ပေးဂိုးများနေတာဟာ စိုးရိမ်စရာဖြစ်ပေမယ့် ကျွန်တော်ဂရုမစိုက်ပါဘူး…

PC ; Getty

အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရတဲ့ လိဂ်ဖလားပွဲစဉ်ဟာ အလုံးစုံပြီးပြည့်စုံတဲ့နိုင်ပွဲဖြစ်တယ်လို့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ဖွင့်ဟလိုက်ပါတယ်။လီဗာပူးဟာ စပါးကိုအနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကလူစာရင်းကို လုံဝအပြောင်းအလဲလုပ်ပြီး အာဆင်နယ်ကိုရင်ဆိုင်ခဲ့တာဖြစ်ပေမယ့် ၂၀၁၅ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ဖလားကွာတားဖိုင်နယ်တက်ရောက်ခွင့်ကို မတားဆီးနိုင်ခဲ့ပါဘူး။

PC ; Internet

အထူးသဖြင့် လီဗာပူးအတွက် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့ကြတဲ့ လူငယ်ကစားသမား ၄ယောက်ရဲ့စွမ်းဆောင်မှုကို ဂျာမန်သားကချီးကျူးသွားခဲ့ပါတယ်။ဒါပေမဲ့ ကြိုးကြာနီတွေဟာ အာဆင်နယ်ကို ၁-၃ ဂိုးနဲ့ ရှုံးနိမ့်နေပြီးမှ နောက်ကလိုက်ကစားခဲ့ရတာဖြစ်သလို ပြီးခဲ့တဲ့ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲဆက်ဂိုးပေးခဲ့ရပါတယ်။တစ်နည်းအားဖြင့် လီဗာပူးဟာ ပြီးခဲ့တဲ့စပါးနဲ့ပွဲစဉ်မှာ အခွင့်အရေး ၁၁ကြိမ်ဖန်တီးနိုင်ခဲ့သလို တိုက်စစ်ပိုင်းမှာ ပြောစရာမရှိပေမယ့် ခံစစ်ကဂိုးတွေဆက်တိုက်ပေးနေရတာပါ။

PC ; Internet

ဂျာဂင်ကလော့ပ်ကတော့ လက်ရှိအချိန်မှာ သူ့အသင်းပေးဂိုးများနေတာဟာ စိုးရိမ်စရာဖြစ်ပေမယ့် ဂရုမစိုက်ဘူးလို့ဆိုပါတယ်။ပြိုင်ဘက်ကို အခွင့်အရေးတွေပေးနေရတာမှန်ပေမယ့် အခြေအနေတစ်ခုကြောင့်သာဖြစ်ပြီး နောက်ကလိုက်ကစားရချိန်မှာလည်း ဒီလိုကစားပုံမျိုးကိုသာ အသုံးပြုရလိမ့်မယ်လို့ဖြေရှင်းသွားခဲ့ပါတယ်။

PC ; Internet

“ဘောလုံးမဆုံးရှုံးသင့်တဲ့နေရာတွေမှာဆုံးရှုံးခဲ့ရတာတွေက အခွင့်အရေးပေးသလိုဖြစ်ခဲ့တာပါ။ ပထမပိုင်းပြီးအောင်စောင့်ပြီး အပြောင်းအလဲလုပ်နိုင်မယ်ဆိုတာကို ခင်ဗျားတို့လည်းသိမှာပါ။ ၂-၃ ဖြစ်လာတဲ့အချိန်မှာတော့မှန်ကန်ပြီးအဆင်ပြေလာပါပြီ။ ဒီပွဲကိုလာကြည့်တဲ့သူတွေအတွက်ကတော့ သွင်းဂိုး ၁၉ဂိုးအထိမြင်ခဲ့ရလို့ တကယ့်ထူးရှယ်ပါပဲ။ အကြွင်းမဲ့ကိုပြည့်စုံပါတယ်။

PC ; Getty

နည်းပြတစ် ယောက်အနေနဲ့ကိုယ့်အသင်းဂိုးတွေပေးနေရတာကိုကြည့်ပြီးစိုးရိမ်ရမှာဖြစ်ပေမယ့် ကျွန်တော်ဂရုမစိုက်ပါဘူး။ အရိုးသားဆုံးပြောတာပါ။ ကျွန်တော်ဂရုမစိုက်ပါဘူး” လို့ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်ပါတယ်။

(zawgyi)

