ပေါ့လ်ဘာကြောင့် ရန်ဖြစ်နေကြသူများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်ကစားသမားဖြစ်တဲ့ ပေါ့လ်ဘာဟာဒဏ်ရာကြောင့် ကွင်းထဲမဝင်နိုင်ပေမယ့် သူ့ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရန်ဖြစ်နေကြသူတွေရှိပါတယ်။ အဓိက ရန်စောင်နေကြသူတွေကတော့ ပေါ့လ်ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာနဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားတို့ဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားက ပေါလ်ဘာဟာ ငါတို့ကစားသမားဖြစ်တယ်။ မင်းရဲ့ကစားသမားမဟုတ်ဘူး လို့ သွားဆွခဲ့သလို၊ ရွိုင်းအိုလာက လည်း ပေါလ်ဘာက ငါပိုင်တာမဟုတ်သလို၊ ဆိုးလ်ရှားပိုင်တာလည်းမဟုတ်ဘူးလို့ ပြန်ပြောထားပါတယ်။

photo internet

“ကျွန်တော်က ကိုယ့်အတွေးတွေကို လွတ်လပ်စွာဖော်ထုတ်တင်ပြနိုင်တဲ့ လွတ်လပ်တဲ့နိုင်ငံသား တစ်ယောက်ဖြစ်ပါတယ်။ နွေရာသီတုန်းက ပေါလ်ဘာကိုသူပြောခဲ့တာတွေကို ဆိုးလ်ရှားအမှတ်ရသင့် ပါတယ်။ဆိုးလ်ရှားဟာ မတူညီတဲ့အခြားကိစ္စတွေနဲ့ စိတ်ရှုပ်နေပုံရပြီး ပြဿနာတွေကို ရောချနေပုံပဲလို့ ထင်ပါတယ်။ ဆိုးလ်ရှားမှာ အခြားစိတ်ပူစရာတွေအများကြီးရှိတယ်လို့ ထင်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်သာသူ့နေရာမှာဆို စိတ်ပူမိမှာပါပဲ။”ဆိုပြီး ရွိုင်းအိုလာကပြောဆိုထားပါတယ်။

photo internet

“ရွိုင်းအိုလာနဲ့ ပေါ့လ်ဘာပြောတာတွေအပေါ် ကျွန်တော်မှတ်ချက်ပေးစရာမလိုပါဘူး။ ပြောစရာရှိရင်ကျွန်တော်ကိုယ်တိုင်ပဲ ပေ့ါလ်ဘာနဲ့ပြောချင်ပြောမှာပါ။ မီဒီယာဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် မထိန်းချုပ်နိုင်ဘူးလေ။ လူတိုင်းမှာ အသံထွက်စရာရှိနေတယ်။ ကိုယ့်ထင်မြင်ယူဆချက်ကို ကိုယ်ပြောနိုင်ပါတယ်။ ပေ့ါလ်ဘာကကျွန်တော်တို့ကစားသမားပါ။ ကျွန်တော်က ပေ့ါလ်ဘာကို အေးဂျင့်ကို မင်းဘာပြောပေးပါဆိုပြီး မပြောထားပါဘူး။”ဆိုပြီး နည်းပြဆိုးလ်ရှားကပြောပါတယ်။

