ပေါ့ဘာခြေစွမ်းအံ့မခန်းနဲ့ အရှူံးကို အကောင်းဆုံးပုံစံနဲ့ လက်ခံတဲ့ ဇလာတန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲတွေကို မနေ့က ကစားခဲ့ရာမှာတော့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ အေစီမီလန်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့မှာ တစ်ဂိုးစီသရေကျခဲ့တာကြောင့် အေစီမီလန်ကွင်းမှာ ကစားရချိန်မှာတော့ ခက်ခဲမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ပေါ့ဂ်ဘာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ယူနိုက်တက်တို့အနေနဲ့ တတ်နိုင်သမျှ အကောင်းဆုံးလူစာရင်းကို ထုတ်ကစားလာခဲ့ပြီး၊ အိမ်ကွင်းမှာ ကစားရတဲ့ အေစီမီလန်တို့ကတော့ အဝေးဂိုးရထားတာကြောင့် နည်းနည်း ပေါ့လျော့ပြီး၊ တိုက်စစ်မှူးမပါတဲ့ ခံစစ်လူစာရင်းကို ထုတ်သုံးလာခဲ့သလို အီဘရာဟီမိုဗစ်ချ်ကိုလည်း အရန်ခုံမှာ ထားခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်ဖက်ကြိုးစားမှုတွေက အရာမထင်ခဲ့ပါဘူး။

ဒုတိယပိုင်းပြန်အစမှာတော့ယူနိုက်တက်အသင်းဟာရပ်ရှ်ဖို့ဒ်ကိုအနားပေးခဲ့ပြီးဒဏ်ရာကပြန်လည်သက်သာလာတဲ့ပေါ့ဘာကိုလူစားဝင်စေခဲ့ပါတယ်။ လူစားဝင်ပြီး၂မိနစ်အကြာမှာပဲဂိုးနားမှာရှုပ်နေတဲ့အနေအထားကနေရရှိလာတဲ့အခွင့်အရေးကိုအသုံးချပြီး ပေါ့ဘာက ယူနိုက်တက်အတွက်အနိုင်သေချာစေမယ့်သွင်းဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ချ်တစ်ယောက် လူစားဝင်ပြီး အသင်းအတွက် ချေပဂိုးရအောင် ကြိုးစားပေမယ့် ဂိုးသမား ဟန်ဒါဆန်ကို မကျော်နိုင်ခဲ့ပါဘူး။ဒီပွဲမှာ အေစီမီလန်တိုက်စစ်မှူး ဇလာတန်ဟာ ယူနိုက်တက်ကို အသင်းဟောင်းအဖြစ် ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ကာ ပွဲအပြီးမှာတော့ ပေါ့ဂ်ဘာနဲ့ ဂျာစီချင်းလဲသွားခဲ့ပါတယ်။ ဘောလုံးနတ်ဘုရားကြီးက အရှူံးကို အကောင်းဆုံးပုံစံနဲ့ လက်ခံခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားနဲ့ နှုတ်ဆက်တဲ့အခါ၊ ဆိုးလ်ရှားရဲ့ ရင်ဘတ်ကိုအသာအယာပုတ်ပြီး နောက်တစ်ဆင့်တက်နိုင်တဲ့ အတွက် ဂုဏ်ပြုခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ကို ဖလားပြိုင်ပွဲတိုင်းမှာ ဆီမီးဖိုင်နယ်အဆင့် ပို့ဆောင်ပေးနိုင်ခဲ့တဲ့နည်းပြ ဆိုးလ်ရှားက ဒီရာသီမှာလည်း အသင်းကို ကွာတားဖိုင်နယ်တစ်ခုကို ပို့ဆောင်ပေးခဲ့ပြန်ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

​ေပါ့ဘာ​ေျခစြမ္းအံ့မခန္းနဲ႔ အရႉံးကို အ​ေကာင္းဆုံးပုံစံနဲ႔ လက္ခံတဲ့ ဇလာတန္

ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲေတြကို မေန႔က ကစားခဲ့ရာမွာေတာ့ ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္အသင္းဟာ ေအစီမီလန္ကို အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပထမအေက်ာ့မွာ တစ္ဂိုးစီသေရက်ခဲ့တာေၾကာင့္ ေအစီမီလန္ကြင္းမွာ ကစားရခ်ိန္မွာေတာ့ ခက္ခဲမယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ေပါ့ဂ္ဘာရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။

