ပေါ်တူဂီဂိုးဧရိယာထဲကနေ စပိန်ဂိုးဧရိယာထိပ်ကို ပွဲချိန် ၈၇မိနစ်မှာ ၈.၇စက္ကန့်နဲ့ ပြေးသွားတဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက်ကြီးပေမယ့် မပျက်ဆီးသေးဘူးဆိုတာ စီရော်နယ်ဒိုတစ်ယောက် ပြီးခဲ့တဲ့ စပိန်နဲ့ ပေါ်တူဂီပွဲမှာ ပြသခဲ့ပြန်ပါတယ်။

စီရော်နယ်ဒိုဟာ ပွဲကစားချိန် ၈၇မိနစ်မှာ ပေါ်တူဂီအသင်းရဲ့ ခံစစ်ဇုန်ကို ဆင်းကူနေခဲ့ရပါတယ်။

အဲ့ဒီလို ဆင်းကူနေရင်းနဲ့ အသင်းဖော်တစ်ဦးက ဘောလုံးရသွားတဲ့အချိန်မှာ သူ့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဂိုးသွင်းဖို့အတွက် ပြိုင်ဘက် စပိန်ဂိုးဧရိယာဆီကို ပါဝါတင်ပြီး မြန်နှုန်းမြင့် ပြေးသွားခဲ့တာပါ။

ဒီလိုပြေးသွားတဲ့ ကြာချိန်က ၈.၇ စက္ကန့်သာ ကြာပါတယ်။

ပေါ်တူဂီ ဂိုးဧရိယာထဲကနေ စပိန်အသင်း ဂိုးဧရိယာထိပ်ကို ၉စက္ကန့် တောင် မကြာတဲ့ အချိန်အတွင်း ပြေးသွားခဲ့တာပါ။

ဒီလို ပြေးသွားတဲ့ အချိန်ကလည်း ပွဲကစားချိန် ၈၇မိနစ်ဖြစ်နေပြီဆိုတော့ ဘောလုံးအားကစားရဲ့ သဘောသဘာဝအရ ကစားသမားတွေ ပါဝါကျနေတဲ့အချိန်ရောက်နေပါပြီ။

ဒီလို အချိန်မျိုးမှာတောင် အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုက မီတာ ၁၆၀ ကျော် အကွာအဝေး box tot box ကို ၉စက္ကန့် တောင် မကြာတဲ့ အချိန်နဲ့ ပြေးသွားခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေက ဝိုင်းပြီး ချီးကျူးနေကြပါတယ်။

စီရော်နယ်ဒို ဟာ ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းခွင့် အခွင့်အရေးများများစားစားမရခဲ့ပေမယ့် ပွဲပြီးခါနီးအချိန်မှာ အခုလို လုပ်ပြနိုင်ခဲ့တာက အံ့အားသင့်စရာဖြစ်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက် ဖြစ်နေဆဲဆိုတာ ပြသလိုက်တာပါပဲ။

ရီးရဲလ်မက်ဒရစ် ကစားသမားဘဝမှကြတည်းက မြို့ခံပြိုင်ဘက် အက်သလက်တီကို အသင်း ပရီသတ်တွေရဲ့ လှောင်ပြောင်တာတွေ မကြာခဏ ခံနေခဲ့ရတဲ့ စီရော်နယ်ဒိုအတွက် ဒီလို စွမ်းဆောင်ပြသွားတာက အားလုံးကို ပါးစပ်ပိတ်သွားစေတာပါပဲ။

ဒါပေမယ့် သူ့ဆီကို ပေါ်တူဂီအသင်းဖော်ရဲ့ ပေးပို့မှုဟာ စပိန်ကစားသမားဆီ ရောက်ရှိသွားခဲ့တာကြောင့် နစ်နာခဲ့ရတာပါ။

တွစ်တာအသုံးပြုသူတစ်ဦးက သူဟာ စက်ရုပ်ဖြစ်တယ်လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း စီရော်နယ်ဒိုဟာ ဘာကြောင့် အချိန်တိုင်း အကောင်းဆုံးကစားသမား ဖြစ်တယ်ဆိုတာ ပြသခဲ့တဲ့ နောက်ထပ် အခိုက်အတန့်တစ်ခုလို့ ဆိုပါတယ်။