photo internet

ပေါ့ဘာရဲ့အစ်ကိုဖြစ်သူ မက်သီယက်စ်ပေါ့ဘာကတော့ ပေါ့ဘာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားဖို့နဲ့ အဓိက ဆုဖလားတွေရလိုတဲ့အတွက် အိုးထရက်ဖို့ဒ်က ထွက်ခွာဖို့ ဆန္ဒပြင်းပြနေကြောင်း ပြောထားပါတယ်။ “ပေါလ်ပေါ့ဘာဟာ ယူနိုက်တက်အသင်းကနေထွက်ခွာချင်နေတာ လူတိုင်းသိရှိပြီးသားပါ။သူ ဟာ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာ ပါဝင်ကစားလိုနေပြီး၊သက်ဆိုင်ရာပြည်တွင်း အမှတ်ပေးချန်ပီယံဖဆုဖလားတွေ ကိုလည်း ဆွတ်ခူးနိုင်ဖို့တောင့်တနေပါတယ်။ အဲဒီဆန္ဒတွေပြည့်မြောက်ဖို့ လက်ရှိသူ့ရဲ့ ယူနိုက်တက် အသင်းနဲ့မဖြစ်နိုင်လောက်ပါဘူး။လာမယ့်နွေရာသီအပြောင်းအရွေ့ကာလမှာ ဘာတွေဖြစ်ပေါ်လာဦးမလဲဆိုတာ စောင့်ကြည့်သွားကြရမှာပါ”ဆိုပြီး မက်သီယက်စ်ပေါ့ဘာကပြောပါတယ်။

photo internet

ယူနိုက်တက်ရဲ့ ဂန္တဝင်နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးကတော့ ရွိုင်းအိုလာနဲ့ နည်းပြဆိုးလ်ရှားတို့ရဲ့ စကားလုံးစစ်ပွဲတွေဟာ ပေါ့လ်ဘာအသင်းက ထွက်သွားမှ ရပ်တန့်မယ်ဆိုပြီး ပြောဆိုထားပါတယ်။ “ပေါ့လ်ဘာ ယူနိုက်တက်ကနေ ထွက်ရင် ဒီကိစ္စက အဆုံးသတ်သွားပါလိမ့်မယ်။အသင်းအနေနဲ့ လုပ်ဖို့ လိုအပ်တာက အဲဒီအေးဂျင့်နဲ့ ပတ်သက်ပြီး ရပ်တည်ချက် တစ်ခု ထားဖို့ပါပဲ။ သူက ပေါ့လ်ဘာနဲ့ အခြားသူတွေအပေါ်မှာ နှစ်ပေါင်း များစွာ ကြာအောင် ရှုပ်ရှုပ်ထွေးထွေး လုပ်နေခဲ့ပါတယ်။ယူနိုက်တက်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုပါတယ်။ သူနဲ့ စီးပွားရေး မလုပ်ဖို့နဲ့ ကစားသမားတွေကို သူနဲ့ မပူးပေါင်းဖို့ ပြောထားသင့်ပါတယ်။ သူက ကစားသမားတစ်ယောက်ကို ကိုယ်စားပြုရင် အဲဒီကစားသမားကို အသင်းနဲ့ သဘောတူညီမှု မရနိုင်ဘူးဆိုပြီး တားမြစ်သင့်ပါတယ်။ ရိုင်အိုလာဟာ တစ်ချိန်လုံး ကလပ်အသင်းကို လူသိရှင်ကြား အရှက်ခွဲလာတာပါ။ ရိုင်အိုလာက ပေါ့လ်ဘာကို ယူနိုက်တက်ကနေ ထွက်အောင်လုပ်ပြီး နောက်ထပ် ပိုက်ဆံရနိုင်တဲ့ အခြေအနေကို လိုချင်နေတာပါ။ ရိုင်အိုလာအနေနဲ့ ပေါ့ဘာဆီကနေ သန်းပေါင်းများစွာသော ပိုက်ဆံတွေ ရခဲ့ပြီးပါပြီ။ ဒါကိုလည်း ထပ်ပြီးတော့ ပိုက်ဆံတွေရနေချင်ပါသေးတယ်။”ဆိုပြီး ဂယ်ရီနဗီး ကပြောပါတယ်။

