ပဲရစ်မှာ ပိုချက်တီနိုနဲ့ နေမာတို့အုပ်စုကို ဂွာဒီယိုလာက False 9 တစ်ကွက်ပြပြီး အနိုင်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲမတိုင်ခင်က နေမာနဲ့ အမ်ဘက်ပီအကြောင်းစဉ်းစားလိုက်ရငိ အိပ်မပျော်ခဲ့ရတဲ့ ဂွာဒီယိုလာကတော့ ပီအက်စ်ဂျီကို အဝေးကွင်း ပဲရစ်မြေမှာ ၁-၂ နဲ့ အဖိုးတန်နိုင်ပွဲ ၇ယူနိုင်ခဲ့လို့
အိပ်ပျော်တော့မှာ သေချာပါတယ်။

နှစ်သင်းစလုံးမှာပါတဲ့ ကစားသမားတွေရဲ့ တန်ကြေးကြောင့် ဒီပွဲဟာ ဥရောပရဲ့ တန်ကြေးအကြီးဆုံးပွဲဖြစ်နေခဲ့ပြီး လူစုံပါဝင်ခဲ့ကြပါတယ်။

ပီအက်စ်ဂျီမှာ နေမာ၊ အမ်ဘက်ပီ၊ ဒီမာရီယာ၊ ဗာရက်တီ စတဲ့ သူတွေနဲ့ ပွဲထုတ်လာပြီး ဂွာဒီယိုလာကတော့ သူ့အသင်းမှာ တိုက်စ်မှုးစစ်စစ် မပါဝင်ခဲ့ဘဲ False 9 ပုံစံနဲ့ ပွဲထွက်ခဲ့တာပါ။

တိုက်စ်မှုးတွေဖြစ်တဲ့ အဂူရိုနဲ့ ၈ျီးဆပ်တို့ကို ထုတ်မသုံးဘဲ ၄-၃-၃ ကစားကွက်ရဲ့ ရှေ့တန်းမှာ ဖိုဒန်၊ မာရက်ဇ်နဲ့ ဒီဘရိုင်းတို့ကို ထားကစားသွားပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို
တစ်ကွက်ပြလိုက်ပါတယ်။

ပွဲစပြီး ၁၅မိနစ်မှာ ဒီမာရီယာကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟိုက ခေါင်းတိုက်ပြီး အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် မန်စီးတီးကစားပုံက ပျက်မသွားဘဲ ဘောလုံးပိုင်ဆိုင်မှုအသားပေးပြီး ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မန်စီးတီးကစားပုံ ပိုကောင်းလာပြီး ပီအက်စ်ဂျီကို ၅မိနစ်အတွင်းမှာ ပြာယာခတ်သွားစေခဲ့တာပါ။

၆၁မိနစ်မှာ False 9 နေရာမြှ ကစားတဲ့ ဒီဘရိုင်းက ချေပဂိုး သွင်းပေးခဲ့ပြီး ၇၁မိနစ်မှာ ပီအက်စ်ဂျီ ၁၈ကိုက်စည်းထိပ်နားမှာရတဲ့ ဖရီးကစ်ကို
မာရက်ဇ်က ကန်သွင်းချက်ကတော့ လန်းပါတယ်။

၅မိနစ်အတွင်း ချေပဂိုးရော အနိုင်ဂိုးပါ ပေးလိုက်ရတဲ့အတွက် ပီအက်စ်၈ျီဖက်က အများအယွင်းများလာသလို ဂိုးရလိုဇောတွေကြီးပြီး
၇၇မိနစ်မှာ ဂန်ဒိုဂန်ကိူု ဖျက်ထုတ်တာကြမ်းလို့ ပီအက်စ်ဂျီက ဂူယီ တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

၈ွာဒီယိုလာဟာ ဒီညပွဲမြှ ကစားကွက်ရော လူစာရင်းပါ သေချာပြင်ဆင်လာခဲ့တာဖြစ်ပြီး အဝါထိတဲ့ ဘယ်နောက်ခံလူ ကန်ဆယ်လိုနေရာမှာ ဇာချန်ကို လူစားဝင်တာကလွဲပြီး ပွဲထွက်လူစာရင်းကို
လုံး၀ အပြောင်းအလဲ မလုပ်ပဲ ကစားသွားခဲ့တာပါ။

စပါးနည်းပြဟောင်း ပိုချက်တီနိုကတော့ မိနစ် ၈၀နောက်ပိုင်းမှာ တိုက်စစ်ထပ်ဖြည့်ရမယ့်အစား ကွင်းလယ်လူတွေဖြစ်တဲ့ ဟာရဲရားနဲ့ ပီယီရားတို့ကို
ထပ်ဖြည့်ခဲ့တာ အလုပ်မဖြစ်ခဲ့ပါဘူး။

မန်စီးတီးရဲ့ အနိုင်ပွဲဟာ ဂွာဒီယိုလာရဲ့ စနစ်တကျ မဟာဗျူဟာတကျ သေချာပြင်ဆင်လာကြောင့် အောင်ပွဲရတာလို့လည်း ဆိုနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပဲရစ္မွာ ပိုခ်က္တီႏိုနဲ႔ ေနမာတို႔အုပ္စုကို ဂြာဒီယိုလာက False 9 တစ္ကြက္ျပၿပီး အႏိုင္ယူ

