ပေ့ါဘာကို စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးနေပြီး လင်ဂတ်ကိုလည်း အသင်းမှာဆက်ထားမယ်လို့ ဆိုးလ်ရှားအတည်ပြု
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက အသင်းရဲ့အဓိက,ကွင်းလယ်လူတစ်ဦးဖြစ်သူပေ့ါဘာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက်ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းမှာ တစ်ပတ်ကိုပေါင်(၂၉၀,၀၀၀)ရရှိနေတဲ့ပေ့ါဘာဟာ အသင်းနဲ့စာချုပ်သက်တမ်းက (၁၀)လကျော်သာကျန်ရှိတော့ပြီး ယူနိုက်တက်အသင်းကနေ ဒုတိယအကြိမ်မြောက်အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမယ့်အနေအထားရှိနေပါတယ်။
ယူနိုက်တက်အသင်းကတော့ ပေ့ါဘာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ဆန္ဒပြင်းပြနေပေမယ့် ပေ့ါဘာနဲ့သူ့အေးဂျင့်ရိုအိုလာတို့ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သိပ်ပြီးဆန္ဒမရှိဖြစ်နေတာပါ။
လိဒ်စ်အသင်းကို (၅-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ပေ့ါဘာဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ပွဲတည်းဂိုးဖန်တီးမှု(၄)ကြိမ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံးယူနိုက်တက်ကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။
ပေ့ါဘာရဲ့အနေအထားနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းမှုအပေါ် ဆိုးလ်ရှားက “အခုလောလောဆယ် ပေ့ါဘာရဲ့အေးဂျင့်နဲ့အသင်းတာဝန်ရှိသူတွေဟာ ဆွေးနွေးမှုပြုလုပ်နေဆဲဖြစ်ပါတယ်။
ကျွန်တော်နဲ့ပေ့ါဘာကတော့ နေ့တိုင်းအတူအလုပ်တွဲလုပ်တယ်၊ အသင်းအနေအထားတိုးတက်လာအောင်နဲ့ ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်မှုရအောင် ဖန်တီးနေကြတာဖြစ်ပါတယ်။
အသင်းနဲ့အတူနိုင်ပွဲတွေရယူနိုင်မယ်ဆိုရင် ကျွန်တော်တို့တွေဟာ စိတ်ကျေနပ်မှုရပြီးပျော်ရွှင်မှာပဲမဟုတ်လား”လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားက အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူလင်ဂတ်ဟာ အခုရာသီမှာ အသင်းမှာပဲဆက်ရှိနေမယ်လို့ အတည်ပြုခဲ့ပါတယ်။
လင်ဂတ်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်မရလို့ ဝက်စ်ဟမ်းအသင်းဆီအငှားနဲ့သွားရောက်ကစားခဲ့ရပြီး ဒီရာသီမှာလည်း ပွဲထွက်ခွင့်ရဖို့မသေချာပေမယ့် ဆိုးလ်ရှားက လင်ဂတ်ဟာ အသင်းရဲ့စီမံကိန်းတွေမှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေဆဲဖြစ်တယ်လို့ဆိုခဲ့ပါတယ်။
ဆိုးလ်ရှားက “လင်ဂတ်ဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေပြီး အင်္ဂါနေ့တုန်းက ဘန်လေနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ လင်ဂတ်က အဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်နေဆဲပါပဲ”လို့ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးနေပြီး လင်ဂတ်ကိုလည်း အသင်းမှာဆက်ထားမယ်လို့ ဆိုးလ်ရှားအတည်ပြု
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက အသင်းရဲ့အဓိက,ကွင်းလယ်လူတစ်ဦးဖြစ်သူပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက်ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းမှာ တစ်ပတ်ကိုပေါင်(၂၉၀,၀၀၀)ရရှိနေတဲ့ပေါ့ဘာဟာ အသင်းနဲ့စာချုပ်သက်တမ်းက (၁၀)လကျော်သာကျန်ရှိတော့ပြီး ယူနိုက်တက်အသင်းကနေ ဒုတိယအကြိမ်မြောက်အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမယ့်အနေအထားရှိနေပါတယ်။ ယူနိုက်တက်အသင်းကတော့ ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ဆန္ဒပြင်းပြနေပေမယ့် ပေါ့ဘာနဲ့သူ့အေးဂျင့်ရိုအိုလာတို့ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သိပ်ပြီးဆန္ဒမရှိဖြစ်နေတာပါ။ လိဒ်စ်အသင်းကို (၅-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ပေါ့ဘာဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ပွဲတည်းဂိုးဖန်တီးမှု(၄)ကြိမ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံးယူနိုက်တက်ကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။