photo internet

ပေါလ်ဘာကို လိုချင်တဲ့ အသင်းတွေက များများစားစားရှိပေမယ့်တကယ်တမ်းမှာ ခေါ်ယူနိုင်တဲ့ကလပ်အသင်းကတော့ အနည်းငယ်သာရှိနေပါတယ်။ ပေါလ်ဘာ ရဲ့တန်ကြေးကိုယူနိက်တက်ဖက်က ပေါင်သန်း၁၅၀ သတ်မှတ်ထားတာကြောင့် ဒီပြောင်းရွှေ့ကြေးကိုပေးချေနိုင်တဲ့ ကလပ်အသင်းဟာ ရီးရဲလ်မက်ဒရစ်၊PSG၊ဘာစီလိုနာ တို့သာရှိပြီး ဂျူဗင်တပ်စ် တောင်မှ ပေးချေနိုင်ခြင်းမရှိပါဘူး။ ဒါကိုသိနေတဲ့ရိုင်းအိုလာ က သူ့အေးဂျင့်ခရဖို့နဲ့ သူ့ကစားသမားအသင်းပြောင်းခွင့်ရဖို့အတွက် ဈေးလျော့အောင် ပြဿနာတွေဖန်တီးပြီး မခံနိုင်တဲ့အဆုံးယူနိက်တက်က လျှော့ဈေးနဲ့ရောင်းအောင်စီစဉ်နေတာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ၊ဂျူဗင်တပ်စ် နှစ်သင်းလုံးက ပေါလ်ဘာကိုလိုချင်ပေမယ့် ကစားသမားအင်အားနဲ့ ဘဏ္ဏာရေးအခြေအနေတွေကြောင့် ယူနိက်တက်ကသာ တောင့်ခံထားမယ်ဆိုရင် ခေါ်ယူနိုင်ချေက ဖြစ်နိုင်ဖွယ်မရှိတော့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ေပါ့လ္ဘာေၾကာင့္ ရန္ျဖစ္ေနၾကသူမ်ား

ယူႏိုက္တက္ကစားသမားျဖစ္တဲ့ ေပါ့လ္ဘာဟာဒဏ္ရာေၾကာင့္ ကြင္းထဲမ၀င္ႏိုင္ေပမယ့္ သူ႔ရဲ႕အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ၿပီး ရန္ျဖစ္ေနၾကသူေတြရိွပါတယ္။ အဓိက ရန္ေစာင္ေနၾကသူေတြကေတာ့ ေပါ့လ္ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ရိြဳင္းအိုလာနဲ႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားတို႔ျဖစ္ပါတယ္။ နည္းျပဆုိးလ္ရွားက ေပါလ္ဘာဟာ ငါတုိ႔ကစားသမားျဖစ္တယ္။ မင္းရဲ႕ကစားသမားမဟုတ္ဘူး လုိ႔ သြားဆြခဲ့သလုိ၊ ရြိဳင္းအိုလာက လည္း ေပါလ္ဘာက ငါပိုင္တာမဟုတ္သလုိ၊ ဆုိးလ္ရွားပိုင္တာလည္းမဟုတ္ဘူးလို႔ ျပန္ေျပာထားပါတယ္။ “ကၽြန္ေတာ္က ကိုယ့္အေတြးေတြကို လြတ္လပ္စြာေဖာ္ထုတ္တင္ျပနုိင္တဲ့ လြတ္လပ္တဲ့နုိင္ငံသား တစ္ေယာက္ျဖစ္ပါတယ္။ ေႏြရာသီတုန္းက ေပါလ္ဘာကိုသူေျပာခဲ့တာေတြကို ဆိုးလ္ရွားအမွတ္ရသင့္ ပါတယ္။ဆိုးလ္ရွားဟာ မတူညီတဲ့အျခားကိစၥေတြနဲ႔ စိတ္ရႈပ္ေနပံုရျပီး ျပႆနာေတြကို ေရာခ်ေနပံုပဲလုိ႔ ထင္ပါတယ္။ ဆုိးလ္ရွားမွာ အျခားစိတ္ပူစရာေတြအမ်ားၾကီးရွိတယ္လုိ႔ ထင္ပါတယ္။ အနည္းဆံုးေတာ့ ကၽြန္ေတာ္သာသူ႔ေနရာမွာဆုိ စိတ္ပူမိမွာပါပဲ။”ဆိုၿပီး ရိြဳင္းအုိလာကေျပာဆိုထားပါတယ္။