ပရိသတ်တစ်ဦးကလည်း ဒီလိုမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးဘူးလို့ ရေးသားခဲ့သလို နောက်ထပ်တစ်ဦးက စီရော်နယ်ဒိုကို တာတိုအပြေးချန်ပီယံဟောင်းနဲ့ ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ အမာခံ ပရီသတ်တစ်ဦးဖြစ်တဲ့ အူစိန်ဘော့ဟာ ယူနိုက်တက်အသင်းမှာ စီရော်နယ်ဒို ရှိစဉ်ကတည်းက လာရောက်လည်ပတ်တွေ့ဆုံခဲ့ပြီး ကွင်းထဲမှာ အမြန်နှုန်းဘယ်လိုတင်ပြေးမလဲဆိုတာ စီရော်နယ်ဒိုကို အလွတ်သဘော အကြံပေးခဲ့ဖူးပါတယ်။

နဂိုကတည်းက ပြေအားကောင်းတဲ့ စီရော်နယ်ဒိုဟာ အူစိန်ဘော့နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ အမြန်နှုန်းတင်ပြေးတဲ့အပိုင်းမှာ ပိုအားကောင်းလာပြီး အခုလည်း သူ့ထက် ၁၀နှစ်ကျော်ငယ်တဲ့ ကစားသမားတွေကို ပြတ်ကျန်ခဲ့အောင် ထပ်လုပ်ပြနိုင်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေပၚတူဂီဂိုးဧရိယာထဲကေန စပိန္ဂိုးဧရိယာထိပ္ကို ပြဲခ်ိန္ ၈၇မိနစ္မွာ ၈၇စကၠန႔္နဲ႔ ေျပးသြားတဲ့ စီေရာ္နယ္ဒို

အသက္ႀကီးေပမယ့္ မပ်က္ဆီးေသးဘူးဆိုတာ စီေရာ္နယ္ဒိုတစ္ေယာက္ ၿပီးခဲ့တဲ့ စပိန္နဲ႔ ေပၚတူဂီပြဲမွာ ျပသခဲ့ျပန္ပါတယ္။ စီေရာ္နယ္ဒိုဟာ ပြဲကစားခ်ိန္ ၈၇မိနစ္မွာ ေပၚတူဂီအသင္းရဲ႕ ခံစစ္ဇုန္ကို ဆင္းကူေနခဲ့ရပါတယ္။ အဲ့ဒီလို ဆင္းကူေနရင္းနဲ႔ အသင္းေဖာ္တစ္ဦးက ေဘာလုံးရသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ အဓိကတာဝန္ျဖစ္တဲ့ ဂိုးသြင္းဖို႔အတြက္ ၿပိဳင္ဘက္ စပိန္ဂိုးဧရိယာဆီကို ပါဝါတင္ၿပီး ျမန္ႏႈန္းျမင့္ ေျပးသြားခဲ့တာပါ။ ဒီလိုေျပးသြားတဲ့ ၾကာခ်ိန္က ၈.၇ စကၠန႔္သာ ၾကာပါတယ္။ ေပၚတူဂီ ဂိုးဧရိယာထဲကေန စပိန္အသင္း ဂိုးဧရိယာထိပ္ကို ၉စကၠန႔္ ေတာင္ မၾကာတဲ့ အခ်ိန္အတြင္း ေျပးသြားခဲ့တာပါ။

