ပေ့ါဘာနဲ့သရဲနီဂိုးသမားသစ် နေသန်ဘစ်ရှော့တို့နဲ့ပတ်သက်တဲ့သတင်းများ…

photo internet
photo internet

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ပြီးချိန်မှာ ယူနိုက်တက်အသင်းကိုရောက်လာတဲ့သရဲနီတပ်သားသစ်တွေရှိ သလို၊ယူနိုက်တက်ကိုစွန့်ခွာသွားတဲ့သရဲနီတွေလည်းရှိပါတယ်။ အသင်းကိုရောက်လာတဲ့ကစားသမားအသစ် တွေကြောင့် ရှိရင်းစွဲကစားသမားတွေရဲ့အနေအထား၊စိတ်ခံစားချက်ဟာ အနည်းနဲ့အများတော့ ပြောင်းလဲနိုင်တဲ့အခြေအနေရှိပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ စပို့တင်းအသင်းရဲ့ ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ရောက်လာတဲ့ အတွက် ပေ့ါဘာရဲ့အနေအထားကို တွက်ဆတဲ့သူတွေလည်းရှိပါတယ်။ ပေါ့ဘာနဲ့ဖာနန်ဒက်စ်တို့ရဲ့ ကွင်းလယ်အတွဲကိုပြန်မြင်တွေ့ရဖို့ပရိသတ်တွေကမျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ဘာနဲ့ဖာနန်ဒက်စ်အတွဲဟာပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကွင်းလယ်အတွဲတစ်ခုဖြစ်လာ လိမ့်မယ်လို့လည်း ပရိတ်သတ်တွေကခန့်မှန်းပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဘာရဲ့ စကားကြောင့် ဖာနန်ဒက်စ်၊ပေါ့ဘာအတွဲကို ယူနိုက်တက်မှာအချိန်ကြာကြာမြင်တွေ့ရဖို့အခြေအနေဟာ နည်းပါးနိုင်တဲ့အနေအထားရှိပါတယ်။

photo internet

ပေါ့ဘာအနေနဲ့ အသင်းကိုဖာနန်ဒက်စ်ရောက်လာခဲ့ပေမဲ့ ယူနိုက်တက်ကနေ ထွက်ခွာချင်စိတ် ရှိနေဆဲပဲဖြစ်တယ်လို့ အသင်းဖော်တွေကိုပြောကြားခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ ပေါ့ဘာကိုခေါ်ယူဖို့ ဂျုဗင်တပ်နဲ့ ရီးရဲလ်တို့ကစိတ်ဝင်စားနေကြတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့နွေရာသီဈေးကွက်ထဲကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့ကြတာဖြစ်ပါ တယ်။ဒါပေမယ့် ယူနိုက်တက်နဲ့ပေ့ါဘာတို့ရေစက်မကုန်နိုင်ဖြစ်နေပါတယ်။ နောက်ထပ်အပြောင်းအရွှေ့မှာ ပေ့ါဘာတစ်ယောက်ယူနိုက်တက်ကိုစွန့်ခွာနိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်။ လောလောဆယ်မှာတော့ ပေါ့ဘာဟာဒဏ်ရာပြန်လည်ကောင်းမွန်ပြီးမြက်ခင်းစိမ်းပေါ်တက်လှမ်းလို့ရအောင်လေ့ကျင့်ခန်းတွေလုပ်ဆောင် နေပါတယ်။