အာဆင္နယ္ကို ပင္နယ္တီအဆံုးအျဖတ္နဲ႔အႏိုင္ရတဲ့ လိဂ္ဖလားပြဲစဥ္ဟာ အလံုးစံုၿပီးျပည့္စံုတဲ့ႏိုင္ပြဲျဖစ္တယ္လို႔ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ဖြင့္ဟလိုက္ပါတယ္။လီဗာပူးဟာ စပါးကိုအႏိုင္ရတဲ့ပရီးမီးယားလိဂ္ပြဲစဥ္ကလူစာရင္းကို လံု၀အေျပာင္းအလဲလုပ္ၿပီး အာဆင္နယ္ကိုရင္ဆိုင္ခဲ့တာျဖစ္ေပမယ့္ ၂၀၁၅ ဒီဇင္ဘာေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ လိဂ္ဖလားကြာတားဖိုင္နယ္တက္ေရာက္ခြင့္ကို မတားဆီးႏိုင္ခဲ့ပါဘူး။အထူးသျဖင့္ လီဗာပူးအတြက္ ပထမဆံုးအႀကိမ္ပြဲထြက္ခြင့္ရခဲ့ၾကတဲ့ လူငယ္ကစားသမား ၄ေယာက္ရဲ႕စြမ္းေဆာင္မႈကို ဂ်ာမန္သားကခ်ီးက်ဴးသြားခဲ့ပါတယ္။ဒါေပမဲ့ ႀကိဳးၾကာနီေတြဟာ အာဆင္နယ္ကို ၁-၃ ဂိုးနဲ႔ ရံႈးနိမ့္ေနၿပီးမွ ေနာက္ကလိုက္ကစားခဲ့ရတာျဖစ္သလို ၿပီးခဲ့တဲ့ၿပိဳင္ပြဲစံုေနာက္ဆံုး ၆ပြဲဆက္ဂိုးေပးခဲ့ရပါတယ္။တစ္နည္းအားျဖင့္ လီဗာပူးဟာ ၿပီးခဲ့တဲ့စပါးနဲ႔ပြဲစဥ္မွာ အခြင့္အေရး ၁၁ႀကိမ္ဖန္တီးႏိုင္ခဲ့သလို တိုက္စစ္ပိုင္းမွာ ေျပာစရာမရွိေပမယ့္ ခံစစ္ကဂိုးေတြဆက္တိုက္ေပးေနရတာပါ။ဂ်ာဂင္ကေလာ့ပ္ကေတာ့ လက္ရွိအခ်ိန္မွာ သူ႔အသင္းေပးဂိုးမ်ားေနတာဟာ စိုးရိမ္စရာျဖစ္ေပမယ့္ ဂရုမစိုက္ဘူးလို႔ဆိုပါတယ္။ၿပိဳင္ဘက္ကို အခြင့္အေရးေတြေပးေနရတာမွန္ေပမယ့္ အေျခအေနတစ္ခုေၾကာင့္သာျဖစ္ၿပီး ေနာက္ကလိုက္ကစားရခ်ိန္မွာလည္း ဒီလိုကစားပံုမ်ိဳးကိုသာ အသံုးျပဳရလိမ့္မယ္လို႔ေျဖရွင္းသြားခဲ့ပါတယ္။“ေဘာလံုးမဆံုးရွံဳးသင့္တဲ့ေနရာေတြမွာဆံုးရွံဳးခဲ့ရတာေတြက အခြင့္အေရးေပးသလိုျဖစ္ခဲ့တာပါ။ ပထမပိုင္းၿပီးေအာင္ေစာင့္ၿပီး အေျပာင္းအလဲလုပ္ႏိုင္မယ္ဆိုတာကို ခင္ဗ်ားတို႔လည္းသိမွာပါ။ ၂-၃ ျဖစ္လာတဲ့အခ်ိန္မွာေတာ ့မွန္ကန္ျပီးအဆင္ေျပလာပါျပီ။ ဒီပြဲကိုလာၾကည့္တဲ့သူေတြအတြက္ကေတာ့ သြင္းဂိုး ၁၉ဂိုးအထိျမင္ခဲ့ရလို႔ တကယ့္ထူးရွယ္ပါပဲ။ အၾကြင္းမဲ့ကိုျပည့္စံုပါတယ္။ နည္းျပတစ္ ေယာက္အေနနဲ႔ကိုယ့္အသင္းဂိုးေတြေပးေနရတာကိုၾကည့္ျပီးစိုးရိမ္ရမွာျဖစ္ေပမယ့္ ကၽြန္ေတာ္ဂရုမစိုက္ပါဘူး။ အရိုးသားဆံုးေျပာတာပါ။ ကၽြန္ေတာ္ဂရုမစိုက္ပါဘူး” လို႔ ဂ်ာဂင္ကေလာ့ပ္က ေျပာဆိုလိုက္ပါတယ္။