ပြဲမတိုင္ခင္က ေနမာနဲ႔ အမ္ဘက္ပီအေၾကာင္းစဥ္းစားလိုက္ရငိ အိပ္မေပ်ာ္ခဲ့ရတဲ့ ဂြာဒီယိုလာကေတာ့ ပီအက္စ္ဂ်ီကို အေဝးကြင္း ပဲရစ္ေျမမွာ ၁-၂ နဲ႔ အဖိုးတန္ႏိုင္ပြဲ ၇ယူႏိုင္ခဲ့လို႔ အိပ္ေပ်ာ္ေတာ့မွာ ေသခ်ာပါတယ္။

ႏွစ္သင္းစလုံးမွာပါတဲ့ ကစားသမားေတြရဲ႕ တန္ေၾကးေၾကာင့္ ဒီပြဲဟာ ဥေရာပရဲ႕ တန္ေၾကးအႀကီးဆုံးပြဲျဖစ္ေနခဲ့ၿပီး လူစုံပါဝင္ခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီမွာ ေနမာ၊ အမ္ဘက္ပီ၊ ဒီမာရီယာ၊ ဗာရက္တီ စတဲ့ သူေတြနဲ႔ ပြဲထုတ္လာၿပီး ဂြာဒီယိုလာကေတာ့ သူ႔အသင္းမွာ တိုက္စ္မႈးစစ္စစ္ မပါဝင္ခဲ့ဘဲ False 9 ပုံစံနဲ႔ ပြဲထြက္ခဲ့တာပါ။

တိုက္စ္မႈးေတြျဖစ္တဲ့ အဂူ႐ိုနဲ႔ ၈်ီးဆပ္တို႔ကို ထုတ္မသုံးဘဲ ၄-၃-၃ ကစားကြက္ရဲ႕ ေရွ႕တန္းမွာ ဖိုဒန္၊ မာရက္ဇ္နဲ႔ ဒီဘ႐ိုင္းတို႔ကို ထားကစားသြားၿပီး ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုကို တစ္ကြက္ျပလိုက္ပါတယ္။

ပြဲစၿပီး ၁၅မိနစ္မွာ ဒီမာရီယာကန္တင္ေပးလိုက္တဲ့ ေထာင့္ကန္ေဘာကို ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္ မာကြင္ဟိုက ေခါင္းတိုက္ၿပီး အိမ္ရွင္အသင္းအတြက္ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

ဦးေဆာင္ဂိုးေပးလိုက္ရေပမယ့္ မန္စီးတီးကစားပုံက ပ်က္မသြားဘဲ ေဘာလုံးပိုင္ဆိုင္မႈအသားေပးၿပီး ဖိအားေပးႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာ မန္စီးတီးကစားပုံ ပိုေကာင္းလာၿပီး ပီအက္စ္ဂ်ီကို
၅မိနစ္အတြင္းမွာ ျပာယာခတ္သြားေစခဲ့တာပါ။

၆၁မိနစ္မွာ False 9 ေနရာျမႇ ကစားတဲ့ ဒီဘ႐ိုင္းက ေခ်ပဂိုး သြင္းေပးခဲ့ၿပီး ၇၁မိနစ္မွာ ပီအက္စ္ဂ်ီ ၁၈ကိုက္စည္းထိပ္နားမွာရတဲ့ ဖရီးကစ္ကို မာရက္ဇ္က ကန္သြင္းခ်က္ကေတာ့ လန္းပါတယ္။ ၅မိနစ္အတြင္း ေခ်ပဂိုးေရာ အႏိုင္ဂိုးပါ ေပးလိုက္ရတဲ့အတြက္ ပီအက္စ္၈်ီဖက္က အမ်ားအယြင္းမ်ားလာသလို ဂိုးရလိုေဇာေတြႀကီးၿပီး ၇၇မိနစ္မွာ ဂန္ဒိုဂန္ကိူု ဖ်က္ထုတ္တာၾကမ္းလို႔ ပီအက္စ္ဂ်ီက ဂူယီ တိုက္႐ိုက္အနီကဒ္နဲ႔ အထုတ္ခံခဲ့ရပါတယ္။

၈ြာဒီယိုလာဟာ ဒီညပြဲျမႇ ကစားကြက္ေရာ လူစာရင္းပါ ေသခ်ာျပင္ဆင္လာခဲ့တာျဖစ္ၿပီး အဝါထိတဲ့ ဘယ္ေနာက္ခံလူ ကန္ဆယ္လိုေနရာမွာ ဇာခ်န္ကို လူစားဝင္တာကလြဲၿပီး ပြဲထြက္လူစာရင္းကို
လုံး၀ အေျပာင္းအလဲ မလုပ္ပဲ ကစားသြားခဲ့တာပါ။

စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကေတာ့ မိနစ္ ၈၀ေနာက္ပိုင္းမွာ တိုက္စစ္ထပ္ျဖည့္ရမယ့္အစား ကြင္းလယ္လူေတြျဖစ္တဲ့ ဟာရဲရားနဲ႔ ပီယီရားတို႔ကို ထပ္ျဖည့္ခဲ့တာ အလုပ္မျဖစ္ခဲ့ပါဘူး။ မန္စီးတီးရဲ႕ အႏိုင္ပြဲဟာ ဂြာဒီယိုလာရဲ႕ စနစ္တက် မဟာဗ်ဴဟာတက် ေသခ်ာျပင္ဆင္လာေၾကာင့္ ေအာင္ပြဲရတာလို႔လည္း ဆိုႏိုင္ပါတယ္။