“ရိြဳင္းအိုလာနဲ႔ ေပါ့လ္ဘာေျပာတာေတြအေပၚ ကၽြန္ေတာ္မွတ္ခ်က္ေပးစရာမလုိပါဘူး။ ေျပာစရာရိွရင္ကၽြန္ေတာ္ကိုယ္တုိင္ပဲ ေပ့ါလ္ဘာနဲ႔႔ေျပာခ်င္ေျပာမွာပါ။ မီဒီယာဆုိတာက ဘယ္လုိပဲျဖစ္ျဖစ္ မထိန္းခ်ဳပ္နုိင္ဘူးေလ။ လူတုိင္းမွာ အသံထြက္စရာရွိေနတယ္။ ကိုယ့္ထင္ျမင္ယူဆခ်က္ကို ကုိယ္ေျပာနုိင္ပါတယ္။ ေပ့ါလ္ဘာကကၽြန္ေတာ္တို႔ကစားသမားပါ။ ကၽြန္ေတာ္က ေပ့ါလ္ဘာကို ေအးဂ်င့္ကို မင္းဘာေျပာေပးပါဆုိၿပီး မေျပာထားပါဘူး။”ဆိုၿပီး နည္းျပဆိုးလ္ရွားကေျပာပါတယ္။
ေပါ့ဘာရဲ႕အစ္ကိုျဖစ္သူ မက္သီယက္စ္ေပါ့ဘာကေတာ့ ေပါ့ဘာဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကစားဖို႔နဲ႔ အဓိက ဆုဖလားေတြရလိုတဲ့အတြက္ အိုးထရက္ဖို႔ဒ္က ထြက္ခြာဖို႔ ဆႏၵျပင္းျပေနေၾကာင္း ေျပာထားပါတယ္။ “ေပါလ္ေပါ့ဘာဟာ ယူႏိုက္တက္အသင္းကေနထြက္ခြာခ်င္ေနတာ လူတိုင္းသိရွိၿပီးသားပါ။သူ ဟာ ခ်န္ပီယံလိဂ္ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားလိုေနၿပီး၊သက္ဆိုင္ရာျပည္တြင္း အမွတ္ေပးခ်န္ပီယံဖဆုဖလားေတြ ကိုလည္း ဆြတ္ခူးႏိုင္ဖို႔ေတာင့္တေနပါတယ္။ အဲဒီဆႏၵေတြျပည့္ေျမာက္ဖို႔ လက္ရွိသူ႔ရဲ႕ ယူႏိုက္တက္ အသင္းနဲ႔မျဖစ္ႏိုင္ေလာက္ပါဘူး။လာမယ့္ေႏြရာသီအေျပာင္းအေ႐ြ႕ကာလမွာ ဘာေတြျဖစ္ေပၚလာဦးမလဲဆိုတာ ေစာင့္ၾကည့္သြားၾကရမွာပါ”ဆိုၿပီး မက္သီယက္စ္ေပါ့ဘာကေျပာပါတယ္။
ယူႏိုက္တက္ရဲ႕ ဂႏၲ၀င္ေနာက္ခံလူ တစ္ဦးျဖစ္တဲ့ ဂယ္ရီနဗီးကေတာ့ ရြိဳင္းအိုလာနဲ႔ နည္းျပဆိုးလ္ရွားတို႔ရဲ႕ စကားလုံးစစ္ပဲြဲေတြဟာ ေပါ့လ္ဘာအသင္းက ထြက္သြားမွ ရပ္တန္႔မယ္ဆိုၿပီး ေျပာဆိုထားပါတယ္။ “ေပါ့လ္ဘာ ယူႏုိက္တက္ကေန ထြက္ရင္ ဒီကိစၥက အဆံုးသတ္သြားပါလိမ့္မယ္။အသင္းအေနနဲ႔ လုပ္ဖုိ႔ လုိအပ္တာက အဲဒီေအးဂ်င့္နဲ႔ ပတ္သက္ၿပီး ရပ္တည္ခ်က္ တစ္ခု ထားဖုိ႔ပါပဲ။ သူက