” ပေါ့ဘာနေရာအစားထိုးဖို့ ဗန်ဒီးဘိကို ခေါ်ယူခဲ့တာ ဖြစ်နိုင်ပါတယ်” _ ဂယ်ရီ နေဗီးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂယ်ရီ နေဗီးလ်က မန်ချက်စတာ ယူနိုက်တက်က ပေါင်သန်း ( ၄၀ ) အသုံးပြုပြီး ဒွန်နီ ဗန်ဒီးဘိကို ခေါ်ယူခဲ့ခြင်းအပေါ် နားလည်နိုင်ခြင်း မရှိသေးပဲ ပေါ့ဘာထွက်ခွာဖို့ ရှိနေခဲ့တဲ့အတွက်ကြောင့် ခေါ်ယူခဲ့တာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာက ပြီးခဲ့တဲ့ နောက်ဆုံး ပွဲစဉ်တွေမှာ ခြေစွမ်းပြကစားနေပြီး အေးဂျင့် ရွိုင်းအိုလာက ပေါ့ဘာ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ အငြင်းပွားဖွယ် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သူ့ရဲ့ ခြေစွမ်းက သိသိသာသာ တိုးတက်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် နေဗီးလ်က ပေါ့ဘာရဲ့ အိုးထရတ်ဖို့ဒ် အနာဂတ်ဟာ သေချာမှု ရှိမနေသေးပဲ လက်ရှိမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဗန်ဒီးဘိ ရောက်ရှိလာခြင်းက အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

နေဗီးလ်က Sky Sports နဲ့ တွေ့ဆုံရာမှာ ” ဗန်ဒီးဘိရဲ့ အပြောင်းအရွေ့က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော်ခုထိ နားမလည်နိုင်သေးပါဘူး။ ဒါက ကစားသမားတစ်ယောက်နေရာကို အစားထိုးဖို့ ခေါ်ယူခဲ့တာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပေါင်သန်း ( ၄၀ ) တန် ကစားသမားတစ်ယောက်ကို လနဲ့ချီပြီး အသုံးမပြုပဲ အရံခုံမှာ ထားတဲ့အတွက်ပါ ။

ကျွန်တော့်အထင်ကတော့ မန်ချက်စတာ ယူနိုက်တက်က ထွက်ခွာတော့မယ့် ကစားသမားတစ်ယောက်အတွက် ကြိုတင်ပြင်ဆင်တာလို့ ထင်ပါတယ်။ သူက ပေါ့ဘာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘန်ဒီးဘိကို အဲ့ဒီနေရာ အစားထိုးဖို့ ခေါ်ယူထားတာ ဖြစ်ပါလိမ့်မယ်။ ” ဟု ပြောကြားခဲ့ပါတယ်။

ဗန်ဒီးဘိဟာ ပြီးခဲ့တဲ့ နွေရာသီ အေဂျက်အသင်းကနေ ပြောင်းရွေ့လာပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် ( ၂ ) ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားပြီး စက်တင်ဘာလက ရာသီအဖွင့်ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ရယူပေးထားပါတယ်။

အသက် ( ၂၃ ) နှစ်အရွယ် ကစားသမားဟာ လိဒ်အသင်းကို ၆ ဂိုး – ၂ ဂိုး အနိုင်ရရှိခဲ့တဲ့ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့ ကတည်းက ပွဲကစားခွင့် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ Source : Daily Mail

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

” ေပါ့ဘာေနရာအစားထိုးဖို႔ ဗန္ဒီးဘိကို ေခၚယူခဲ့တာ ျဖစ္ႏိုင္ပါတယ္” _ ဂယ္ရီ ေနဗီးလ္

ဂယ္ရီ ေနဗီးလ္က မန္ခ်က္စတာ ယူႏိုက္တက္က ေပါင္သန္း ( ၄၀ ) အသုံးျပဳၿပီး ဒြန္နီ ဗန္ဒီးဘိကို ေခၚယူခဲ့ျခင္းအေပၚ နားလည္ႏိုင္ျခင္း မရွိေသးပဲ ေပါ့ဘာထြက္ခြာဖို႔ ရွိေနခဲ့တဲ့အတြက္ေၾကာင့္ ေခၚယူခဲ့တာ ျဖစ္ႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ေပါ့ဘာက ၿပီးခဲ့တဲ့ ေနာက္ဆုံး ပြဲစဥ္ေတြမွာ ေျခစြမ္းျပကစားေနၿပီး ေအးဂ်င့္ ႐ြိဳင္းအိုလာက ေပါ့ဘာ ယူႏိုက္တက္ကေန ထြက္ခြာေတာ့မယ္လို႔ အျငင္းပြားဖြယ္ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ သူ႔ရဲ႕ ေျခစြမ္းက သိသိသာသာ တိုးတက္လာတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ေနဗီးလ္က ေပါ့ဘာရဲ႕ အိုးထရတ္ဖို႔ဒ္ အနာဂတ္ဟာ ေသခ်ာမႈ ရွိမေနေသးပဲ လက္ရွိမွာ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတဲ့ ဗန္ဒီးဘိ ေရာက္ရွိလာျခင္းက အေျပာင္းအလဲေတြ ျဖစ္ေပၚလာႏိုင္တဲ့ လကၡဏာ တစ္ရပ္ျဖစ္ေၾကာင္း ေထာက္ျပခဲ့ပါတယ္။

ေနဗီးလ္က Sky Sports နဲ႔ ေတြ႕ဆုံရာမွာ ” ဗန္ဒီးဘိရဲ႕ အေျပာင္းအေ႐ြ႕က စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ကြၽန္ေတာ္ခုထိ နားမလည္ႏိုင္ေသးပါဘူး။ ဒါက ကစားသမားတစ္ေယာက္ေနရာကို အစားထိုးဖို႔ ေခၚယူခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေပါင္သန္း ( ၄၀ ) တန္ ကစားသမားတစ္ေယာက္ကို လနဲ႔ခ်ီၿပီး အသုံးမျပဳပဲ အရံခုံမွာ ထားတဲ့အတြက္ပါ ။ ကြၽန္ေတာ့္အထင္ကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္က ထြက္ခြာေတာ့မယ့္ ကစားသမားတစ္ေယာက္အတြက္ ႀကိဳတင္ျပင္ဆင္တာလို႔ ထင္ပါတယ္။ သူက ေပါ့ဘာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဘန္ဒီးဘိကို အဲ့ဒီေနရာ အစားထိုးဖို႔ ေခၚယူထားတာ ျဖစ္ပါလိမ့္မယ္။ ” ဟု ေျပာၾကားခဲ့ပါတယ္။

ဗန္ဒီးဘိဟာ ၿပီးခဲ့တဲ့ ေႏြရာသီ ေအဂ်က္အသင္းကေန ေျပာင္းေ႐ြ႕လာၿပီးေနာက္ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၂ ) ပြဲသာ ပြဲထြက္ကစားခြင့္ ရရွိထားၿပီး စက္တင္ဘာလက ရာသီအဖြင့္ပြဲစဥ္မွာ သြင္းဂိုးတစ္ဂိုး ရယူေပးထားပါတယ္။ အသက္ ( ၂၃ ) ႏွစ္အ႐ြယ္ ကစားသမားဟာ လိဒ္အသင္းကို ၆ ဂိုး – ၂ ဂိုး အႏိုင္ရရွိခဲ့တဲ့ ဒီဇင္ဘာလ ( ၂၀ ) ရက္ေန႔ ကတည္းက ပြဲကစားခြင့္ ေပ်ာက္ဆုံးေနတာ ျဖစ္ပါတယ္။ Source : Daily Mail