ပေါ်တူဂီ၊ဂျာမနီနဲ့ ပြင်သစ်တို့ တစ်အုပ်စုတည်းကျနေတဲ့ ယူရို ၂၀၂၀ အုပ်စုတွေထွက်ပေါ်လာ

photo-gettyimages

photo-gettyimages

မဲခွဲပွဲအပြီးမှာ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးအတွက် အုပ်စုတွေထွက်ပေါ်လာပြီဖြစ်ရာ ဗိုလ်စွဲဖူးကြတဲ့ ပေါ်တူဂီ၊ဂျာမနီနဲ့ပြင်သစ်တို့အသင်းကြီး ၃ သင်းစလုံး တစ်အုပ်စုတည်း ကျရောက်နေကြပါတယ်။ လက်ရှိချန်ပီယံပေါ်တူဂီဟာ မရဏအုပ်စုဖြစ်သွားတဲ့ အုပ်စု(F)မှာ လက်ရှိကမ္ဘာ့ချန်ပီယံပြင်သစ်၊အစဉ်အလာကောင်းရှိခဲ့တဲ့ ဂျာမနီတို့နဲ့ ရင်ဆိုင်ရမှာမို့ သူတို့အတွက် ချန်ပီယံကာကွယ်ရေးဟာ စကတည်းက ခက်ခဲကြမ်းတမ်းတော့မှာပါ။ သူတို့ ၃ သင်းနဲ့အတူ Play-offs ကတက်လာမယ့်အသင်းတစ်သင်းနဲ့ စုစုပေါင်း ၄ သင်း ဖြစ်သွားမှာပါ။

photo-gettyimages

နည်းပြဆောက်ဂိတ်ရဲ့အင်္ဂလန်ကတော့ ခရိုအေးရှားနဲ့ပြန်တွေ့တာကလွဲရင် အုပ်စုချောင်ခဲ့ပြီး အုပ်စု(D)မှာ ချက်၊ Play-offs က တက်လာမယ့်အသင်းတစ်သင်းတိုနဲ့ ရင်ဆိုင်ရမှာပါ။ အသင်းကြီးတွေထဲက လက်ရှိကမ္ဘာ့အဆင့် ၁ ဖြစ်တဲ့ ဘယ်လ်ဂျီယံကတော့ ဒိန်းမတ်၊ဖင်လန်၊ရုရှားတို့နဲ့ တစ်အုပ်စုတည်းကျနေပါတယ်။ ဒီလိုပဲ နောက်ဆုံး ၄ ကြိမ်မှာ ၃ ကြိမ်မြောက်ဗိုလ်စွဲနိုင်ဖို့ မျှော်မှန်းနေတဲ့ စပိန်ဟာလည်း ဆွီဒင်၊ပိုလန်တို့နဲ့ အရမ်းကြီးအုပ်စုမကျပ်လှပါဘူး။ အီတလီနဲ့ နယ်သာလန်တု့ိလည်း အုပ်စုခောျင်ကြပါတယ်။ Play-offs က ထွက်ပေါ်လာမယ့် ၄ သင်းနဲ့ဆိုရင်တော့ အုပ်စုတွေဟာ အပြည့်အဝရုပ်လုံးပေါ်သွားမှာပါ။ Play-offs ပွဲတွေကိုတော့ လာမယ့်မတ်လမှာ ကစားသွားမှာ ဖြစ်ပါတယ်။

photo-gettyimages

ယူရို ၂၀၂၀ အုပ်စုများ

အုပ်စု(A) – အီတလီ၊ ဆွစ်ဇာလန်၊ တူရကီ၊ ဝေးလ်

အုပ်စု(B) – ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ရုရှား၊ ဖင်လန်

အုပ်စု(C) – နယ်သာလန်၊ ယူကရိန်း၊ သြစတြီးယား၊ play-offs တစ်သင်း

အုပ်စု(D) – အင်္ဂလန်၊ ခရိုအေးရှား၊ ချက်၊ play-offs တစ်သင်း

အုပ်စု(E) – စပိန်၊ ဆွီဒင်၊ ပိုလန်၊ play-offs တစ်သင်း

အုပ်စု(F)- ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီ၊ play-offs တစ်သင်း

[Zawgyi]

