ပေါ့ဘာကို ဝေဖန်ထိုးနှက်သူ နဲ့အသင်းမှာဆက်ရှိစေလိုသူ

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

2021 ခုနှစ်မှာ ပေါ့ဘာဟာ ယူနိုက်တက်နဲ့ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာကြောင့်အနားယူနေတဲ့အနေအထားအပြင် အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာရဲ့မှတ်ချက်တွေ ကြောင့်လည်း ယူနိုက်တက်နဲ့တွဲရေး၊ခွဲရေးအခြေအနေဟာဘာမှန်းမသိဖြစ်နေပါတယ်။ ပေ့ါဘာကို ခေါ်ယူချင်နေတဲ့ အသင်းတွေလည်းရှိတာကြောင့် ပေါ့ဘာရဲ့အနာဂတ်လားရာဟာ ခန့်မှန်းရခက်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဆီကို ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ရောက်ရှိလာတာကြောင့် ပေါ့ဘာ မလိုအပ်တော့ဘူးဆိုတဲ့ ထင်မြင်ချက်တွေကလည်း ရှိနေပါတယ်။ ဒါကြောင့် အရင်ဦးဆုံးအနေနဲ့ ပေါ့ဘာကို ဝေဖန် ထိုးနှက်ထားတဲ့ စကားသံတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝေဖန်စကားပြောသူကတော့ နည်းပြလမ်းပတ် ဖြစ်ပါတယ်။ “ကျွန်တော် ပေါဂ့်ဘာအကြောင်းတော့သေချာမသိဘူး ၊သူ့ကြည့်ရတာ ဆုံးဖြတ်ချက်အမှားတွေကို ချမှတ်ခဲ့ပေမယ့် ဟိုဆေးထွက်ခွာပြီးချိန်မှာတော့ သူကပြန်ပြီးခေါင်းထောင်နိုင် အောင်ကြိုးပမ်းခဲ့ပါတယ်။ ပေါဂ့်ဘာ က ပုံမှန်ဆိုရင် ကျွန်တော်ထက်ပိုပြီးကောင်းပါတယ်။

photo internet

သူက အကြိမ်တိုင်းကျွန်တော့်ကိုကျော်ဖြတ်နိုင်တယ်၊သူ့ခြေထောက်တွေကလည်းကျွန်တော့်ထက် ပိုပြီးကောင်းတယ်။တစ်ဖက်ကွင်းလယ်စည်းမှာဆိုသူကအကောင်းဆုံးကစားသမားပါပဲ။ သူ့မှာ ဘောလုံးကို အလိမ်ခေါက်ပြနိုင်တဲ့ အရည်သွေးမြင့်မားတဲ့ အဆင့်အတန်းမျိုးရှိပါတယ်။လူငယ်ကစားသမားတွေဆိုရင် သူ့ကစားဟန်တွေကို You Tube ကနေကြည့်ရှု့ပြီး အားကျနေနိုင်ပေမယ့် ကျွန်တော်ကတော့မကြိုက်ပါဘူး။ သူကစားတာ ကဘေးဖက်ကိုအရမ်းရောက်တယ်ထင်ပါတယ်။သူ့ရဲ့နံပါတ်တွေကလည်းအကောင်းကြီးမဟုတ်ပါဘူး။ သူက ဂျူဗင်တပ်စ်မှာ ကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်ခဲ့ပေမယ့်လည်း ဒီမှာပိုပြီးပြသနိုင်ဖို့လိုပါ သေးတယ်။ သူ့အနေနဲ့တစ်ရာသီကို ၁၅ဂိုးလောက်သွင်းယူနိုင်သင့်သလို၊ပွဲကိုလည်းအမြဲတမ်း စိုးမိုးထားနိုင် သူဖြစ်သင့်ပါတယ်” ဆိုပြီး လမ်းပတ်ကပြောဆိုပါတယ်။သရဲနီတိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ်ကတော့ ပေါ့ဘာကို အသင်းမှာ ဆက်ရှိနေစေလိုနေ တယ်ဆိုပြီးပြောထားပါတယ်။ ” ပေါ့ဘာနဲ့ဖာနန်ဒက်စ်က အတူတွဲကစားနိုင်မလားဆိုတာ ကျွန်တော်မသိပါဘူး။ ပေါ့ဘာရဲ့ပရိသတ်တစ်ယောက်အနေနဲ့တော့ကျွန်တော်ဟာ သူ့ကို ယူနိုက်တက်မှာပဲ ဆက်ရှိနေစေလိုပါတယ်။ သူ့အတွက်လည်း အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ သူနဲ့ ဖာနန်ဒက်စ်နဲ့ ဘယ်လိုချိတ်ဆက် ကစားမလဲဆိုတာ ကျွန်တော် လေ့လာစူးစမ်းချင်နေပါပြီ။ သူတို့ကပုံစံတူတဲ့ ကစားသမားတွေပါ။ ပြီးတော့ ဘောလုံးကစားတဲ့နေရာမှာလည်း ပါးနပ်ကြတယ်လေ။ တခါတရံတော့ လည်း ဘောလုံးသမားတွေဟာ ကစားပုံတူပြီး အတူကစားတာတွေရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာလို့တော့ ကျွန်တော် မမျှော်လင့်ပါဘူး။

