ပဲလေ့စ်နိုင်ပွဲက ယူနိုက်တက်ရဲ့ထူးခြားချက် ၆ ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပဲလေ့စ်ကို အနိုင်ရခဲ့လို့ မန်ယူဟာ ယာယီနည်းပြသစ်ရန်းနစ်လက်ထက် အဖွင့်လှခဲ့ပါတယ်။

အဲဒီပွဲက ထူးခြားချက်တွေကို ဆွဲထုတ်ကြည့်ရမယ်ဆိုရင်

၁။ ပွဲကိုထိန်းချုပ်နိုင်မှု

သူ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲကတည်းက မန်ယူအနေနဲ့ ပွဲတွေကို ထိန်းချုပ်ကစားနိုင်လာတာ မြင်ချင်ကြောင်း ရန်းနစ်က ပြောထားပါတယ်။

အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ လီဗာပူးတို့နဲ့ပွဲတွေမှာ အသင်းရဲ့ကစားပုံ ဖရိုဖရဲဆန်မှုကို ရန်းနစ်က ညွှန်းဆိုခဲ့တာပါ။

ပဲလေ့စ်နဲ့ပွဲမှာတော့ သူဖြစ်စေချင်တဲ့အတိုင်း အသင်းဟာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန်အများစုကို ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ကစားနိုင်ခဲ့တာပါ။

၂။ ကွင်းလယ်တိုက်စစ်ဗဟိုက ဆန်ချို

ပွဲကို ထိန်းချုပ်နိုင်ဖို့ကြိုးစားတဲ့နည်းလမ်းတွေထဲက တစ်နည်းကတော့ ဆန်ချိုကို ကွင်းလယ်တိုက်စစ်ဗဟိုကို အတတ်နိုင်ဆုံးရွှေ့ကစားစေတာပါ။

ဆန်ချိုဟာ တောင်ပံထွက်ကစားနေဆဲဆိုပေမယ့် အခွင့်အရေးဖန်တီးမှုတွေလုပ်နိုင်ဖို့ ဗဟိုနေရာမှာလည်း မကြာခဏတွေ့မြင်ရပါတယ်။

အဲဒီတော့ ဘရူနိုက တောင်ပံထွက်တဲ့အချိန်တွေရှိခဲ့ပြီး ၄-၂-၂-၂ ပုံစံမှာ ဖာနန်ဒက်စ်နဲ့ဆိုချိုတို့က ဖရက်ဒ်နဲ့ တွမ်မီနေးတို့ရဲ့ရှေ့ကနေပြီး ရက်ရှ်ဖို့ဒ်နဲ့စီရော်နယ်ဒိုတို့ကို ထောက်ပံ့ပေးကြပါတယ်။

ဘောလုံးပြန်ရရေးနဲ့ ဘောလုံးပိုင်ဆိုင်မှုဆက်ထိန်းနိုင်ရေးမှာ ဆန်ချိုရဲ့ဗဟိုနေရာဟာ အရေးပါခဲ့ပါတယ်။

၃။ ယူနိုက်တက်ရဲ့ခံစစ်အစွန်အပြောင်းအလဲ

တဲလက်စ်နဲ့ဒါလော့တို့ဟာ မန်ယူရဲ့လက်ရှိခံစစ်အစွန်နေရာကို သိမ်းပိုက်ထားသူတွေဖြစ်ပြီး လုခ်ရှောနဲ့ဘစ်ဆာကာတို့ဟာ သူတို့နေရာပြန်ရဖို့ တိုက်ပွဲဝင်ရမှာပါ။

တဲလက်စ်အနေနဲ့ ပွဲထွက်ပါတာ ဒါနဲ့ဆို ၄ ပွဲဆက်ဖြစ်ပြီး ဒါလော့ကတော့ ၂ ပွဲဆက်ပါ။

နှစ်ယောက်စလုံးမှာ ဆိုးလ်ရှားလက်ထက်တုန်းက အခွင့်အရေးမရခဲ့ကြသူတွေဖြစ်တယ်။

၄။ ရှားရှားပါးပါးဂိုးသွင်းတဲ့ ဖရက်ဒ်

ရန်းနစ်လက်ထက် မန်ယူရဲ့ပထမဆုံးဂိုးသွင်းသူဟာ ဖရက်ဒ်ဖြစ်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ပါဘူး။

အဲဒီဘရာဇီးသားဟာ ပွဲချိန် ၈၁ မိနစ်မှာ တစ်လုံးတည်းသောအနိုင်ဂိုးကို ဝေ့ဝိုက်ကန်သွင်းခဲ့တာပါ။

