ရမွာျဖစ္တဲ့အတြက္ ပဲေလ့စ္နဲ႔ပြဲအျပင္ ရန္းစ္နဲ႔ကစားမယ့္ Europa Conference League အုပ္စုအဖြင့္ပြဲကိုပါ လြဲေခ်ာ္မွာျဖစ္ပါတယ္။

ပဲေလ့စ္နဲ႔ကစားမယ့္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ တျခားအဓိက,ကစားသမားကေတာ့ ဆြန္ေဟာင္မင္ပဲျဖစ္ၿပီး ဆြန္ေဟာင္မင္ဟာ ေတာင္ကိုရီးယားအသင္းအတြက္ ပါဝင္ကစားရင္းနဲ႔ ေျခသလုံးဒဏ္ရာရရွိခဲ့တာပါ။ အဲဒီဒဏ္ရာေၾကာင့္ ဆြန္ေဟာင္မင္ဟာ အဂၤါေန႔က လက္ဘႏြန္နဲ႔ကစားခဲ့တဲ့ပြဲမတိုင္ခင္ အသင္းလူစာရင္းကေန ႏုတ္ထြက္ခဲ့ၿပီး သူ႔ဒဏ္ရာက သိပ္ျပင္းထန္တဲ့အေနအထားမရွိေပမယ့္ ၾကားထဲမွာ (၃)ရက္သာအနားယူရမွာျဖစ္လို႔ ပဲေလ့စ္နဲ႔ပြဲမတိုင္ခင္ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိႏိုင္ပ့ါမလားဆိုတာ စိုးရိမ္စရာပါပဲ။

အခုရာသီအစပိုင္းမွာ စပါးအသင္းအတြက္ ပုံမွန္ပြဲထြက္ခြင့္ရေနတဲ့ အဂၤလန္ယူ-၂၁ကြင္းလယ္လူ အိုလီဗာစကစ္ကေတာ့ ကိုဆိုဗိုအသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေပါင္ၿခံဒဏ္ရာရရွိခဲ့ၿပီး ကြင္းထဲကေနေျခေထာ့နင္းနဲ႔ထြက္ခဲ့ရတာေၾကာင့္ ပဲေလ့စ္နဲ႔ပြဲကို လြဲေခ်ာ္ဖို႔ရာခိုင္ႏႈန္းမ်ားေနပါၿပီ။ ဒါ့အျပင္ လူငယ္ေတာင္ပံကစားသမား႐ိုင္ယန္ဆက္ဆီႏြန္ဟာ ေလ့က်င့္ခန္းအစီအစဥ္မွာ ဒဏ္ရာရရွိခဲ့သလို အားထားရတဲ့ကြင္းလယ္လူဘယ္လ္ဂြိဳင္ဟာ တူရကီကို (၆-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာရခဲ့ၿပီး ဘယ္ေလာက္အထိအနားယူရမလဲဆိုတာေတာ့ အတိအက်မသိေသးပါဘူး။

စပါးအသင္းဟာ နည္းျပသစ္ႏူႏိုဆန္တိုလက္ထက္မွာ ပရီးမီးယားလိဂ္ရလဒ္ေကာင္းေတြရယူေနၿပီး ႏူႏိုဆန္တိုဟာ ၁၉၄၉ခုႏွစ္တုန္းက အာသာ႐ိုးေနာက္ပိုင္း နည္းျပသစ္ေတြထဲမွာ ပရီးမီးယားလိဂ္ရာသီအစ(၃)ပြဲဆက္အႏိုင္ရခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ေပမယ့္ ဒဏ္ရာျပႆနာေတြက သူ႔အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ေနပါၿပီ။