photo internet

ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ဟာ ကွင်းလယ်လူတွေဖြစ်ပြီး နောက်ရာသီမှာ အရမ်းကို စိတ်ကူးရင်ဆန်တဲ့ အသင်းအဖြစ် ရှိနေပါလိမ့်မယ်။ ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အသင်းအပေါ် မြန်မြန်လွှမ်းမိုးလာခဲ့ပါတယ်။ သူအသင်းကို မြှင့်တင်ပေးတာတွေကို ကျွန်တော်အထင်ကြီး ကျေနပ်ရပါတယ်။ အချိန်တိုတိုအတွင်းမှာပဲ အသင်းကိုအကောင်းဆုံးဖြစ်အောင်ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ အသင်းဖော်တွေကလည်း သူဘောလုံးရတဲ့အချိန်မှာ စောင့်ကြည့်နေတာလေ။ သူက ပဉ္စလက်ဆန်ဆန်ဖန်တီးမှုတွေလုပ်ပေးတာကိုး။ သူယူနိုက်တက်မှာ ကစားရတာ ပျော်ရွှင်နေပုံလည်း ပေါက်ပါတယ် ။ ဒီပုံစံကို ဆက်လက်ထိန်းသိမ်းသွားဖို့ မျော်လင့်ပါတယ်။”ဆိုပြီး ဘာဘာတော့ဗ်က ပြောပါတယ်။လောလောဆယ်ကိုရိုနာဗိုင်းရပ်ကြောင့်ဘောလုံးပွဲတွေနားထားရပြီး၊ ကစားသမားတွေကလည်း အနားယူတာအချိန်အတိုင်းအတာတစ်ခုအထိသာ လေ့ကျင့်ခန်းဆင်းနေတာတွေလုပ်နေကြပါတယ်။ ပေ့ါဘာဟာ ကိုရိုနာဗိုင်းရပ်စ်အတွက်ငွေလှူတာတွေလည်းလုပ်ဆောင်နေပါတယ်။ ပေါ့ဘာဟာ သူ့အသက် ၂၇ နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် ကျန်းမာရေး အဖွဲ့အစည်းတွေ အတွက် အလှူငွေ ဒေါ်လာ ၃၀၀၀၀ ကျော်ရှာဖွေပေးသွားမယ်လို့ သိရပါတယ်။

photo internet

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ေပါ့ဘာကို ေ၀ဖန္ထိုးႏွက္သူ နဲ႔အသင္းမွာဆက္ရိွေစလုိသူ

