ပေါ်တူဂီမှာ ကိုရိုနာရှောင်နေပေမယ့် ရူဂါနီကြောင့် သံသယစာရင်းထဲပါလာတဲ့ စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

အသင်းနောက်ခံလူရူဂါနီ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရတယ်ဆိုတဲ့သတင်းဟာ ဂျူဗင်တပ်အပြင် စီးရီးအေဘောလုံးရပ်ဝန်းတစ်ခုလုံးကိုပါ ရိုက်ခတ်သွားစေခဲ့ပါတယ်။ အထူးသဖြင့် ပေါ်တူဂီမှာ ကိုရိုနာသွားရှောင်နေတဲ့ စီရော်နယ်ဒိုအတွက် တုန်လှုပ်စရာဖြစ်ပါလိမ့်မယ်။ သူဟာ ပြီးခဲ့တဲ့တနင်္ဂနွေမှာကစားခဲ့တဲ့ အင်တာမီလန်နဲ့ စီးရီးအေပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီးနောက် အကြောင်းကိစ္စတွေကြောင့် ရက်ပိုင်းအတွင်းမှာပဲ ပေါ်တူဂီကိုပြန်သွားခဲ့တာပါ။ လက်ရှိမှာလည်း ပေါ်တူဂီမှာပဲရှိနေပြီး အီတလီကိုပြန်လာတော့မှာဖြစ်ပေမယ့် အခြေအနေကိုစောင့်ကြည့်ပြီး သူ့အစီအစဉ်ကို ပြောင်းဖွယ်ရှိပါတယ်။

photo-gettyimages

အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Tuttosport ရဲ့အဆိုအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီတစ်နိုင်ငံလုံးပိတ်ဆို့ထားပေမယ့် အစိုးရရဲ့အထူးခွင့်ပြုချက်နဲ့  စီေရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းတည်ရှိရာ တူရင်မြို့ကနေ ပေါ်တူဂီကို ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ ပေါ်တူဂီမှာက အစ်မဖြစ်သူရဲ့မွေးနေ့ ရှိနေတဲ့အပြင် မကြာသေးခင်က လေဖြတ်ထားပြီး ပြန်ကောင်းလာတဲ့မိခင်ဖြစ်သူကို သွားတွေ့ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ ပြီးခဲ့တဲ့ရက်တွေက ဂျူဗင်တပ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ခြင်း မရှိခဲ့တာပါ။

photo-social media

ဒါပေမဲ့လည်း ကိုရိုနာကူးစက်ခံထားရတဲ့ ရူဂါနီဟာ ပြီးခဲ့တဲ့တနင်္ဂနွေ အင်တာနဲ့ပွဲမှာ ပါဝင်မကစားခဲ့ပေမယ့် အရန်အဖြစ်ရှိနေခဲ့ပြီး ပွဲပြီးတော့ အဝတ်အစားလဲခန်းထဲမှာ စီရော်နယ်ဒိုအပါအဝင် ဂျူဗင်တပ်အသင်းဖော်တွေနဲ့ အောင်ပွဲခံခဲ့တဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာပါ။ ဒါကြောင့် စီရော်နယ်ဒိုအပါအဝင် ဂျူဗင်တပ်တစ်သင်းလုံး ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သံသယရှိခံနေရပါတယ်။ လောလောဆယ် သေချာတာကတော့ စီရော်နယ်ဒိုဟာ တစ်ယောက်တည်းသီးသန့်နေပြီး ၁၄ ရက်စောင့်ကြည့်ခံရဖို့ ရှိပါတယ်။

[Zawgyi]