ဒါဟာ ဒီရာသီသူ့ရဲ့ဒုတိယမြောက်သွင်းဂိုးဖြစ်ပါတယ်။

ဖရက်ဒ်ဟာ အာဆင်နယ်ကို နိုင်ခဲ့တဲ့ပွဲမှာလည်း အရေးပါသူဖြစ်ခဲ့ပြီး ရန်းနစ်လက်ထက်မှာ အဓိကကျသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

၅။ အိုးလ်ထရက်ဖို့ဒ်က ပထမဆုံးပေးဂိုးမဲ့ပွဲ

ဒါဟာ အခုရာသီအိုးလ်ထရက်ဖို့ဒ်မှာ မန်ယူဂိုးမပေးရတဲ့ပထမဆုံးပွဲပါ။

အဲဒီအရင် ဒီရာသီမှာ ပေးဂိုးမဲ့တွေရှိခဲ့ပေမယ့် ဝုဗ်၊ စပါးနဲ့ ဗီလာရီးရဲလ်ကွင်းတွေမှာ ဖြစ်ပါတယ်။

၆။ လူစားဝင်အခွင့်အရေးရတဲ့ အန်သိုနီအီလန်ဂါ

လေ့ကျင့်ရေးအစီအစဉ်မှာ ရန်းနစ် သတိထားမိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ၁၉ နှစ်အရွယ် တောင်ပံကစားသမားအီလန်ဂါဟာ နောက်ဆုံး ၁၅ မိနစ်ကို ဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။

ဒီရာသီ သူ့ရဲ့ဒုတိယမြောက်ပွဲဖြစ်ပြီး ပရီးမီးယားလိဂ်မှာ မေလနောက်ပိုင်း ပထမဆုံးအကြိမ်ပါ။

ယူနိုက်တက်က အုပ်စုဗိုလ်သေချာထားပြီးဖြစ်လို့ အဲဒီဆွီဒင်တောင်ပံကစားသမားလေးဟာ ကြားရက်ချန်ပီယံလိဂ်မှာလည်း အခွင့်အရေးရနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပဲေလ့စ္ႏိုင္ပြဲက ယူႏိုက္တက္ရဲ႕ထူးျခားခ်က္ ၆ ခ်က္

ပဲေလ့စ္ကို အႏိုင္ရခဲ့လို႔ မန္ယူဟာ ယာယီနည္းျပသစ္ရန္းနစ္လက္ထက္ အဖြင့္လွခဲ့ပါတယ္။ အဲဒီပြဲက ထူးျခားခ်က္ေတြကို ဆြဲထုတ္ၾကည့္ရမယ္ဆိုရင္

၁။ ပြဲကိုထိန္းခ်ဳပ္ႏိုင္မႈ

သူ႔ရဲ႕ပထမဆုံးသတင္းစာရွင္းလင္းပြဲကတည္းက မန္ယူအေနနဲ႔ ပြဲေတြကို ထိန္းခ်ဳပ္ကစားႏိုင္လာတာ ျမင္ခ်င္ေၾကာင္း ရန္းနစ္က ေျပာထားပါတယ္။ အာဆင္နယ္၊ ခ်ဲလ္ဆီး၊ မန္စီးတီး၊ လီဗာပူးတို႔နဲ႔ပြဲေတြမွာ အသင္းရဲ႕ကစားပုံ ဖ႐ိုဖရဲဆန္မႈကို ရန္းနစ္က ၫႊန္းဆိုခဲ့တာပါ။ ပဲေလ့စ္နဲ႔ပြဲမွာေတာ့ သူျဖစ္ေစခ်င္တဲ့အတိုင္း အသင္းဟာ ပြဲကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္အမ်ားစုကို ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ ကစားႏိုင္ခဲ့တာပါ။

၂။ ကြင္းလယ္တိုက္စစ္ဗဟိုက ဆန္ခ်ိဳ

ပြဲကို ထိန္းခ်ဳပ္ႏိုင္ဖို႔ႀကိဳးစားတဲ့နည္းလမ္းေတြထဲက တစ္နည္းကေတာ့ ဆန္ခ်ိဳကို ကြင္းလယ္တိုက္စစ္ဗဟိုကို အတတ္ႏိုင္ဆုံးေ႐ႊ႕ကစားေစတာပါ။ ဆန္ခ်ိဳဟာ ေတာင္ပံထြက္ကစားေနဆဲဆိုေပမယ့္ အခြင့္အေရးဖန္တီးမႈေတြလုပ္ႏိုင္ဖို႔ ဗဟိုေနရာမွာလည္း မၾကာခဏေတြ႕ျမင္ရပါတယ္။ အဲဒီေတာ့ ဘ႐ူႏိုက ေတာင္ပံထြက္တဲ့အခ်ိန္ေတြရွိခဲ့ၿပီး ၄-၂-၂-၂ ပုံစံမွာ ဖာနန္ဒက္စ္နဲ႔ဆိုခ်ိဳတို႔က ဖရက္ဒ္နဲ႔ တြမ္မီေနးတို႔ရဲ႕ေရွ႕ကေနၿပီး ရက္ရွ္ဖို႔ဒ္နဲ႔စီေရာ္နယ္ဒိုတို႔ကို ေထာက္ပံ့ေပးၾကပါတယ္။ ေဘာလုံးျပန္ရေရးနဲ႔ ေဘာလုံးပိုင္ဆိုင္မႈဆက္ထိန္းႏိုင္ေရးမွာ ဆန္ခ်ိဳရဲ႕ဗဟိုေနရာဟာ အေရးပါခဲ့ပါတယ္။

