ပေါ့ဘာပြောတဲ့ အဆုံးသတ်စွမ်းရည် အကောင်းဆုံး ကစားဖော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ့ဘာဟာ ယူနိုက်တက် အသင်းအပြင် ဂျူဗင်တပ်စ် ၊ ပြင်သစ် လက်ရွေးစင် အသင်းတွေမှာ အသင်းဖော်ကောင်း အများကြီးနဲ့ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

ပေါ့ဘာကတော့ အသက် 19 နှစ် အရွယ် လူငယ် တိုက်စစ် ကစားသမားလေး ဂရင်းဝုဒ် ရဲ့ အဆုံးသတ် စွမ်းရည် အကြောင်း ကို ချီးကျူး ထားပါတယ်။

ဂရင်းဝုဒ်ဟာယခုရာသီတွင်ယူနိုက်တက်မှာ အထောင်တိုက်စစ်မှူးအဖြစ်ကစားနေသူဖြစ်ပြီးပရီးမီးယားလိဂ်သုံးပွဲတွင်သုံးဂိုးသွင်းယူထားနိုင်ပါတယ်။

“ဂရင်းဝုဒ်ဟာ ဘယ်ခြေ ပိုအားသန်လှတဲ့ကစားသမား တစ်ဦး ဖြစ်တယ်လို့ ကျွန်တော် တွေးထင်မိပါတယ်။

သူဟာ ဘယ်ခြေထောက်နဲ့ လိမ်ခေါက်ကျော်ဖြတ်မှုတွေ လုပ်ဆောင်လေ့ ရှိတတ်ပေမယ့် ဂိုးတွေကိုတော့ ခြေထောက် နှစ်ချောင်းလုံးနဲ့ သွင်းယူပြနိုင်ခဲ့ပါတယ် “

” သူ့ရဲ့ အဆုံးသတ်စွမ်းရည်ကတော့ မယုံကြည်နိုင်ဖွယ် ပါပဲ။

ကျွန်တော် မြင်ဖူးသမျှ ၊ အတူ လေ့ကျင့်ခဲ့ဖူးသမျှတွေထဲမှာ သူဟာ အဆုံးသတ်စွမ်းရည် အကောင်းမွန်ဆုံး ကစားသမား ပါပဲ “

” ယူနိုက်တက်အသင်းမှာတော့ သူက အသက်အငယ်ဆုံးပါပဲ။

ဒါပေမဲ့ စွမ်းဆောင်ရည်ကတော့ မယုံကြည်နိုင်ဖွယ်ပါပဲ။

သူ့ကို ဒီထက်ပိုကောင်းလာအောင် တွန်းအားပေးသွားဖို့ ကျွန်တော် ဆန္ဒရှိနေပါတယ် ” လို့ ပေါ့ဘာ ကပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

​​ေပါ့ဘာ​ေျပာတဲ့ အဆုံးသတ္စြမ္းရည္ အ​ေကာင္းဆုံး ကစား​ေဖာ္

ေပါ့ဘာဟာ ယူႏိုက္တက္ အသင္းအျပင္ ဂ်ဴဗင္တပ္စ္ ၊ ျပင္သစ္ လက္ေ႐ြးစင္ အသင္းေတြမွာ အသင္းေဖာ္ေကာင္း အမ်ားႀကီးနဲ႔ အတူ တြဲဖက္ ကစားခဲ့ဖူးတဲ့ ကစားသမား တစ္ဦးပဲ ျဖစ္ပါတယ္။

​ေပါ့ဘာက​ေတာ့ အသက္ 19 ႏွစ္ အ႐ြယ္ လူငယ္ တိုက္စစ္ ကစားသမားေလး ဂရင္းဝုဒ္ ရဲ႕ အဆုံးသတ္ စြမ္းရည္ အေၾကာင္း ကို ခ်ီးက်ဴး ထားပါတယ္။

ဂရင္းဝုဒ္ဟာယခုရာသီတြင္ယူႏိုက္တက္မွာ အေထာင္တိုက္စစ္မႉးအျဖစ္ကစားေနသူျဖစ္ၿပီးပရီးမီးယားလိဂ္သုံးပြဲတြင္သုံးဂိုးသြင္းယူထားႏိုင္ပါတယ္။

“ဂရင္းဝုဒ္ဟာ ဘယ္ေျခ ပိုအားသန္လွတဲ့ကစားသမား တစ္ဦး ျဖစ္တယ္လို႔ ကြၽန္ေတာ္ ေတြးထင္မိပါတယ္ ။ သူဟာ ဘယ္ေျခေထာက္နဲ႔ လိမ္ေခါက္ေက်ာ္ျဖတ္မႈေတြ လုပ္ေဆာင္ေလ့ ရွိတတ္ေပမယ့္ ဂိုးေတြကိုေတာ့ ေျခေထာက္ ႏွစ္ေခ်ာင္းလုံးနဲ႔ သြင္းယူျပႏိုင္ခဲ့ပါတယ္ “

” သူ႔ရဲ႕ အဆုံးသတ္စြမ္းရည္ကေတာ့ မယုံၾကည္ႏိုင္ဖြယ္ ပါပဲ ။ ကြၽန္ေတာ္ ျမင္ဖူးသမွ် ၊ အတူ ေလ့က်င့္ခဲ့ဖူးသမွ်ေတြထဲမွာ သူဟာ အဆုံးသတ္စြမ္းရည္ အေကာင္းမြန္ဆုံး ကစားသမား ပါပဲ “

” ယူႏိုက္တက္အသင္းမွာေတာ့ သူက အသက္အငယ္ဆုံးပါပဲ ။ ဒါေပမဲ့ စြမ္းေဆာင္ရည္ကေတာ့ မယုံၾကည္ႏိုင္ဖြယ္ပါပဲ ။သူ႔ကို ဒီထက္ပိုေကာင္းလာေအာင္ တြန္းအားေပးသြားဖို႔ ကြၽန္ေတာ္ ဆႏၵရွိေနပါတယ္ ” လို႔ ေပါ့ဘာ က​ေျပာဆိုပါတယ္။