M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေ့ါဘာကို ခေါ်ယူဖို့ကြိုးပမ်းနေပေမယ့် အသင်းပရိသတ်တွေကတော့ အဲဒီကြိုးပမ်းမှုအပေါ် အကြီးအကျယ်ကန့်ကွက်တဲ့သဘောမျိုးနဲ့
အသင်းလေ့ကျင်းရေးကွင်းပြင်ပမှာ ငှက်ပျောသီးတွေချိတ်ပြီး လူမျိုးရေးခွဲခြားခဲ့သလို စာတန်းချိတ်ဆွဲပြီးတော့ ဆန္ဒပြခဲ့ပါတယ်။
အခုစနေနေ့မနက်ပိုင်းက PSG အသင်းရဲ့လေ့ကျင့်ရေးကွင်းအနီးမှာ PSG ပရိသတ်တွေက စာတန်းတစ်ခုချိတ်ဆွဲခဲ့ပြီး အဲဒီပေါ်မှာ “ပေါ့ဘာရေ ..မင်းအမေပြောတဲ့အတိုင်း နားထောင်လိုက်တာကောင်းမယ်ထင်တယ်…
မင်းအမေကလည်း ဒီအသင်းမှာ မကစားစေချင်သလို. ငါတို့ကလည်း မင်းကို မလာစေချင်ဘူး”လို့ ရေးသားခဲ့တာပါ။
အဲဒီစာတန်းကို ဘယ်သူချိတ်သွားလဲဆိုတာ မသိရသေးသလို PSG ပရိသတ်တွေအနေနဲ့ ဘာဖြစ်လို့ ပေ့ါဘာကို အသင်းဆီမပြောင်းရွှေ့စေချင်တာလည်းဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဖြစ်နိုင်တာက ပေ့ါဘာဟာ ၂၀၁၉ ခုနှစ်ချန်ပီယံလိဂ်ပွဲတုန်းက PSG အသင်းကို အနိုင်ရခဲ့ချိန်မှာ အလွန်အကျွံအောင်ပွဲခံခဲ့လို့များ PSG ပရိသတ်တွေက အခုလို ဆန့်ကျင်နေတာလားဆိုပြီး ဗြိတိန်သတင်းစာ Daily Mail က သုံးသပ်ခဲ့ပါတယ်။
၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဒီနှစ်သင်းဆုံတွေ့ခဲ့တုန်းက ဒုတိယအကျော့ပွဲမှာ ပေါ့ဘာဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ ယူနိုက်တက်အသင်းဟာ
ပြင်သစ်မြေမှာ PSG အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူခဲ့လို့ ပေ့ါဘာက ပွဲအပြီး အသင်းဖော်တွေနဲ့အတူ အကြီးအကျယ်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ပေ့ါဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်သာကျန်ရှိတော့ပြီး ယူနိုက်တက်အသင်းက သူ့ကို လစာငွေတိုးမြှင့်ပေးပြီးတော့ ပေါင်သန်း(၅၀)တန်ကြေးရှိတဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်ဆိုပြီးသတင်းထွက်နေတာပါ။
အခုလောလောဆယ် PSG အသင်းက ပေ့ါဘာကို ခေါ်ယူဖို့ချိတ်ဆက်နေပြီး အေးဂျင့်ဖြစ်တဲ့ရိုင်အိုလာနဲ့တွေ့ဆုံခဲ့တယ်လို့ မီဒီယာတွေက အကျယ်တဝင့်ဖော်ပြနေပေမယ့် အခုအချိန်အထိတော့ နှစ်ဖက်အသင်းကြား တရားဝင်ဆွေးနွေးတာမျိုးမရှိသေးပါဘူး။
ယူနိုက်တက်အသင်းအနေနဲ့ ပေ့ါဘာကို ပြောင်းရွှေ့ကြေးမရဘဲ အလွတ်နဲ့မဆုံးရှုံးရဖို့အတွက် အခုနွေရာသီအတွင်း ရောင်းချဖို့ရှိနေပြီး ပေါင်သန်း(၅၀)ဝန်းကျင်လောက်ရရင် လက်လွတ်ခံဖို့ရှိနေပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပေါ့ဘာကို ခေါ်ယူဖို့ကြိုးပမ်းနေတဲ့အပေါ် PSG ပရိသတ်တွေ အကြီးအကျယ်ကန့်ကွက်ဆန္ဒပြခဲ့ကြ
ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေါ့ဘာကို ခေါ်ယူဖို့ကြိုးပမ်းနေပေမယ့် အသင်းပရိသတ်တွေကတော့ အဲဒီကြိုးပမ်းမှုအပေါ် အကြီးအကျယ်ကန့်ကွက်တဲ့သဘောမျိုးနဲ့ အသင်းလေ့ကျင်းရေးကွင်းပြင်ပမှာ ငှက်ပျောသီးတွေချိတ်ပြီး လူမျိုးရေးခွဲခြားခဲ့သလို စာတန်းချိတ်ဆွဲပြီးတော့ ဆန္ဒပြခဲ့ပါတယ်။
၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဒီနှစ်သင်းဆုံတွေ့ခဲ့တုန်းက ဒုတိယအကျော့ပွဲမှာ ပေါ့ဘာဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ ယူနိုက်တက်အသင်းဟာ ပြင်သစ်မြေမှာ PSG အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူခဲ့လို့ ပေါ့ဘာက ပွဲအပြီး အသင်းဖော်တွေနဲ့အတူ အကြီးအကျယ်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်သာကျန်ရှိတော့ပြီး ယူနိုက်တက်အသင်းက သူ့ကို လစာငွေတိုးမြှင့်ပေးပြီးတော့ ပေါင်သန်း(၅၀)တန်ကြေးရှိတဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်ဆိုပြီးသတင်းထွက်နေတာပါ။ အခုလောလောဆယ် PSG အသင်းက ပေါ့ဘာကို ခေါ်ယူဖို့ချိတ်ဆက်နေပြီး အေးဂျင့်ဖြစ်တဲ့ရိုင်အိုလာနဲ့တွေ့ဆုံခဲ့တယ်လို့ မီဒီယာတွေက အကျယ်တဝင့်ဖော်ပြနေပေမယ့် အခုအချိန်အထိတော့ နှစ်ဖက်အသင်းကြား တရားဝင်ဆွေးနွေးတာမျိုးမရှိသေးပါဘူး။ ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဘာကို ပြောင်းရွှေ့ကြေးမရဘဲ အလွတ်နဲ့မဆုံးရှုံးရဖို့အတွက် အခုနွေရာသီအတွင်း ရောင်းချဖို့ရှိနေပြီး ပေါင်သန်း(၅၀)ဝန်းကျင်လောက်ရရင် လက်လွတ်ခံဖို့ရှိနေပါပြီ။