၃။ ယူႏိုက္တက္ရဲ႕ခံစစ္အစြန္အေျပာင္းအလဲ

တဲလက္စ္နဲ႔ဒါေလာ့တို႔ဟာ မန္ယူရဲ႕လက္ရွိခံစစ္အစြန္ေနရာကို သိမ္းပိုက္ထားသူေတြျဖစ္ၿပီး လုခ္ေရွာနဲ႔ဘစ္ဆာကာတို႔ဟာ သူတို႔ေနရာျပန္ရဖို႔ တိုက္ပြဲဝင္ရမွာပါ။ တဲလက္စ္အေနနဲ႔ ပြဲထြက္ပါတာ ဒါနဲ႔ဆို ၄ ပြဲဆက္ျဖစ္ၿပီး ဒါေလာ့ကေတာ့ ၂ ပြဲဆက္ပါ။ ႏွစ္ေယာက္စလုံးမွာ ဆိုးလ္ရွားလက္ထက္တုန္းက အခြင့္အေရးမရခဲ့ၾကသူေတြျဖစ္တယ္။

၄။ ရွားရွားပါးပါးဂိုးသြင္းတဲ့ ဖရက္ဒ္

ရန္းနစ္လက္ထက္ မန္ယူရဲ႕ပထမဆုံးဂိုးသြင္းသူဟာ ဖရက္ဒ္ျဖစ္မယ္လို႔ ဘယ္သူမွ ထင္ထားမွာ မဟုတ္ပါဘူး။ အဲဒီဘရာဇီးသားဟာ ပြဲခ်ိန္ ၈၁ မိနစ္မွာ တစ္လုံးတည္းေသာအႏိုင္ဂိုးကို ေဝ့ဝိုက္ကန္သြင္းခဲ့တာပါ။ ဒါဟာ ဒီရာသီသူ႔ရဲ႕ဒုတိယေျမာက္သြင္းဂိုးျဖစ္ပါတယ္။ ဖရက္ဒ္ဟာ အာဆင္နယ္ကို ႏိုင္ခဲ့တဲ့ပြဲမွာလည္း အေရးပါသူျဖစ္ခဲ့ၿပီး ရန္းနစ္လက္ထက္မွာ အဓိကက်သူတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။

၅။ အိုးလ္ထရက္ဖို႔ဒ္က ပထမဆုံးေပးဂိုးမဲ့ပြဲ

ဒါဟာ အခုရာသီအိုးလ္ထရက္ဖို႔ဒ္မွာ မန္ယူဂိုးမေပးရတဲ့ပထမဆုံးပြဲပါ။ အဲဒီအရင္ ဒီရာသီမွာ ေပးဂိုးမဲ့ေတြရွိခဲ့ေပမယ့္ ဝုဗ္၊ စပါးနဲ႔ ဗီလာရီးရဲလ္ကြင္းေတြမွာ ျဖစ္ပါတယ္။

၆။ လူစားဝင္အခြင့္အေရးရတဲ့ အန္သိုနီအီလန္ဂါ

ေလ့က်င့္ေရးအစီအစဥ္မွာ ရန္းနစ္ သတိထားမိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ၁၉ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားအီလန္ဂါဟာ ေနာက္ဆုံး ၁၅ မိနစ္ကို ဝင္ေရာက္ကစားခြင့္ရခဲ့ပါတယ္။ ဒီရာသီ သူ႔ရဲ႕ဒုတိယေျမာက္ပြဲျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ေမလေနာက္ပိုင္း ပထမဆုံးအႀကိမ္ပါ။ ယူႏိုက္တက္က အုပ္စုဗိုလ္ေသခ်ာထားၿပီးျဖစ္လို႔ အဲဒီဆြီဒင္ေတာင္ပံကစားသမားေလးဟာ ၾကားရက္ခ်န္ပီယံလိဂ္မွာလည္း အခြင့္အေရးရႏိုင္ပါတယ္။