ေပါ့လ္ဘာနဲ႔ အျခားသူေတြအေပၚမွာ ႏွစ္ေပါင္း မ်ားစြာ ၾကာေအာင္ ရႈပ္ရႈပ္ေထြးေထြး လုပ္ေနခဲ့ပါတယ္။ယူႏုိက္တက္အေနနဲ႔ ခုိင္ခုိင္မာမာ ရပ္တည္ဖုိ႔ လုိပါတယ္။ သူနဲ႔ စီးပြားေရး မလုပ္ဖုိ႔နဲ႔ ကစားသမားေတြကုိ သူနဲ႔ မပူးေပါင္းဖုိ႔ ေျပာထားသင့္ပါတယ္။ သူက ကစားသမားတစ္ေယာက္ကုိ ကုိယ္စားျပဳရင္ အဲဒီကစားသမားကုိ အသင္းနဲ႔ သေဘာတူညီမႈ မရႏိုင္ဘူးဆုိၿပီး တားျမစ္သင့္ပါတယ္။ ရုိင္အုိလာဟာ တစ္ခ်ိန္လံုး ကလပ္အသင္းကုိ လူသိရွင္ၾကား အရွက္ခြဲလာတာပါ။ ရုိင္အုိလာက ေပါ့လ္ဘာကုိ ယူႏုိက္တက္ကေန ထြက္ေအာင္လုပ္ၿပီး ေနာက္ထပ္ ပုိက္ဆံရႏုိင္တဲ့ အေျခအေနကုိ လုိခ်င္ေနတာပါ။ ရုိင္အုိလာအေနနဲ႔ ေပါ့ဘာဆီကေန သန္းေပါင္းမ်ားစြာေသာ ပုိက္ဆံေတြ ရခဲ့ၿပီးပါၿပီ။ ဒါကုိလည္း ထပ္ၿပီးေတာ့ ပိုက္ဆံေတြရေနခ်င္ပါေသးတယ္။”ဆိုၿပီး ဂယ္ရီနဗီး ကေျပာပါတယ္။
ေပါလ္ဘာကို လိုခ်င္တဲ့ အသင္းေတြက မ်ားမ်ားစားစားရွိေပမယ့္တကယ္တမ္းမွာ ေခၚယူႏိုင္တဲ့ကလပ္အသင္းကေတာ့ အနည္းငယ္သာရွိေနပါတယ္။ ေပါလ္ဘာ ရဲ႕တန္ေၾကးကိုယူနိက္တက္ဖက္က ေပါင္သန္း၁၅၀ သတ္မွတ္ထားတာေၾကာင့္ ဒီေျပာင္းေ႐ႊ႕ေၾကးကိုေပးေခ်ႏိုင္တဲ့ ကလပ္အသင္းဟာ ရီးရဲလ္မက္ဒရစ္၊PSG၊ဘာစီလိုနာ တို႔သာရွိၿပီး ဂ်ဴဗင္တပ္စ္ ေတာင္မွ ေပးေခ်ႏိုင္ျခင္းမရွိပါဘူး။ ဒါကိုသိေနတဲ့႐ိုင္းအိုလာ က သူ႔ေအးဂ်င့္ခရဖို႔နဲ႔ သူ႔ကစားသမားအသင္းေျပာင္းခြင့္ရဖို႔အတြက္ ေဈးေလ်ာ့ေအာင္ ျပႆနာေတြဖန္တီးၿပီး မခံႏိုင္တဲ့အဆုံးယူနိက္တက္က ေလွ်ာ့ေဈးနဲ႔ေရာင္းေအာင္စီစဥ္ေနတာလည္းျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္ ၊ဂ်ဴဗင္တပ္စ္ ႏွစ္သင္းလုံးက ေပါလ္ဘာကိုလိုခ်င္ေပမယ့္ ကစားသမားအင္အားနဲ႔ ဘဏၰာေရးအေျခအေနေတြေၾကာင့္ ယူနိက္တက္ကသာ ေတာင့္ခံထားမယ္ဆိုရင္ ေခၚယူႏိုင္ေခ်က ျဖစ္ႏိုင္ဖြယ္မရွိေတာ့ပါဘူး။