ယူႏိုက္တက္တို႔အေနနဲ႔ တတ္ႏိုင္သမွ် အေကာင္းဆုံးလူစာရင္းကို ထုတ္ကစားလာခဲ့ၿပီး၊ အိမ္ကြင္းမွာ ကစားရတဲ့ ေအစီမီလန္တို႔ကေတာ့ အေဝးဂိုးရထားတာေၾကာင့္ နည္းနည္း ​ေပါ့​ေလ်ာ့ၿပီး၊ တိုက္စစ္မႉးမပါတဲ့ ခံစစ္လူစာရင္းကို ထုတ္သုံးလာခဲ့သလို အီဘရာဟီမိုဗစ္ခ်္ကိုလည္း အရန္ခုံမွာ ထားခဲ့ပါတယ္။ ပထမပိုင္းမွာ ႏွစ္ဖက္ႀကိဳးစားမႈ​ေတြက အရာမထင္ခဲ့ပါဘူး။ ဒုတိယပိုင္းျပန္အစမွာေတာ့ယူႏိုက္တက္အသင္းဟာရပ္ရွ္ဖို႔ဒ္ကိုအနားေပးခဲ့ၿပီးဒဏ္ရာကျပန္လည္သက္သာလာတဲ့ေပါ့ဘာကိုလူစားဝင္ေစခဲ့ပါတယ္။

လူစားဝင္ၿပီး၂မိနစ္အၾကာမွာပဲဂိုးနားမွာရႈပ္ေနတဲ့အေနအထားကေနရရွိလာတဲ့အခြင့္အေရးကိုအသုံးခ်ၿပီး ​ေပါ့ဘာက ယူႏိုက္တက္အတြက္အႏိုင္ေသခ်ာေစမယ့္သြင္းဂိုးကိုသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အီဘရာဟီမိုဗစ္ခ်္တစ္​​ေယာက္ လူစား၀င္ၿပီး အသင္းအတြက္ ​ေခ်ပဂိုးရ​ေအာင္ ႀကိဳးစား​ေပမယ့္ ဂိုးသမား ဟန္ဒါဆန္ကို မ​ေက်ာ္ႏိုင္ခဲ့ပါဘူး။ဒီပြဲမွာ ေအစီမီလန္တိုက္စစ္မႉး ဇလာတန္ဟာ ယူႏိုက္တက္ကို အသင္းေဟာင္းအျဖစ္ ျပန္လည္ရင္ဆိုင္ခဲ့ရတာျဖစ္ကာ ပြဲအၿပီးမွာေတာ့ ေပါ့ဂ္ဘာနဲ႔ ဂ်ာစီခ်င္းလဲသြားခဲ့ပါတယ္။

​ေဘာလုံးနတ္ဘုရားႀကီးက အရႉံးကို အ​ေကာင္းဆုံးပုံစံနဲ႔ လက္ခံခဲ့ပါတယ္။ ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားနဲ႔ ႏႈတ္ဆက္တဲ့အခါ၊ ဆိုးလ္ရွားရဲ႕ ရင္ဘတ္ကိုအသာအယာပုတ္ၿပီး ​ေနာက္တစ္ဆင့္တက္ႏိုင္တဲ့ အတြက္ ဂုဏ္ျပဳခဲ့ပါ​ေသးတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ယူႏိုက္တက္ကို ဖလားၿပိဳင္ပြဲတိုင္းမွာ ဆီမီးဖိုင္နယ္အဆင့္ ပို႔ေဆာင္ေပးႏိုင္ခဲ့တဲ့နည္းျပ ဆိုးလ္ရွားက ဒီရာသီမွာလည္း အသင္းကို ကြာတားဖိုင္နယ္တစ္ခုကို ပို႔ေဆာင္ေပးခဲ့ျပန္ပါၿပီ။