ပေါ်တူဂီကို ပြန်ရောက်ချိန်မှာလည်း ဂိုးသွင်းပြီး မှတ်တမ်းကောင်းရပြန်တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို ဟာ ကာတာ အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါ်တူဂီ အသင်းအတွက် ပွဲစကတည်းက ပွဲထွက်ခွင့်ရခဲ့ပြီး အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်း အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၇မိနစ်မှာ သွင်းယူပေးနိုင်ခဲ့တာပါ။

အဲဒီပွဲမှာ ပေါ်တူဂီ အသင်းက ကာတာ အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းအတွက် ဂိုးတွေကို ရော်နယ်ဒို၊ဖွန်တီနဲ့ အန်ဒရီဆေးလ်ဗား တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီ(၂)သင်းဟာ ပြီးခဲ့တဲ့လကလည်း ခြေစမ်းပွဲကစားခဲ့ရာ ပေါ်တူဂီ အသင်းက (၃)ဂိုး-(၁)ဂိုးအနိုင်ရခဲ့တာဖြစ်ပါတယ်။

ယမန်နေ့က သွင်းဂိုးဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ ၁၁၂ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုး ဖြစ်ခဲ့သလို ကာတာအသင်းကလည်း ရော်နယ်ဒိုရဲ့ ကစားသမားဘဝ ဂိုးသွင်းနိုင်ခဲ့တဲ့ ၄၆သင်းမြောက် နိုင်ငံလက်ရွေးစင်အသင်း ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဘောလုံးသမိုင်း တလျှောက် မတူညီတဲ့ နိုင်ငံအသင်း အများဆုံးကို ဂိုးသွင်းယူနိုင်တဲ့ ကစားသမား တစ်ဦး အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နောက်ထပ် ကစားသမား တစ်ဦးဟာ ရော်နယ်ဒိုရဲ့ စံချိန်ကို ချိုးဖြတ်နိုင်ဖို့ မလွယ်ကူလှပါဘူး။

ပေါ်တူဂီ အသင်းဟာ ကြားရက်မှာတော့ လူဇင်ဘတ် အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ(၅)ပွဲကစားပြီးအချိန်မှာ (၄)ပွဲနိုင်(၁)ပွဲသရေနဲ့ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေပၚတူဂီကို ျပန္ေရာက္ခ်ိန္မွာလည္း ဂိုးသြင္းၿပီး မွတ္တမ္းေကာင္းရျပန္တဲ့ စီေရာ္နယ္ဒို

ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒို ဟာ ကာတာ အသင္းကို အႏိုင္ရခဲ့တဲ့ ေျခစမ္းပြဲမွာ ေပၚတူဂီ အသင္းအတြက္ ပြဲစကတည္းက ပြဲထြက္ခြင့္ရခဲ့ၿပီး အဖြင့္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။အသက္ ၃၆ႏွစ္ အ႐ြယ္ ေပၚတူဂီ လက္ေ႐ြးစင္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အသင္း အတြက္ ဦးေဆာင္ဂိုးကို ပြဲကစားခ်ိန္ ၃၇မိနစ္မွာ သြင္းယူေပးႏိုင္ခဲ့တာပါ။အဲဒီပြဲမွာ ေပၚတူဂီ အသင္းက ကာတာ အသင္းကို (၃)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။ေပၚတူဂီ အသင္းအတြက္ ဂိုးေတြကို ေရာ္နယ္ဒို၊ဖြန္တီနဲ႔ အန္ဒရီေဆးလ္ဗား တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။ဒီ(၂)သင္းဟာ ၿပီးခဲ့တဲ့လကလည္း ေျခစမ္းပြဲကစားခဲ့ရာ ေပၚတူဂီ အသင္းက (၃)ဂိုး-(၁)ဂိုးအႏိုင္ရခဲ့တာျဖစ္ပါတယ္။
ယမန္ေန႔က သြင္းဂိုးဟာ ေရာ္နယ္ဒိုရဲ႕ ကစားသမားဘဝ ၁၁၂ဂိုးေျမာက္ ႏိုင္ငံတကာ သြင္းဂိုး ျဖစ္ခဲ့သလို ကာတာအသင္းကလည္း ေရာ္နယ္ဒိုရဲ႕ ကစားသမားဘဝ ဂိုးသြင္းႏိုင္ခဲ့တဲ့ ၄၆သင္းေျမာက္ ႏိုင္ငံလက္ေ႐ြးစင္အသင္း ျဖစ္လာခဲ့ပါတယ္။

​ေရာ္နယ္ဒိုဟာ ေဘာလုံးသမိုင္း တေလွ်ာက္ မတူညီတဲ့ ႏိုင္ငံအသင္း အမ်ားဆုံးကို ဂိုးသြင္းယူႏိုင္တဲ့ ကစားသမား တစ္ဦး အျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး ေနာက္ထပ္ ကစားသမား တစ္ဦးဟာ ​ေရာ္နယ္ဒိုရဲ႕ စံခ်ိန္ကို ခ်ိဳးျဖတ္ႏိုင္ဖို႔ မလြယ္ကူလွပါဘူး။

ေပၚတူဂီ အသင္းဟာ ၾကားရက္မွာေတာ့ လူဇင္ဘတ္ အသင္းနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲ ယွဥ္ၿပိဳင္မွာလည္း ျဖစ္ပါတယ္။ေပၚတူဂီ အသင္းဟာ (၂၀၂၂) ကမာၻ႔ဖလားေျခစစ္ပြဲ(၅)ပြဲကစားၿပီးအခ်ိန္မွာ (၄)ပြဲႏိုင္(၁)ပြဲသေရနဲ႔ အုပ္စုတြင္း ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။