photo internet

ဇန်နဝါရီဈေးကွက်မှာ ယူနိုက်တက်တို့ခေါ်ယူခဲ့တဲ့ဂိုးသမား နေသန်ဘစ်ရှော့အကြောင်းလည်းတင်ဆက်ပေးချင် ပါတယ်။ နေသန်ကို ဆောက်သမ်ယူနိုက်တက်ကနေပြီးတော့ (၂)နှစ်ခွဲစာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီကောင်လေးကို(၁၉၉၉)ခုနှစ်အောက်တိုဘာ (၁၅)ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့ အသက်(၂၀)အရွယ်ပဲ ရှိပါသေးတယ်။ သူဟာလွန်ခဲ့တဲ့ (၂၀၁၆)ခုနှစ်ကနေစပြီးတော့ ကစားသမားဘဝကိုစတင်ခဲ့တာဖြစ်ပြီး၊ စစချင်းမှာတော့ဆောက်သမ်ယူနိုက်တက်လူငယ်အသင်းမှာကစားခဲ့ပါတယ်။ (၂၀၁၆-၁၇)ဘောလုံးရာသီ ကုန်ချိန်မှာ ဝက်စ်ဟမ်းအသင်းကို ခြေစွမ်းအစမ်းသပ်ခံဖို့သွားရောက်ခဲ့ရပေမဲ့ စာချုပ်ချုုပ်ဆိုနိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည်စေလွှတ်ခြင်းကိုခံခဲ့ရပါတယ်။ ၂၀၁၇-၁၈ ဘောလုံးရာသီမှာတော့ ဆောက်သမ်ယူနိုက်တက်စီနီယာ အသင်းကြီးမှာ ပါဝင်ခွင့်ရခဲ့ပြီး၊တစ်ရာသီလုံးမှာ ပွဲထွက်ခွင့်(၁)ပွဲသာရရှိခဲ့ပါတယ်။ (၂၀၁၈-၁၉)ဘောလုံးရာသီ မှာတော့ နေသန်ဟာဆောက်သမ်ယူနိုက်တက်အတွက် ပွဲပေါင်း(၁၈)ပွဲအထိကစားခွင့်ရခဲ့ပြီး၊ အဲ့ဒီ ရာသီမှာပြိုင်ပွဲစုံ(၂၁)ပွဲပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အခု(၂၀၁၉-၂၀)ဘောလုံးရာသီမှာတော့ နေသန်ဟာ ဆောက်သမ်ယူနိုက်တက်အတွက်ပြိုင်ပွဲစုံ (၁၇)ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး၊ ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်ထဲမှာ ယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

photo internet

လောလောဆယ်မှာတော့ နေသန်တစ်ယောက်ယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာပါဝင် လှုပ်ရှားနေပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲအတွက်လူစာရင်းမှာလည်း နေသန်ဘစ်ရှော့ကိုထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။ ဂိုးသမားအသစ်အလိုရှိနေတဲ့ယူနိုက်တက်ပရိသတ်တွေအတွက် နေသန်ဘယ်လောက်ထိ လက်စွမ်းပြနိုင်မလဲဆိုတာစောင့်ကြည့်ရပါမယ်။ ကစားသမားအသစ်တွေကြောင့် ကစားသမားဟောင်းတွေပိုပြီးအပြောခံရမလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။

photo internet

(Zawgyi Version)