2021 ခုႏွစ္မွာ ေပါ့ဘာဟာ ယူႏိုက္တက္နဲ႔ လက္ရိွစာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ ဒဏ္ရာေၾကာင့္အနားယူေနတဲ့အေနအထားအျပင္ ေအးဂ်င့္ျဖစ္သူ ရြိဳင္းအိုလာရဲ႕မွတ္ခ်က္ေတြ ေၾကာင့္လည္း ယူႏိုက္တက္နဲ႔တြဲေရး၊ခြဲေရးအေျခအေနဟာဘာမွန္းမသိျဖစ္ေနပါတယ္။ ေပ့ါဘာကို ေခၚယူခ်င္ေနတဲ့ အသင္းေတြလည္းရိွတာေၾကာင့္ ေပါ့ဘာရဲ႕အနာဂတ္လားရာဟာ ခန္႔မွန္းရခက္ေနပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ဆီကို ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ေရာက္ရွိလာတာေၾကာင့္ ေပါ့ဘာ မလိုအပ္ေတာ့ဘူးဆိုတဲ့ ထင္ျမင္ခ်က္ေတြကလည္း ရွိေနပါတယ္။ ဒါေၾကာင့္ အရင္ဦးဆုံးအေနနဲ႔ ေပါ့ဘာကို ေ၀ဖန္ ထိုးနွက္ထားတဲ့စကားသံေတြကိုတင္ဆက္ေပးလိုက္ပါတယ္။ ေ၀ဖန္စကားေျပာသူကေတာ့ နည္းျပလမ္းပတ္ ျဖစ္ပါတယ္။ “ကၽြန္ေတာ္ ေပါဂ့္ဘာအေၾကာင္းေတာ့ေသခ်ာမသိဘူး ၊သူ႔ၾကည့္ရတာ ဆုံးျဖတ္ခ်က္အမွားေတြကို ခ်မွတ္ခဲ့ေပမယ့္ ဟိုေဆးထြက္ခြာၿပီးခ်ိန္မွာေတာ့ သူကျပန္ၿပီးေခါင္းေထာင္ႏိုင္ ေအာင္ႀကိဳးပမ္းခဲ့ပါတယ္။ ေပါဂ့္ဘာ က ပုံမွန္ဆိုရင္ ကၽြန္ေတာ္ထက္ပိုၿပီးေကာင္းပါတယ္။ သူက အႀကိမ္တိုင္းကၽြန္ေတာ့္ကိုေက်ာ္ျဖတ္ႏိုင္တယ္၊သူ႔ေျခေထာက္ေတြကလည္းကၽြန္ေတာ့္ထက္ပိုၿပီးေကာင္းတယ္။တစ္ဖက္ကြင္းလယ္စည္းမွာဆိုသူကအေကာင္းဆုံးကစားသမားပါပဲ။ သူ႔မွာ ေဘာလုံးကို အလိမ္ေခါက္ျပႏိုင္တဲ့ အရည္ေသြးျမင့္မားတဲ့ အဆင့္အတန္းမ်ိဳးရွိပါတယ္။လူငယ္ကစားသမားေတြဆိုရင္ သူ႔ကစားဟန္ေတြကို You Tube ကေနၾကည့္ရႈ႕ၿပီး အားက်ေနႏိုင္ေပမယ့္ ကၽြန္ေတာ္ကေတာ့မႀကိဳက္ပါဘူး။ သူကစားတာ ကေဘးဖက္ကိုအရမ္းေရာက္တယ္ထင္ပါတယ္။သူ႔ရဲ႕နံပါတ္ေတြကလည္းအေကာင္းႀကီးမဟုတ္ပါဘူး။ သူက ဂ်ဴဗင္တပ္စ္မွာ ေကာင္းမြန္တဲ့ေျခစြမ္းေတြျပသႏိုင္ခဲ့ေပမယ့္လည္း ဒီမွာပိုၿပီးျပသႏိုင္ဖို႔လိုပါ ေသးတယ္။ သူ႔အေနနဲ႔တစ္ရာသီကို ၁၅ဂိုးေလာက္သြင္းယူႏိုင္သင့္သလို၊ပြဲကိုလည္းအၿမဲတမ္း စိုးမိုးထားႏိုင္ သူျဖစ္သင့္ပါတယ္” ဆိုၿပီး လမ္းပတ္ကေျပာဆိုပါတယ္။