ဒီလို ေျပးသြားတဲ့ အခ်ိန္ကလည္း ပြဲကစားခ်ိန္ ၈၇မိနစ္ျဖစ္ေနၿပီဆိုေတာ့ ေဘာလုံးအားကစားရဲ႕ သေဘာသဘာဝအရ ကစားသမားေတြ ပါဝါက်ေနတဲ့အခ်ိန္ေရာက္ေနပါၿပီ။ ဒီလို အခ်ိန္မ်ိဳးမွာေတာင္ အသက္ ၃၆ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုက မီတာ ၁၆၀ ေက်ာ္ အကြာအေဝး box tot box ကို ၉စကၠန႔္ ေတာင္ မၾကာတဲ့ အခ်ိန္နဲ႔ ေျပးသြားခဲ့တာေၾကာင့္ ဆိုရွယ္မီဒီယာမွာ ပရိသတ္ေတြက ဝိုင္းၿပီး ခ်ီးက်ဴးေနၾကပါတယ္။ စီေရာ္နယ္ဒို ဟာ ဒီပြဲမွာ ေပၚတူဂီအသင္းအတြက္ ဂိုးသြင္းခြင့္ အခြင့္အေရးမ်ားမ်ားစားစားမရခဲ့ေပမယ့္ ပြဲၿပီးခါနီးအခ်ိန္မွာ အခုလို လုပ္ျပႏိုင္ခဲ့တာက အံ့အားသင့္စရာျဖစ္ခဲ့ၿပီး ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားတစ္ေယာက္ ျဖစ္ေနဆဲဆိုတာ ျပသလိုက္တာပါပဲ။

ရီးရဲလ္မက္ဒရစ္ ကစားသမားဘဝမွၾကတည္းက ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကို အသင္း ပရီသတ္ေတြရဲ႕ ေလွာင္ေျပာင္တာေတြ မၾကာခဏ ခံေနခဲ့ရတဲ့ စီေရာ္နယ္ဒိုအတြက္ ဒီလို စြမ္းေဆာင္ျပသြားတာက အားလုံးကို ပါးစပ္ပိတ္သြားေစတာပါပဲ။ ဒါေပမယ့္ သူ႔ဆီကို ေပၚတူဂီအသင္းေဖာ္ရဲ႕ ေပးပို႔မႈဟာ စပိန္ကစားသမားဆီ ေရာက္ရွိသြားခဲ့တာေၾကာင့္ နစ္နာခဲ့ရတာပါ။

တြစ္တာအသုံးျပဳသူတစ္ဦးက သူဟာ စက္႐ုပ္ျဖစ္တယ္လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္တစ္ဦးကလည္း စီေရာ္နယ္ဒိုဟာ ဘာေၾကာင့္ အခ်ိန္တိုင္း အေကာင္းဆုံးကစားသမား ျဖစ္တယ္ဆိုတာ ျပသခဲ့တဲ့ ေနာက္ထပ္ အခိုက္အတန႔္တစ္ခုလို႔ ဆိုပါတယ္။ ပရိသတ္တစ္ဦးကလည္း ဒီလိုမ်ိဳးကို ဘယ္တုန္းကမွ မျမင္ဖူးဘူးလို႔ ေရးသားခဲ့သလို ေနာက္ထပ္တစ္ဦးက စီေရာ္နယ္ဒိုကို တာတိုအေျပးခ်န္ပီယံေဟာင္းနဲ႔ ကမာၻ႔အျမန္ဆုံးလူသား အူစိန္ေဘာ့နဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။

စီေရာ္နယ္ဒိုရဲ႕ အမာခံ ပရီသတ္တစ္ဦးျဖစ္တဲ့ အူစိန္ေဘာ့ဟာ ယူႏိုက္တက္အသင္းမွာ စီေရာ္နယ္ဒို ရွိစဥ္ကတည္းက လာေရာက္လည္ပတ္ေတြ႕ဆုံခဲ့ၿပီး ကြင္းထဲမွာ အျမန္ႏႈန္းဘယ္လိုတင္ေျပးမလဲဆိုတာ စီေရာ္နယ္ဒိုကို အလြတ္သေဘာ အႀကံေပးခဲ့ဖူးပါတယ္။ နဂိုကတည္းက ေျပအားေကာင္းတဲ့ စီေရာ္နယ္ဒိုဟာ အူစိန္ေဘာ့နဲ႔ ေတြ႕ဆုံခဲ့ၿပီး ေနာက္ပိုင္းမွာ အျမန္ႏႈန္းတင္ေျပးတဲ့အပိုင္းမွာ ပိုအားေကာင္းလာၿပီး အခုလည္း သူ႔ထက္ ၁၀ႏွစ္ေက်ာ္ငယ္တဲ့ ကစားသမားေတြကို ျပတ္က်န္ခဲ့ေအာင္ ထပ္လုပ္ျပႏိုင္ခဲ့တာပါ။