ေပ့ါဘာနဲ႔သရဲနီဂိုးသမားသစ္ ေနသန္ဘစ္ေရွာ့တို႔နဲ႔ပတ္သက္တဲ့သတင္းမ်ား…

ဇန္န၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္ၿပီးခ်ိန္မွာ ယူႏိုက္တက္အသင္းကိုေရာက္လာတဲ့သရဲနီတပ္သားသစ္ေတြရိွ သလုိ၊ယူႏိုက္တက္ကိုစြန္႔ခြာသြားတဲ့သရဲနီေတြလည္းရိွပါတယ္။ အသင္းကိုေရာက္လာတဲ့ကစားသမားအသစ္ ေတြေၾကာင့္ ရိွရင္းစြဲကစားသမားေတြရဲ႕အေနအထား၊စိတ္ခံစားခ်က္ဟာ အနည္းနဲ႔အမ်ားေတာ့ ေျပာင္းလဲႏိုုင္တဲ့အေျခအေနရိွပါတယ္။ ယူႏုိက္တက္ဟာ ျပီးခ့ဲတ့ဲဇန္န၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ စပို႔တင္းအသင္းရဲ႕ ကြင္းလယ္ကစားသမားဘရူႏိုဖာနန္ဒက္စ္ကိုေခၚယူႏုိင္ခ့ဲပါတယ္။ ဖာနန္ဒက္စ္ေရာက္လာတ့ဲ အတြက္ ေပ့ါဘာရဲ႕အေနအထားကို တြက္ဆတဲ့သူေတြလည္းရိွပါတယ္။ ေပါ့ဘာနဲ႔ဖာနန္ဒက္စ္တို႔ရဲ႕ ကြင္းလယ္အတြဲကိုျပန္ျမင္ေတြ႔ရဖို႔ပရိသတ္ေတြကေမွ်ာ္လင့္ထားခ့ဲၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ ေပါ့ဘာနဲ႔ဖာနန္ဒက္စ္အတြဲဟာပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုး ကြင္းလယ္အတြဲတစ္ခုုျဖစ္လာ လိ္မ့္မယ္လို႔လည္း ပရိတ္သတ္ေတြကခန္႔မွန္းေျပာဆိုေနခ့ဲၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ ေပါ့ဘာရဲ႕ စကားေၾကာင့္ ဖာနန္ဒက္စ္၊ေပါ့ဘာအတြဲကို ယူႏုိက္တက္မွာအခ်ိန္ၾကာၾကာျမင္ေတြ႔ရဖို႔အေျခအေနဟာ နည္းပါးႏိုင္တဲ့အေနအထားရိွပါတယ္။

ေပါ့ဘာအေနနဲ႔ အသင္းကိုဖာနန္ဒက္စ္ေရာက္လာခ့ဲေပမ့ဲ ယူႏိုက္တက္ကေန ထြက္ခြာခ်င္စိတ္ ရွိေနဆဲပဲျဖစ္တယ္လို႔ အသင္းေဖာ္ေတြကိုေျပာၾကားခ့ဲတယ္ဆိုၿပီး သတင္းေတြထြက္ေပၚလာခ့ဲတာပါ။ ေပါ့ဘာကုိေခၚယူဖို႔ ဂ်ဳဗင္တပ္နဲ႔ ရီးရဲလ္တို႔ကစိတ္၀င္စားေနၾကတာျဖစ္ျပီးေတာ့ ျပီးခ့ဲတ့ဲေႏြရာသီေစ်းကြက္ထဲကတည္းက ေခၚယူဖို႔ၾကိဳးစားခ့ဲၾကတာျဖစ္ပါတယ္။ဒါေပမယ့္ ယူႏို္က္တက္နဲ႔ေပ့ါဘာတို႔ေရစက္မကုန္ႏိုင္ျဖစ္ေနပါတယ္။ ေနာက္ထပ္အေျပာင္းအေရႊ႕မွာ ေပ့ါဘာတစ္ေယာက္ယူႏိုက္တက္ကိုစြန္႔ခြာႏိုင္မလားဆုိတာေစာင့္ၾကည့္ရပါမယ္။ ေလာေလာဆယ္မွာေတာ့ ေပါ့ဘာဟာဒဏ္ရာျပန္လည္ေကာင္းမြန္ၿပီးျမက္ခင္းစိမ္းေပၚတက္လွမ္းလို႔ရေအာင္ေလ့က်င့္ခန္းေတြလုပ္ေဆာင္ ေနပါတယ္။