ေပၚတူဂီ၊ဂ်ာမနီနဲ႔ ျပင္သစ္တုိ႔ တစ္အုပ္စုတည္းက်ေနတဲ့ ယူရို ၂၀၂၀ အုပ္စုေတြထြက္ေပၚလာ

မဲခြဲပြဲအၿပီးမွာ ယူရို ၂၀၂၀ ၿပိဳင္ပြဲႀကီးအတြက္ အုပ္စုေတြထြက္ေပၚလာၿပီျဖစ္ရာ ဗုိလ္စြဲဖူးၾကတဲ့ ေပၚတူဂီ၊ဂ်ာမနီနဲ႔ျပင္သစ္တို႔အသင္းႀကီး ၃ သငး္စလုံး တစ္အုပ္စုတည္း က်ေရာက္ေနၾကပါတယ္။ လက္ရွိခ်န္ပီယံေပၚတူဂီဟာ မရဏအုပ္စုျဖစ္သြားတဲ့ အုပ္စု(F)မွာ လက္ရွိကမာၻ႔ခ်န္ပီယံျပင္သစ္၊အစဥ္အလာေကာင္းရွိခဲ့တဲ့ ဂ်ာမနီတုိ႔နဲ႔ ရင္ဆိုင္ရမွာမို႔ သူတုိ႔အတြက္ ခ်န္ပီယံကာကြယ္ေရးဟာ စကတည္းက ခက္ခဲၾကမး္တမး္ေတာ့မွာပါ။ သူတို႔ ၃ သင္းနဲ႔အတူ Play-offs ကတက္လာမယ့္အသင္းတစ္သင္းနဲ႔ စုစုေပါင္း ၄ သင္း ျဖစ္သြားမွာပါ။

နည္းျပေဆာက္ဂိတ္ရဲ႕အဂၤလန္ကေတာ့ ခရိုေအးရွားနဲ႔ျပန္ေတြ႕တာကလြဲရင္ အုပ္စုေခ်ာင္ခဲ့ၿပီး အုပ္စု(D)မွာ ခ်က္၊ Play-offs က တက္လာမယ့္အသင္းတစ္သင္းတိုနဲ႔ ရင္ဆိုင္ရမွာပါ။ အသငး္ႀကီးေတြထဲက လက္ရွိကမာၻ႔အဆင့္ ၁ ျဖစ္တဲ့ ဘယ္လ္ဂ်ီယံကေတာ့ ဒိန္းမတ္၊ဖင္လန္၊ရုရွားတုိ႔နဲ႔ တစ္အုပ္စုတည္းက်ေနပါတယ္။ ဒီလိုပဲ ေနာက္ဆုံး ၄ ႀကိမ္မွာ ၃ ႀကိမ္ေျမာက္ဗုိလ္စြဲႏိုင္ဖုိ႔ ေမွ်ာ္မွန္းေနတဲ့ စပိန္ဟာလည္း ဆြီဒင္၊ပိုလန္တို႔နဲ႔ အရမ္းႀကီးအုပ္စုမက်ပ္လွပါဘူး။ အီတလီနဲ႔ နယ္သာလန္တု႔ိလည္း အုပ္စုေခာ်င္ၾကပါတယ္။ Play-offs က ထြက္ေပၚလာမယ့္ ၄ သင္းနဲ႔ဆိုရင္ေတာ့ အုပ္စုေတြဟာ အျပည့္အ၀ရုပ္လုံးေပၚသြားမွာပါ။ Play-offs ပြဲေတြကိုေတာ့ လာမယ့္မတ္လမွာ ကစားသြားမွာ ျဖစ္ပါတယ္။

ယူရို ၂၀၂၀ အုပ္စုမ်ား

အုပ္စု(A) – အီတလီ၊ ဆြစ္ဇာလန္၊ တူရကီ၊ ေ၀းလ္

အုပ္စု(B) – ဘယ္လ္ဂ်ီယံ၊ ဒိန္းမတ္၊ ရုရွား၊ ဖင္လန္

အုပ္စု(C) – နယ္သာလန္၊ ယူကရိန္း၊ ၾသစႀတီးယား၊ play-offs တစ္သင္း

အုပ္စု(D) – အဂၤလန္၊ ခရိုေအးရွား၊ ခ်က္၊ play-offs တစ္သင္း

အုပ္စု(E) – စပိန္၊ ဆြီဒင္၊ ပိုလန္၊ play-offs တစ္သင္း

အုပ္စု(F)- ေပၚတူဂီ၊ ျပင္သစ္၊ ဂ်ာမနီ၊ play-offs တစ္သင္း