
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရာဖေးဗာရန်းက ယူနိုက်တက်အသင်းမှာ ပေါ့ဘာနဲ့တွဲကစားရမယ့်အပေါ် အရမ်းကိုမှပျော်ရွှင်နေပြီး ယူနိုက်တက်အတွက် ဆုဖလားတွေရရှိအောင်စွမ်းဆောင်ပေးမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားအဖြစ်နဲ့ ပထမဆုံးအင်တာဗျူးမှာ ဗာရန်းက ပြောဆိုခဲ့တာဖြစ်ပြီး ပေါင်သန်း ၄ဝတန် ကစားသမားက ပွဲမထွက်ရသေးခင် အသင်းအတွက် ဆုဖလားတွေရယူပေးဖို့ပါ အသင့်ဖြစ်နေတာပါ။
ပေါ့ဘာနဲ့ ဗာရန်းအတွဲအဖက်ဟာ ယူရို-၂၀၁၆ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ခဲ့သလို ကမ္ဘာ့ဖလားအောင်ပွဲရအသင်းမှာလည်း အတွဲအဖက်ညီခဲ့ပြီး ဗာရန်းကတော့ သူတို့၂ဦးဟာ ယူနိုက်တက်ရဲ့၄နှစ်ကြာဖလားလက်မဲ့ဖြစ်နေမှုကို ရပ်တန့်စေမယ်လို့ မျှော်လင့်နေပါတယ်။
အသက် ၂၈ နှစ်အရွယ် ဗာရန်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲဖြစ်တဲ့ လိဒ်နဲ့ပွဲကို ပါဝင်ကစားခြင်းမရှိဘဲ ပရိသတ်တွေနဲ့သာ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီပွဲမှာတော့ ပေါ့ဘာက ခြေစွမ်းကောင်းပြပြီး တစ်ယောက်တည်း ၄ဂိုးဖန်တီးကာ မှတ်တမ်းကောင်းယူသွားခဲ့ပါတယ်။
ပေါ့ဘာနဲ့တွဲကစားရမယ့်အပေါ်ဗာရန်းက”အရမ်းပျော်ပါတယ်။
ကျွန်တော်သူနဲ့သိတာ တော်တော်ကြာပါပြီ။
လက်ရွေးစင်အသင်းမှာစသိခဲ့တာဖြစ်ပြီး သူကတကယ်ကောင်းတဲ့ကစားသမားပါ။
သူကရည်မှန်းချက်ကြီးတဲ့သူပါ။ ကျွန်တော်လည်းသူ့လိုပါပဲ။”
” ဒါကြောင့် ကျွန်တော်တို့ အတူတူအလုပ်လုပ်ဖို့ အသင့်ဖြစ်နေပြီဖြစ်ပြီး ဆုဖလားတွေဆွတ်ခူးနိုင်အောင်လည်း အားလုံးလုပ်ဆောင်သွားကြမှာပါ။
ပေါ့ဘာက အကောင်းမြင်တတ်တဲ့သူတစ်ယောက်ပါ။
သူ့မှာအရမ်းကောင်းတဲ့ energy ရှိပါတယ်။ သူကအဝတ်လဲခန်းထဲမှာ အသင်းဖော်တွေကို စိတ်ခွန်အားပေးတတ်သူပါ။
ကွင်းထဲမှာတော့ခွန်အားတွေ၊ စွမ်းအားတွေမျှဝေပေးတာပေါ့” လို့ ဆိုပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေပါ့ဘာနဲ႔ သူတြဲဖက္ကစားရင္ ယူႏိုက္တက္ ဖလားရႏိုင္တယ္ဆိုတဲ့ ဗာရန္း
ရာေဖးဗာရန္းက ယူႏိုက္တက္အသင္းမွာ ေပါ့ဘာနဲ႔တြဲကစားရမယ့္အေပၚ အရမ္းကိုမွေပ်ာ္႐ႊင္ေနၿပီး ယူႏိုက္တက္အတြက္ ဆုဖလားေတြရရွိေအာင္စြမ္းေဆာင္ေပးမယ္လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္ကစားသမားအျဖစ္နဲ႔ ပထမဆုံးအင္တာဗ်ဴးမွာ ဗာရန္းက ေျပာဆိုခဲ့တာျဖစ္ၿပီး ေပါင္သန္း ၄ဝတန္ ကစားသမားက ပြဲမထြက္ရေသးခင္ အသင္းအတြက္ ဆုဖလားေတြရယူေပးဖို႔ပါ အသင့္ျဖစ္ေနတာပါ။
ေပါ့ဘာနဲ႔ ဗာရန္းအတြဲအဖက္ဟာ ယူ႐ို-၂၀၁၆ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲေရာက္ခဲ့သလို ကမာၻ႔ဖလားေအာင္ပြဲရအသင္းမွာလည္း အတြဲအဖက္ညီခဲ့ၿပီး ဗာရန္းကေတာ့ သူတို႔၂ဦးဟာ ယူႏိုက္တက္ရဲ႕၄ႏွစ္ၾကာဖလားလက္မဲ့ျဖစ္ေနမႈကို ရပ္တန႔္ေစမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။
အသက္ ၂၈ ႏွစ္အ႐ြယ္ ဗာရန္းဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲျဖစ္တဲ့ လိဒ္နဲ႔ပြဲကို ပါဝင္ကစားျခင္းမရွိဘဲ ပရိသတ္ေတြနဲ႔သာ မိတ္ဆက္ခဲ့ပါတယ္။ အဲဒီပြဲမွာေတာ့ ေပါ့ဘာက ေျခစြမ္းေကာင္းျပၿပီး တစ္ေယာက္တည္း ၄ဂိုးဖန္တီးကာ မွတ္တမ္းေကာင္းယူသြားခဲ့ပါတယ္။
ေပါ့ဘာနဲ႔တြဲကစားရမယ့္အေပၚဗာရန္းက”အရမ္းေပ်ာ္ပါတယ္။ ကြၽန္ေတာ္သူနဲ႔သိတာ ေတာ္ေတာ္ၾကာပါၿပီ။ လက္ေ႐ြးစင္အသင္းမွာစသိခဲ့တာျဖစ္ၿပီး သူကတကယ္ေကာင္းတဲ့ကစားသမားပါ။ သူကရည္မွန္းခ်က္ႀကီးတဲ့သူပါ။ ကြၽန္ေတာ္လည္းသူ႔လိုပါပဲ။”
” ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အတူတူအလုပ္လုပ္ဖို႔ အသင့္ျဖစ္ေနၿပီျဖစ္ၿပီး ဆုဖလားေတြဆြတ္ခူးႏိုင္ေအာင္လည္း အားလုံးလုပ္ေဆာင္သြားၾကမွာပါ။ ေပါ့ဘာက အေကာင္းျမင္တတ္တဲ့သူတစ္ေယာက္ပါ။ သူ႔မွာအရမ္းေကာင္းတဲ့ energy ရွိပါတယ္။ သူကအဝတ္လဲခန္းထဲမွာ အသင္းေဖာ္ေတြကို စိတ္ခြန္အားေပးတတ္သူပါ။ ကြင္းထဲမွာေတာ့ခြန္အားေတြ၊ စြမ္းအားေတြမွ်ေဝေပးတာေပါ့” လို႔ ဆိုပါတယ္။