ပေါ်တိုနည်းပြကို တူချယ်က ဆဲဆိုခဲ့တာမရှိဖူးလို့ ချဲလ်ဆီးအသင်း ငြင်းချက်ထုတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ် နဲ့ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ တူချယ်က ပေါ်တိုနည်းပြကွန်ဆီကာအိုကို f**k off ဆိုပြီး ရိုင်းစိုင်းတဲ့ အသုံးအနှုန်းနဲ့ ဆဲဆိုခဲ့တယ်ဆိုတဲ့ ပေါ်တိုအသင်းဖက်က စွပ်စွဲချက်ကို ချဲလ်ဆီးအသင်းက ငြင်းဆန်ခဲ့ပါတယ်။ ပွဲအပြီး နှစ်ဖက်နည်းပြတွေ လက်ချင်းတိုက်ပီး နှုတ်ဆက်တဲ့အချိန်မှာ တူချယ်ဖက်က ပြောခဲ့တာဖြစ်တယ်လို့ ပေါ်တိုအသင်းဖက်က စွပ်စွဲထားတာပါ။

ပေါ်တိုအသင်းနည်းပြ ကွန်ဆီကာအိုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ” ကျွန်တော့်အနေနဲ့ ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြဆီက ဆဲတဲ့ စကားလုံးနဲ့ ပြောတာကို ခံလိုက်ရတာပါ။ ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကမကောင်းပါဘူး။ ကျွန်တော့်ကို ဘာပြောခဲ့တယ်ဆိုတာ အကူဒိုင်လူကြီးကြားပါတယ်။

ပွဲအချိန်အတွင်းမှာ ပွဲအပေါ်ကိုပဲ အာရုံစိုက်နေတာပါ။ သူ့ဖက်က ဘာလို့ အဲ့လို တုန့်ပြန်လဲဆိုတာ မသိပါဘူး။ ကျွန်တော့်ဖက်ကတော့ သူ့ကိုဘာမှ ပြန်မပြောခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။

ဒီလို စွပ်စွဲမှုတွေနဲ့ ပတ်သတ်ပြီး ကာယကံရှင် တူချယ်က ” ကျွန်တော်နဲ့ သူတို့ ပေါ်တိုအသင်းနည်းပြအကြားမှာ အငြင်းပွားတဲ့ အဖြစ်အပျက် အနည်းငယ်ဖြစ်သွားတာပါ။ အဲ့အချိန်မှာ အနားမှာ ရှိတဲ့လူတွေအကုန်လုံး ဝိုင်းအုံလာကြတာပါပဲ၊ ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး “လို့ ပြန်ရှင်းထားခဲ့ပါတယ်။

ချဲလ်ဆီးအသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ပေါ်တိုအသင်းဖက်က စွပ်စွဲထားတဲ့ ကိစ္စဟာ အဓိပ္ပါယ်လုံးဝမရှိကြောင်း ငြင်းဆိုထားပါတယ်။

ပွဲသိမ်းခရာမှုတ်ပြီးတဲ့အချိန်မှာ တူချယ်နဲပ ကွန်ဆီကာအိုတို့ ပြသနာဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ချဲလ်ဆီးဖက်က ရူဒီဂါ၊ မန်ဒီတိုအပါအဝင် ကစားသမားအချို့ ဝိုင်းအုံလာခဲ့ကြသလို ပေါ်တိုအသင်းဖက်ကလည်း ပီပီအပါအဝင် ကစာသမားအချို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။ ဒီပွဲစဉ်မှာ ပေါ်တိုအသင်းက ချဲ်ဆီးကို (ဝ-၁) နဲ့ အနိုင်ရခဲ့ပေမယ့် ပထမအကျော့က ချဲလ်ဆီးက ၂ဂိုးပြတ် အနိုင်ရထားတာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




