ပေါ့ဘာ သရဲနီဂျာစီဆက်ဝတ်မလား၊ ရွိုင်းအိုလာရဲ့ အမြတ်ထုတ်တာခံမလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့အတွက် လက်မလျှေ့ာသေးဘဲ ထပ်မံကြိုးစားသွားဦးမယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ပီအက်စ်ဂျီက ပေါ့ဘာကိုစိတ်ဝင်စားနေတာအစစ်အမှန်ပါပဲ။

ပြင်သစ်ရဲ့ အချမ်းသာဆုံးအသင်းအနေနဲ့ ယူနိုက်တက် လက်ခံနိုင်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်ရင်တော့ ဂျာစီ ပြောင်းလဲဝတ်ဆင်ရေးဟာ ပိုပြီး ဖြစ်လာနိုင်ချေရှိပါတယ်။

ယူနိုက်တက်ဘက်ကတော့ ယခုတစ်ပတ် ၊ နှစ်ပတ်အတွင်း ပေါ့ဘာကိုစာချုပ်သက်တမ်းတိုးနိုင်ဖို့ အားစိုက်လုပ်ဆောင်နေပေမယ့် တစ်ဖက်မှာလည်း ပွဲစားကြီး ရွိုင်းအိုလာက အကွက်ရွှေ့ဖို့ ကြံစည်နေပါတယ်။

ရွိုင်းအိုလာဟာ ပေါ့ဘာမတိုင်ခင်ကလည်း ၎င်းချုပ်ကိုင်ထားတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ အေစီမီလန် ဂိုးသမားဟောင်း ဒွန်နာရူမာကို အသင်းနဲ့စာချုပ်သက်တမ်း မတိုးဖို့ အနီးကပ် တိုက်တွန်းပြောဆိုမှုတွေရှိခဲ့ပြီး

အဲဒီနောက် ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့နဲ့ ဒွန်နာရူမာပြောင်းရွှေ့သွားချိန်မှာတော့ ပီအက်စ်ဂျီအသင်းထံကနေ အကျိုးအမြတ်များစွာရရှိခဲ့ဖူးတဲ့ သာဓကရှိပါတယ်။

ဒါပေမယ့် ပေါ့ဘာအနေနဲ့ Premier League ကို စွန့်ခွါဖို့ဆိုတာကို သံသယရှိတဲ့သူတွေ ရှိနေပါတယ်။

ပေါ့ဘာ နဲ့ သူ့မိသားစုကလည်း Manchester မှာ အခြေကျနေပါပြီ။

ပေါ့ဘာကို ပြင်သစ်ကလပ် ရဲ့ စိတ်ဝင်စားမှုရှိခြင်းက စာချုပ်သစ်ချုပ်တဲ့ အခါ လစာပိုတောင်းဖို့အတွက် အကူအညီဖြစ်စေပါတယ်။

ဒီဂီယာ ကို စာချုပ်သစ်ချုပ်တုန်းကလိုပဲ ရာသီအစပိုင်းမှာ စာချုပ်သစ်ချုပ်ဖို့ ဖြစ်လာနိုင်ပါတယ်။

ပြင်သစ်လက်ရွေးစင် ကစားသမားရဲ့ စာချုပ်လက်မှတ်ထိုး ဇာတ်လမ်း ဘယ်အချိန် ပြီးပြတ်မလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi


ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့အတွက် လက်မလျှော့သေးဘဲ ထပ်မံကြိုးစားသွားဦးမယ်လို့ သိရပါတယ်။





