ပေါ့ဘာက ယူနိုက်တက်မှာဆို ခြေစွမ်းကိုဝှက်ထားပြီး ပြင်သစ်မှာဆို ပုံစံကောင်းပြတယ်

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ရွိုင်ကိန်းက

သရဲနီအသင်းမှာကစားတဲ့ ပေါ့ဘာရဲ့ခြေစွမ်းနဲ့ ပြင်သစ်အသင်းမှာ

ကစားတဲ့ပေါ့ဘာရဲ့ခြေစွမ်းမတူတာကြောင့် လူနှစ်ယောက်ကစားတာကို ကြည့်နေရတယ်

လို့ ပြောပါတယ်။

ဂျာမနီကို အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းရဲ့ပွဲစဉ်မှာ

ပေါ့ဘာဟာ ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ဂိုးရနိုင်တဲ့

ဘောလုံးပေးပို့မှုတွေပြုလုပ်နိုင်ခဲ့အတွက် ရွိုင်ကိန်းက အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ရဲ့ ယူရိုပြိုင်ပွဲမှာ

ပြင်သစ်အသင်းက (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး တာထွက်လှခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းကြီး ရွိုင်ကိန်းက

“ပေါ့ဘာက အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ယောက်ဆိုတာ

ဘာမှသံသယဝင်စရာ မလိုပါဘူး။”

“ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ဒီထက်ခြေစွမ်းကောင်းပြတာကို လိုချင်နေသေးတယ်။

အထူးသဖြင့် ယူနိုက်တက်အသင်းမှာ ကစားနေတဲ့အချိန်မျိုးဆိုရင်

ပေါ့ဘာရဲ့ခြေစွမ်းတွေကို ပိုကောင်းလာတာမျိုး ဖြစ်စေချင်တယ်”

“ကျွန်တော့်စိတ်အထင်အရဆိုရင် ယူနိုက်တက်အသင်းမှာ သူယူထားရတဲ့

တာဝန်တွေ အရမ်းများနေမယ်ထင်တယ်။သူက တာဝန်တွေ အများကြီးကို မယူထားချင်ဘဲနဲ့

လွတ်လွတ်လပ်လပ်ပုံစံမျိုးနဲ့ ကစားချင်နေတာ ဖြစ်နိုင်ပါတယ်။”

“ယူနိုက်တက်မှာ ပေါ့ဘာရဲ့ တာဝန်ကို မျှထမ်းပေးနိုင်တဲ့ သူတွေရှားလို့လား၊ယူနိုက်တက်မှာသူက

သီးသန့်ကြီးလို ဖြစ်နေပြီး ဖိအားပိုများနေသလို ဖြစ်နေပါတယ်။ ပြင်သစ်မှာတော့ သူ့ကို

ကူနိုင်သူပေါသလိုပါပဲ။ အဲဒါက ပြင်သစ်အသင်းက ပေါ့ဘာနဲ့ ယူနိုက်တက်က ပေါ့ဘာတို့ကြား

အဓိက ခြားနားချက်ဖြစ်နိုင်ပါတယ်”ဆိုပြီး ပြောပါတယ်။

Zawgyi Version

ေပါ့ဘာက ယူႏိုက္တက္မွာဆို ေျခစြမ္းကို၀ွက္ထားၿပီး ျပင္သစ္မွာဆုိ ပုံစံေကာင္းျပတယ္

ယူနိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ရြိဳင္ကိန္းက

သရဲနီအသင္းမွာကစားတဲ့ ေပါ့ဘာရဲ့ေျခစြမ္းနဲ႔ ျပင္သစ္အသင္းမွာ

ကစားတဲ့ေပါ့ဘာရဲ့ေျခစြမ္းမတူတာေၾကာင့္ လူႏွစ္ေယာက္ကစားတာကို

ၾကည့္ေနရတယ္ လို့ ေျပာပါတယ္။

ဂ်ာမနီကို အနိုင္ရခဲ့တဲ့ ျပင္သစ္အသင္းရဲ့ပြဲစဥ္မွာ ေပါ့ဘာဟာ ကြင္းလယ္မွ

ာ အေကာင္းဆုံး ေျခစြမ္းျပခဲ့ၿပီး ဂိုးရနိုင္တဲ့

ေဘာလုံးေပးပို့မွုေတြျပဳလုပ္နိုင္ခဲ့အတြက္ ရြိဳင္ကိန္းက

အခုလို ေျပာခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ဂ်ာမနီလက္ေရြးစင္အသင္းတို့ရဲ့

ယူရိုၿပိဳင္ပြဲမွာ ျပင္သစ္အသင္းက (၁)ဂိုး ဂိုးမရွိနဲ႔ အနိုင္ရခဲ့ၿပီး တာထြက္လွခဲ့ပါတယ္။

ယူနိုက္တက္ကစားသမားေဟာင္းႀကီး ရြိဳင္ကိန္းက “ေပါ့ဘာက အရည္အေသြးျပည့္ဝတဲ့

ကစားသမားတစ္ေယာက္ဆိုတာ ဘာမွသံသယဝင္စရာ မလိုပါဘူး။”

“ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ သူ႔ကို ဒီထက္ေျခစြမ္းေကာင္းျပတာကို

လိုခ်င္ေနေသးတယ္။ အထူးသျဖင့္ ယူနိုက္တက္အသင္းမွာ ကစားေနတဲဲ့အခ်ိန္မ်ိဳးဆိုရင္

ေပါ့ဘာရဲ့ေျခစြမ္းေတြကို ပိုေကာင္းလာတာမ်ိဳး ျဖစ္ေစခ်င္တယ္”

“ကၽြန္ေတာ့္စိတ္အထင္အရဆိုရင္ ယူနိုက္တက္အသင္းမွာ သူယူထားရတဲ့ တာဝန္ေတြ

အရမ္းမ်ားေနမယ္ထင္တယ္။သူက တာဝန္ေတြ အမ်ားႀကီးကို

မယူထားခ်င္ဘဲနဲ႔ လြတ္လြတ္လပ္လပ္ပုံစံမ်ိဳးနဲ႔ ကစားခ်င္ေနတာ ျဖစ္နိုင္ပါတယ္။”

“ယူႏိုက္တက္မွာ ေပါ့ဘာရဲ႕ တာ၀န္ကို မွ်ထမ္းေပးႏိုင္တဲ့

သူေတြရွားလုိ႔လား၊ယူနိုက္တက္မွာသူက သီးသန႔္ႀကီးလို ျဖစ္ေနၿပီး ဖိအားပိုမ်ားေနသလို

ျဖစ္ေနပါတယ္။ ျပင္သစ္မွာေတာ့ သူ႔ကို ကူႏိုင္သူေပါသလိုပါပဲ။

အဲဒါက ျပင္သစ္အသင္းက ေပါ့ဘာနဲ႔ ယူနိုက္တက္က ေပါ့ဘာတို့ၾကား အဓိက

ျခားနားခ်က္ျဖစ္ႏိုင္ပါတယ္”ဆိုၿပီး ေျပာပါတယ္။