ပေ့ါဘာအရေး ယူနိုက်တက်ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
လက်ရှိ ဘောလုံး ရာသီ အတွင်း မှာဒဏ်ရာ ပြဿနာ တွေ အကြား ရုန်းကန် နေခဲ့ ရတဲ့ ပေါ့ဂ်ဘာ ဟာ ဘောက်ဆင်ဒေး တုန်းက ရရှိ ခဲ့တဲ့ ခြေချင်းဝတ် ဒဏ်ရာ ကြောင့် ယူနိုက်တက် အသင်း အတွက် 8 ကြိမ်သာ ပွဲထွက် ကစားခွင့် ပိုင်ဆိုင် နိုင်သေး သူပဲ ဖြစ်ပါတယ် ။ဒါ့အပြင် ဒီကြား ထဲမှာ ပေါ့ဂ်ဘာ ရဲ့ အနေအထိုင် မဆင်ခြင် ခဲ့မှု တွေ အတော်များ ခဲ့တဲ့ အပြင် ဇီဒန်း နဲ့ တွေ့ဆုံ ခဲ့မှု ၊ အေးဂျင့် ရိုင်အိုလာ တို့ကြောင့် သူဟာ လာမယ့် နွေမှာ အသင်း ပြောင်းရွှေ့ လိမ့်မယ် ဆိုတဲ့ အသံ တွေဟာ တစ်ဖန် ပြန်လည် ကျယ်လောင် လာခဲ့ ပါတယ် ။ဒါ့ကြောင့် ယူနိုက်တက် အသင်း မှာ အနာဂတ် တစ်ခု ပိုင်ဆိုင် နိုင်ဖို့ သေချာ ရေရာ မှု မရှိတဲ့ အနေအထား တစ်ရပ် မှာ ပေါ့ဂ်ဘာ သာ ယူနိုက်တက် အသင်း မှ ထွက်ခွာ လိုမယ် ဆိုရင် ပြောင်းရွှေ့ခွင့် ပေးလိုက် သင့်ကြောင်း လီဗာပူး အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂျွန်ဘန်းစ် က အကြံပေးပြောကြားလာခဲ့ပါတယ်။
photo internet
“ ရိုးရှင်းတဲ့ စကား တစ်ခွန်း ပြောကြား ရမယ် ဆိုရင် ခင်ဗျား ဟာ အသင်း မှာ မပျော်ရွှင် တော့တဲ့ ကစားသမား တစ်ယောက် ကို အလို မရှိသင့် ပါဘူး ။ သူဟာ အသင်း နဲ့ ပရိသတ် တွေထက် ပိုပြီး အရေးပါတယ် ဆိုတဲ့ ခံစားချက် မျိုးကို အဲ့ဒီလို ကစားသမား ဆီ ပေးဆောင် ဖို့ မသင့် ပါဘူး ။ ဒါ့အပြင် ကလပ် အသင်း ဟာ ကစားသမား တစ်ဦး ကို ပျော်ရွှင်အောင် မထား နိုင်ဘူး ဆိုတဲ့ ခေါင်းစဉ် အောက်မှာ လေးစား သမှု တွေ လျော့ကျ သွားစေနိုင် ပါတယ် ။ ခင်ဗျား အနေ နဲ့ ကစားသမား တွေကို ပျော်ရွှင်အောင် ထားရှိ ရမယ် ဆိုတဲ့ အမြင် သဘောထား တွေ ရှိနေတယ် ဆိုတာ တကယ်တော့ ဟာသ ဆန်တဲ့ အရာ တစ်ခု ပါပဲ ။ တကယ်တမ်း မှာတော့ ကစားသမား တွေ ကသာ နည်းပြ နဲ့ အသင်း ရဲ့ ပရိသတ် တွေကို ပျော်ရွှင်မှု တွေ ပေးဆောင် နိုင်မယ့် သူတွေ ပါပဲ ။ တကယ်လို့သူတို့ တွေသာ အဲ့တာ ကို မလုပ်ဆောင် နိုင်ဘူး ဆိုရင် ပေါ့ဂ်ဘာ အနေ နဲ့ အသင်း ကနေ ထွက်ခွာ သွားတာ ကမှ ပိုကောင်း ပါလိမ့်မယ် ။ ယူနိုက်တက် အသင်း ကို အပြင် ကနေ ကြည့်လိုက်မယ် ဆိုရင် ပေါ့ဂ်ဘာ ဟာ အတော်လေး အာဏာ ကြီးနေ သလို ထင်ရ ပါတယ် ။ လူတွေ က သူ့ အကြောင်း ကိုပဲ အမြဲလို ပြောဆို နေကြ တယ်လေ ။ ဒါဟာ အသင်း အတွက် အဆိပ်အတောက် ဖြစ်စေ နိုင်မယ့် အနေအထား တစ်ရပ် ပါပဲ ။ ဒါကြောင့် ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် အသင်း ကနေ ထွက်ခွာသင့် ပါတယ် ”ဆိုပြီး ဂျွန်ဘန်းစ် က ပြောဆိုပါတယ်။