ေပၚတူဂီမွာ ကိုရိုနာေရွာင္ေနေပမယ့္ ရူဂါနီေၾကာင့္ သံသယစာရင္းထဲပါလာတဲ့ စီေရာ္နယ္ဒို

အသင္းေနာက္ခံလူရူဂါနီ ကိုရိုနာဗိုင္းရပ္ကူးစက္ခံထားရတယ္ဆိုတဲ့သတင္းဟာ ဂ်ဴဗင္တပ္အျပင္ စီးရီးေအေဘာလုံးရပ္၀န္းတစ္ခုလုံးကိုပါ ရိုက္ခတ္သြားေစခဲ့ပါတယ္။ အထူးသျဖင့္ ေပၚတူဂီမွာ ကိုရိုနာသြားေရွာင္ေနတဲ့ စီေရာ္နယ္ဒုိအတြက္ တုန္လႈပ္စရာျဖစ္ပါလိမ့္မယ္။ သူဟာ ၿပီးခဲ့တဲ့တနဂၤေႏြမွာကစားခဲ့တဲ့ အင္တာမီလန္နဲ႔ စီးရီးေအပြဲစဥ္မွာ ပါ၀င္ကစားခဲ့ၿပီးေနာက္ အေၾကာင္းကိစၥေတြေၾကာင့္ ရက္ပိုင္းအတြင္းမွာပဲ ေပၚတူဂီကိုျပန္သြားခဲ့တာပါ။ လက္ရွိမွာလည္း ေပၚတူဂီမွာပဲရွိေနၿပီး အီတလီကိုျပန္လာေတာ့မွာျဖစ္ေပမယ့္ အေျခအေနကိုေစာင့္ၾကည့္ၿပီး သူ႔အစီအစဥ္ကို ေျပာင္းဖြယ္ရွိပါတယ္။

အီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ့ Tuttosport ရဲ႕အဆုိအရ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အီတလီတစ္ႏိုင္ငံလုံးပိတ္ဆို႔ထားေပမယ့္ အစိုးရရဲ႕အထူးခြင့္ျပဳခ်က္နဲ႔  စီေေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းတည္ရွိရာ တူရင္ၿမိဳ႕ကေန ေပၚတူဂီကို ကိုယ္ပိုင္ေလယာဥ္နဲ႔ ျပန္သြားခဲ့တယ္လုိ႔ သိရပါတယ္။ ေပၚတူဂီမွာက အစ္မျဖစ္သူရဲ႕ေမြးေန႔ ရွိေနတဲ့အျပင္ မၾကာေသးခင္က ေလျဖတ္ထားၿပီး ျပန္ေကာင္းလာတဲ့မိခင္ျဖစ္သူကုိ သြားေတြ႕ဖုိ႔အတြက္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူဟာ ၿပီးခဲ့တဲ့ရက္ေတြက ဂ်ဴဗင္တပ္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပါ၀င္ျခင္း မရွိခဲ့တာပါ။

ဒါေပမဲ့လည္း ကိုရိုနာကူးစက္ခံထားရတဲ့ ရူဂါနီဟာ ၿပီးခဲ့တဲ့တနဂၤေႏြ အင္တာနဲ႔ပဲြမွာ ပါ၀င္မကစားခဲ့ေပမယ့္ အရန္အျဖစ္ရွိေနခဲ့ၿပီး ပြဲၿပီးေတာ့ အ၀တ္အစားလဲခန္းထဲမွာ စီေရာ္နယ္ဒိုအပါအ၀င္ ဂ်ဴဗင္တပ္အသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံခဲ့တဲ့ပုံကို ဆိုရွယ္မီဒီယာေပၚတင္ခဲ့တာပါ။ ဒါေၾကာင့္ စီေရာ္နယ္ဒိုအပါအ၀င္ ဂ်ဴဗင္တပ္တစ္သင္းလံုး ကိုရိုနာဗုိင္းရပ္စ္နဲ႔ပတ္သက္လို႔ သံသယရွိခံေနရပါတယ္။ ေလာေလာဆယ္ ေသခ်ာတာကေတာ့ စီေရာ္နယ္ဒိုဟာ တစ္ေယာက္တည္းသီးသန္႔ေနၿပီး ၁၄ ရက္ေစာင့္ၾကည့္ခံရဖို႔ ရွိပါတယ္။