သရဲနီတိုက္စစ္မႈးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ ေပါ့ဘာကို အသင္းမွာ ဆက္ရွိေနေစလိုေန တယ္ဆိုၿပီးေျပာထားပါတယ္။ ” ေပါ့ဘာနဲ႔ဖာနန္ဒက္စ္က အတူတြဲကစားႏိုင္မလားဆိုတာ ကၽြန္ေတာ္မသိပါဘူး။ ေပါ့ဘာရဲ႕ပရိသတ္တစ္ေယာက္အေနနဲ႔ေတာ့ကၽြန္ေတာ္ဟာ သူ႔ကို ယူႏိုက္တက္မွာပဲ ဆက္ရွိေနေစလိုပါတယ္။ သူ႔အတြက္လည္း အေကာင္းဆုံးျဖစ္မယ္လို႔ ထင္ပါတယ္။ သူနဲ႔ ဖာနန္ဒက္စ္နဲ႔ ဘယ္လိုခ်ိတ္ဆက္ ကစားမလဲဆိုတာ ကၽြန္ေတာ္ ေလ့လာစူးစမ္းခ်င္ေနပါၿပီ။ သူတို႔ကပုံစံတူတဲ့ ကစားသမားေတြပါ။ ၿပီးေတာ့ ေဘာလုံးကစားတဲ့ေနရာမွာလည္း ပါးနပ္ၾကတယ္ေလ။ တခါတရံေတာ့ လည္း ေဘာလုံးသမားေတြဟာ ကစားပုံတူၿပီး အတူကစားတာေတြရွိပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ျပႆနာလို႔ေတာ့ ကၽြန္ေတာ္ မေမွ်ာ္လင့္ပါဘူး။ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ဟာ ကြင္းလယ္လူေတြျဖစ္ၿပီး ေနာက္ရာသီမွာ အရမ္းကို စိတ္ကူးရင္ဆန္တဲ့ အသင္းအျဖစ္ ရွိေနပါလိမ့္မယ္။ ဖာနန္ဒက္စ္ကေတာ့ ယူႏိုက္တက္အသင္းအေပၚ ျမန္ျမန္လႊမ္းမိုးလာခဲ့ပါတယ္။ သူအသင္းကို ႁမွင့္တင္ေပးတာေတြကို ကၽြန္ေတာ္အထင္ႀကီး ေက်နပ္ရပါတယ္။ အခ်ိန္တိုတိုအတြင္းမွာပဲ အသင္းကိုအေကာင္းဆုံးျဖစ္ေအာင္ပုံေဖာ္ေပးႏိုင္ခဲ့ပါတယ္။ အသင္းေဖာ္ေတြကလည္း သူေဘာလုံးရတဲ့အခ်ိန္မွာ ေစာင့္ၾကည့္ေနတာေလ။ သူက ပဥၥလက္ဆန္ဆန္ဖန္တီးမႈေတြလုပ္ေပးတာကိုး။ သူယူႏိုက္တက္မွာ ကစားရတာ ေပ်ာ္ရႊင္ေနပုံလည္း ေပါက္ပါတယ္ ။ ဒီပုံစံကို ဆက္လက္ထိန္းသိမ္းသြားဖို႔ ေမ်ာ္လင့္ပါတယ္။”ဆိုၿပီး ဘာဘာေတာ့ဗ္က ေျပာပါတယ္။
ေလာေလာဆယ္ကိုရိုနာဗိုင္းရပ္ေၾကာင့္ေဘာလုံးပြဲေတြနားထားရၿပီး၊ ကစားသမားေတြကလည္း အနားယူတာအခ်ိန္အတိုင္းအတာတစ္ခုအထိသာ ေလ့က်င့္ခန္းဆင္းေနတာေတြလုပ္ေနၾကပါတယ္။ ေပ့ါဘာဟာ ကိုရိုနာဗိုင္းရပ္စ္အတြက္ေငြလွဴတာေတြလည္းလုပ္ေဆာင္ေနပါတယ္။ ေပါ့ဘာဟာ သူ႔အသက္ ၂၇ ႏွစ္ျပည့္ေမြးေန႔အမွတ္တရအျဖစ္ က်န္းမာေရး အဖြဲ႕အစည္းေတြ အတြက္ အလႉေငြ ေဒၚလာ ၃၀၀၀၀ ေက်ာ္ရွာေဖြေပးသြားမယ္လို႔ သိရပါတယ္။