photo internet
အေးဂျင့်တွေနဲ့ပတ်သက်လို့ ယူနိုက်တက်ရဲ့နာမည်ကျော်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဟာ အေးဂျင့်တွေကိုမျက်နှာသာ မပေးတဲ့အကြောင်းကို လူငယ်ဂိုးသမား အဖြစ်အသင်းမှာ ကစားခဲ့ဖူးတဲ့ ဂျွန်စတုံးက မှတ်ချက်ပြုပြောထားပါတယ်။ “ကျွန်တော်တို့လူငယ်အသင်းကစားနေချိန်ဆို သူနဲ့ ပထမအသင်းကြီးက ရံဖန်ရံခါ လာကြည့်လေ့ရှိပြီး ကျွန်တော်တို့ကလည်းပိုပြီးကြိုးစားပြတတ်ပါတယ်။ ဆာအဲလက်စ်ကအမြဲစာချုပ်တွေနဲ့ပဲ အလုပ်လုပ်တတ်တယ်။ကျွန်တော့်စာချုပ်ကိစ္စတစ်ခုကိုမှတ်မိနေသေးတယ်။ ကျွန်တော့်ရဲ့ စကော်လားရှစ် က ၁၈-၁၉ လောက်မှာပြီးသွားတော့သူက ဘယ် အေးဂျင့်နဲ့မှ အလုပ်မလုပ်တော့ဘူး။ ကျွန်တော့်အေးဂျင့်က ဆာအဲလက်စ်ဆီဖုန်းခေါ်လိုက်တော့ စိတ်တိုသွားပုံရတယ်။ကျွန်တော်က လေ့ကျင့်ရေးမှာပြေးနေတုံး သူရောက်လာပြီးလာခေါ်တယ် ပြီးတော့ အားလုံးရှေ့မှာပဲ ငါကမဲပေးဖို့တောင် အသက်အရမ်းကြီးနေပြီ ဒါကြောင့် စာချုပ်အတွက်ငါ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့အတွက်ကလည်း အသက်ကလုံလောက်မှု့ရှိနေပြီလို့ ပြောတယ်။ကံကောင်းစွာနဲ့ပဲ အဲ့ဒီနေ့က ကျွန်တော်ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့သလို ကျွန်တော်သူ့ကိုထပ်တွေ့တော့ သူအဆင်ပြေနေပါတယ်။သူမှန်ပါတယ်။ ဆာအဲလက်စ်က တကယ့်လူကြီးလူကောင်းတစ်ယောက်ဖြစ်သလို သူ့မှာ လူတိုင်းကမဖြစ်မနေလေးစားရမယ့် အနေထားမျိုးရှိတဲ့ ဂုဏ်ကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်”ဆိုပြီး ဂျွန်စတုံးက ပြောပါတယ်။
photo internet
ပေါဂ့်ဘာ နဲ့ ယူနိုက်တက်ကြား စာချုပ်သက်တမ်းက ၂၀၂၂ ထိကျန်ရှိနေသေးသလို တစ်နှစ်သက်တမ်း တိုးခွင့်ကိုလည်း ယူနိုက်တက်ဖက်က ပိုင်ဆိုင်ထားပါသေးတယ်။ အဆိုပါတစ်နှစ်သက်တမ်းကို အသက်သွင်းလိုက်ရင် ယူနိုက်တက် အနေနဲ့ ပေါဂ့်ဘာကို ၂၀၂၃ အထိ ဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ရိုင်းအိုလာ အနေနဲ့ အကျိုးဆောင်ခ နဲ့ ကစားသမားလစာ မြိုးမြိုးမြတ်မြတ်ရရှိမယ်ဆိုရင် သူ့ကစားသမားကို ယူနိုက်တက် ပြင်ပဆီဆွဲခေါ်သွားဖို့မရှိသလို ပေါဂ့်ဘာအနေနဲ့လည်းယူနိုက်တက် မှာ ကျရှုံးသူအဖြစ် အဆုံးမသတ်လိုဘူးလို့ နီးစပ်သူတွေကဆိုပါတယ်။
photo internet
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
ပေါ့ဘာအရေး ယူနိုက်တက်ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?