ဇန္န၀ါရီေစ်းကြက္မွာ ယူႏိုက္တက္တို႔ေခၚယူခဲ့တဲ့ဂိုးသမား ေနသန္ဘစ္ေရွာ့အေၾကာင္းလည္းတင္ဆက္ေပးခ်င္ ပါတယ္။ ေနသန္ကို ေဆာက္သမ္ယူႏိုက္တက္ကေနျပီးေတာ့ (၂)ႏွစ္ခြဲစာခ်ဳပ္နဲ႔ေခၚယူခ့ဲတာျဖစ္ပါတယ္။ အဲဒီေကာင္ေလးကို(၁၉၉၉)ခုႏွစ္ေအာက္တိုဘာ (၁၅)ရက္ေန႔မွာေမြးဖြားခ့ဲျပီးေတာ့ အသက္(၂၀)အရြယ္ပဲ ရိွပါေသးတယ္။ သူဟာလြန္ခ့ဲတ့ဲ (၂၀၁၆)ခုႏွစ္ကေနစျပီးေတာ့ ကစားသမားဘ၀ကိုစတင္ခ့ဲတာျဖစ္ျပီး၊ စစခ်င္းမွာေတာ့ေဆာက္သမ္ယူႏိုက္တက္လူငယ္အသင္းမွာကစားခ့ဲပါတယ္။ (၂၀၁၆-၁၇)ေဘာလံုးရာသီ ကုန္ခ်ိန္မွာ ၀က္စ္ဟမ္းအသင္းကို ေျခစြမ္းအစမ္းသပ္ခံဖို႔သြားေရာက္ခ့ဲရေပမဲ့ စာခ်ဳပ္ခ်ုဳပ္ဆိုႏိုင္ခ့ဲျခင္းမရွိဘဲ ျပန္လည္ေစလႊတ္ျခင္းကိုခံခ့ဲရပါတယ္။ ၂၀၁၇-၁၈ ေဘာလံုးရာသီမွာေတာ့ ေဆာက္သမ္ယူႏို္က္တက္စီနီယာ အသင္းၾကီးမွာ ပါ၀င္ခြင့္ရခ့ဲျပီး၊တစ္ရာသီလံုးမွာ ပြဲထြက္ခြင့္(၁)ပြဲသာရရွိခ့ဲပါတယ္။ (၂၀၁၈-၁၉)ေဘာလံုးရာသီ မွာေတာ့ ေနသန္ဟာေဆာက္သမ္ယူႏုိက္တက္အတြက္ ပြဲေပါင္း(၁၈)ပြဲအထိကစားခြင့္ရခ့ဲျပီး၊ အ့ဲဒီ ရာသီမွာျပိဳင္ပြဲစံု(၂၁)ပြဲပါ၀င္ကစားခြင့္ရခ့ဲပါတယ္။ အခု(၂၀၁၉-၂၀)ေဘာလံုးရာသီမွာေတာ့ ေနသန္ဟာ ေဆာက္သမ္ယူႏုိက္တက္အတြက္ျပိဳင္ပြဲစံု (၁၇)ပြဲပါ၀င္ကစားခြင့္ရခ့ဲျပီး၊ ျပီးခ့ဲတ့ဲဇန္န၀ါရီေစ်းကြက္္ထဲမွာ ယူႏိ္ုက္တက္ကိုေျပာင္းေရႊ႕လာခ့ဲတာျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ေနသန္တစ္ေယာက္ယူႏိုက္တက္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာပါ၀င္လႈပ္ရွားေနပါတယ္။ ယူရိုပါလိဂ္ၿပိဳင္ပြဲအတြက္လူစာရင္းမွာလည္း ေနသန္ဘစ္ေရွာ့ကိုထည့္သြင္းေပးထားတယ္လုိ႔သိရပါတယ္။ ဂိုးသမားအသစ္အလုိရိွေနတဲ့ယူႏို္က္တက္ပရိသတ္ေတြအတြက္ ေနသန္ဘယ္ေလာက္ထိ လက္စြမ္းျပႏိုင္မလဲဆို တာေစာင့္ၾကည့္ ရပါမယ္။ ကစားသမားအသစ္ေတြေၾကာင့္ ကစားသမားေဟာင္းေတြပိုၿပီးအေျပာခံရမလားဆိုတာ ကလည္းစိတ္၀င္စားဖုိ႔ေကာင္းပါတယ္။