
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ PSG အသင်းဆီပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့သတင်းထွက်နေတဲ့
ကွင်းလယ်လူပေ့ါဘာရဲ့လက်ရှိအနေအထားနဲ့ပတ်သက်လို့ ဖွင့်ဟပြောဆိုခဲ့ပြီး သူက ပေ့ါဘာဟာ အခုလောလောဆယ် အသင်းအတွက်သာ အာရုံစိုက်ပြင်ဆင်နေတယ်လို့ပြောကြားခဲ့ပါတယ်။
ပေ့ါဘာကို ခေါ်ယူဖို့အတွက် PSG အသင်းက အသည်းအသန်ကြိုးပမ်းနေပြီး ယူနိုက်တက်အသင်းကလည်း သူတို့ရဲ့အဓိကကွင်းလယ်လူတစ်ဦးကို မဆုံးရှုံးရအောင် စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေတာဖြစ်ပါတယ်။
ပေ့ါဘာရဲ့လက်ရှိစာချုပ်သက်တမ်းက (၁)နှစ်သာကျန်ရှိတော့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗြိတိန်နာမည်ကျော် The Mirror သတင်းစာက ပေါ့ဘာဟာ ယူနိုက်တက်အသင်းရဲ့လစာငွေတိုးမြှင့်ပေးပြီးတော့စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ ဖော်ပြခဲ့တာကြောင့် သူ့အနာဂတ်က ပိုလှုပ်ခတ်နေတာပါ။
ဒါပေမဲ့လည်း ဆိုးလ်ရှားကတော့ ပေ့ါဘာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
QPR အသင်းနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက “စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ အသင်းတာဝန်ရှိသူတွေနဲ့ ပေ့ါဘာရဲ့တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးမှုတွေဆက်လက်လုပ်နေဆဲပါပဲ။
ပေ့ါဘာနဲ့ကျွန်တော် တွေ့ဆုံစကားပြောခဲ့တုန်းက သူဟာ လာမယ့်ရာသီသစ်အတွက်ပဲ အာရုံစိုက်ထားတယ်ဆိုပြီး ကျွန်တော့်ကို အသိပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပေ့ါဘာဟာ QPR ကို (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ခြေစမ်းပွဲမှာ မပါဝင်ခဲ့သလို အခုလောလောဆယ်အချိန်အထိ အသင်းနဲ့အတူ လေ့ကျင့်ခန်းလည်းမဆင်းသေးပါဘူး။
ဖလော်ရီဒါကိုရောက်နေတဲ့ ပေ့ါဘာဟာ တစ်ဦးချင်းသီးသန့်လေ့ကျင့်ခန်းတွေပြုလုပ်နေပြီး သူလေ့ကျင့်ခန်းလုပ်နေတဲ့ဓာတ်ပုံတွေကို Instagram မှာ Post တင်ခဲ့ပါသေးတယ်။
ပေ့ါဘာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး တိကျသေချာတဲ့အနေအထားမရှိသေးပေမယ့် တကယ်လို့ ယူနိုက်တက်အသင်းသာ ပေ့ါဘာကို စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ရင် လာမယ့်ရာသီကုန်မှာ ပြောင်းရွှေ့ကြေးမရဘဲ လက်လွှတ်ခံရမယ့်အခြေအနေမျိုး မဖြစ်အောင် အခုနွေရာသီအတွင်း မဖြစ်မနေရောင်းချသွားရမှာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyiပေါ့ဘာရဲ့လက်ရှိအနေအထားနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုခဲ့တဲ့ ဆိုးလ်ရှား
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ PSG အသင်းဆီပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့သတင်းထွက်နေတဲ့ ကွင်းလယ်လူပေါ့ဘာရဲ့လက်ရှိအနေအထားနဲ့ပတ်သက်လို့ ဖွင့်ဟပြောဆိုခဲ့ပြီး သူက ပေါ့ဘာဟာ အခုလောလောဆယ် အသင်းအတွက်သာ အာရုံစိုက်ပြင်ဆင်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့အတွက် PSG အသင်းက အသည်းအသန်ကြိုးပမ်းနေပြီး ယူနိုက်တက်အသင်းကလည်း သူတို့ရဲ့အဓိကကွင်းလယ်လူတစ်ဦးကို မဆုံးရှုံးရအောင် စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေတာဖြစ်ပါတယ်။
ပေါ့ဘာရဲ့လက်ရှိစာချုပ်သက်တမ်းက (၁)နှစ်သာကျန်ရှိတော့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗြိတိန်နာမည်ကျော် The Mirror သတင်းစာက ပေါ့ဘာဟာ ယူနိုက်တက်အသင်းရဲ့လစာငွေတိုးမြှင့်ပေးပြီးတော့စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ ဖော်ပြခဲ့တာကြောင့် သူ့အနာဂတ်က ပိုလှုပ်ခတ်နေတာပါ။ ဒါပေမဲ့လည်း ဆိုးလ်ရှားကတော့ ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
QPR အသင်းနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက “စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ အသင်းတာဝန်ရှိသူတွေနဲ့ ပေါ့ဘာရဲ့တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးမှုတွေဆက်လက်လုပ်နေဆဲပါပဲ။ ပေါ့ဘာနဲ့ကျွန်တော် တွေ့ဆုံစကားပြောခဲ့တုန်းက သူဟာ လာမယ့်ရာသီသစ်အတွက်ပဲ အာရုံစိုက်ထားတယ်ဆိုပြီး ကျွန်တော့်ကို အသိပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ပေါ့ဘာဟာ QPR ကို (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ခြေစမ်းပွဲမှာ မပါဝင်ခဲ့သလို အခုလောလောဆယ်အချိန်အထိ အသင်းနဲ့အတူ လေ့ကျင့်ခန်းလည်းမဆင်းသေးပါဘူး။
ဖလော်ရီဒါကိုရောက်နေတဲ့ ပေါ့ဘာဟာ တစ်ဦးချင်းသီးသန့်လေ့ကျင့်ခန်းတွေပြုလုပ်နေပြီး သူလေ့ကျင့်ခန်းလုပ်နေတဲ့ဓာတ်ပုံတွေကို Instagram မှာ Post တင်ခဲ့ပါသေးတယ်။ ပေါ့ဘာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး တိကျသေချာတဲ့အနေအထားမရှိသေးပေမယ့် တကယ်လို့ ယူနိုက်တက်အသင်းသာ ပေါ့ဘာကို စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ရင် လာမယ့်ရာသီကုန်မှာ ပြောင်းရွှေ့ကြေးမရဘဲ လက်လွှတ်ခံရမယ့်အခြေအနေမျိုး မဖြစ်အောင် အခုနွေရာသီအတွင်း မဖြစ်မနေရောင်းချသွားရမှာဖြစ်ပါတယ်။