ပေ့ါဘာကို အကောင်းဆုံးကစားသမားဆုထပ်ရဖို့ မမျှော်လင့်နဲ့ဆိုပြီး ပြောတဲ့ ဖာနန်ဒက်စ်

ပေါ့ဘာ ဟာ ဂျာမနီ အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး

အဲဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။အဲဒီပွဲမှာ ပြင်သစ် အသင်းက

ဂျာမနီ အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ပြင်သစ် အသင်းအတွက် တစ်လုံးတည်းသောဂိုးကို လူးကပ်စ်ဟာနန်ဒက်စ် ရဲ့ဖြတ်တင်ဘောကို

ဟမ်းမဲလ် က ဖျက်ထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာဖြစ်ပါတယ်။ပေါ့ဘာ ဟာ

ဒီဂိုးသွင်းယူဖို့ လူးကပ်စ်ဟာနန်ဒက်စ် ကို တိကျတဲ့ဘောလုံးပေးပို့ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲက ကွင်းလယ်လူ ပေါ့ဘာရဲ့ စွမ်းဆောင်ချက်များ

ကတော့ ဘောလုံးထိချက် -(76)ကြိမ်၊ဘောလုံးပေးပို့ရာ၌ အောင်မြင်မှု-(82%)၊

ဘောလုံးလိမ်ခေါက်ရာ၌အောင်မြင်မှု%-(100%)၊
ကြားဖြတ်လုယူခြင်း-(3)ကြိမ်၊
ဘောလုံးပြန်လည်ဆယ်ယူခြင်း-(12)ကြိမ် တို့ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဖော် ဘရူနိုဖာနန်ဒက်စ် က သူ့ရဲ့အင်စတာဂရမ် story မှာ

ပေါ့ဘာ ပွဲအပြီး အင်တာဗျုးဖြေနေတဲ့ ပုံကို တင်ခဲ့ပြီး “မင်းအတွက် ဝမ်းသာပါတယ်။

ဒါပေမယ့် အကောင်းဆုံးကစားသမားဆုကို ဒီနေ့ပဲ ရမယ်လို့”ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာလည်း ပေါ်တူဂီနဲ့ ဟန်ဂေရီပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက်

၈၉ မိနစ်အထိ ကစားပေးခဲ့ပါတယ်။အဲဒီပွဲက ကွင်းလယ်လူ

ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ချက်တွေကတော့ ဘောလုံးပေးပို့ ရာ၌အောင်မြင်မှု%-(87%)၊
ဂိုးဧရိယာထဲသို့ဘောလုံးပေးပို့မှု-(12)ကြိမ်၊ အဝေးဘောပေးပို့မှု -(4)ကြိမ်၊

အခွင့်အရေးကြီးဖန်တီးပေးမှု-(2)ကြိမ်၊ ဂိုးပေါက်ကန်သွင်း မှု-(2)ကြိမ်၊
ဂိုးပေါက်တည့်မှု-(1)ကြိမ် တို့ဖြစ်ပါတယ်။

ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ရဲ့ လက်ရွေးစင်အသင်းတွေဟာ ယူရိုပြိုင်ပွဲမှာ

တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ

အခုလ 24 ရက်မှာ ပြိုင်ဘက်တွေအဖြစ်ကစားရမှာဖြစ်ပါတယ်။

Zawgyi Version

ေပ့ါဘာကို အေကာင္းဆုံးကစားသမားဆုထပ္ရဖို႔ မေမွ်ာ္လင့္နဲ႔ဆုိၿပီး

ေျပာတဲ့ ဖာနန္ဒက္စ္

ေပါ့ဘာ ဟာ ဂ်ာမနီ အသင္းနဲ႔ ကစားခဲ့တဲ့ ယူရိုၿပိဳင္ပြဲရဲ့အုပ္စုအဖြင့္ပြဲမွာ

ေျခစြမ္းျပနိုင္ခဲ့ၿပီး အဲဒီပြဲရဲ့အေကာင္းဆုံးကစားသမားဆုကို ရယူနိုင္ခဲ့ပါတယ္။

အဲဒီပြဲမွာ ျပင္သစ္ အသင္းက ဂ်ာမနီ အသင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရခဲ့ပါတယ္။

ျပင္သစ္ အသင္းအတြက္ တစ္လုံးတည္းေသာဂိုးကို လူးကပ္စ္ဟာနန္ဒက္စ္ ရဲ့ျဖတ္တင္ေဘာကို

ဟမ္းမဲလ္ က ဖ်က္ထုတ္ဖို့ ႀကိဳးစားရင္း ကိုယ့္ဂိုးကိုယ္သြင္းယူမိခဲ့တာျဖစ္ပါတယ္။ေပါ့ဘာ

ဟာ ဒီဂိုးသြင္းယူဖို့ လူးကပ္စ္ဟာနန္ဒက္စ္ ကို တိက်တဲ့ေဘာလုံးေပးပို့ခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲက ကြင္းလယ္လူ ေပါ့ဘာရဲ႕ စြမ္းေဆာင္ခ်က္မ်ားကေတာ့

ေဘာလုံးထိခ်က္ -(76)ႀကိမ္၊

ေဘာလုံးေပးပို့ရာ၌ေအာင္ျမင္မွု-(82%)၊

ေဘာလုံးလိမ္ေခါက္ရာ၌ေအာင္ျမင္မွု%-(100%)၊

ၾကားျဖတ္လုယူျခင္း-(3)ႀကိမ္၊

ေဘာလုံးျပန္လည္ဆယ္ယူျခင္း-(12)ႀကိမ္ တို႔ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းေဖာ္ ဘ႐ူနိုဖာနန္ဒက္စ္ က သူ႔ရဲ့အင္စတာဂရမ္ story မွာ

ေပါ့ဘာ ပြဲအၿပီး အင္တာဗ်ဳးေျဖေနတဲ့ ပုံကို တင္ခဲ့ၿပီး

“မင္းအတြက္ ဝမ္းသာပါတယ္။ဒါေပမယ့္ အေကာင္းဆုံးကစားသမားဆုကို

ဒီေန႔ပဲ ရမယ္လို့”ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ဟာလည္း ေပၚတူဂီနဲ႔ ဟန္ေဂရီပြဲစဥ္မွာ ေပၚတူဂီအသင္းအတြက္

၈၉ မိနစ္အထိ ကစားေပးခဲ့ပါတယ္။အဲဒီပြဲက ကြင္းလယ္လူ

ဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္ခ်က္ေတြကေတာ့

ေဘာလုံးေပးပို့ရာ၌ေအာင္ျမင္မွု%-(87%)၊

ဂိုးဧရိယာထဲသို့ေဘာလုံးေပးပို့မွု-(12)ႀကိမ္၊
အေဝးေဘာေပးပို့မွု-(4)ႀကိမ္၊
အခြင့္အေရးႀကီးဖန္တီးေပးမွု-(2)ႀကိမ္၊

ဂိုးေပါက္ကန္သြင္းမွု-(2)ႀကိမ္၊

ဂိုးေပါက္တည့္မွု-(1)ႀကိမ္ တို႔ျဖစ္ပါတယ္။

ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ လက္ေရြးစင္အသင္းေတြဟာ

ယူရိုၿပိဳင္ပြဲမွာ တစ္အုပ္စုတည္းက်ေရာက္ေနတာျဖစ္ၿပီး၊

သူတို႔ႏွစ္ေယာက္ဟာ အခုလ 24 ရက္မွာ

ၿပိဳင္ဘက္ေတြအျဖစ္ကစားရ

မွာျဖစ္ပါတယ္။