ပေါ့ဘာကို ဖဲ့ဖို့ဆိုရင် အတိုင်အဖောက်ညီတဲ့ ရွိုင်ကိန်းနဲ့ ဗီအဲရာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ပြင်သစ်နဲ့ ဆွစ်ဇာလန်ပွဲမှာ ဆွစ်ဇာလန်တို့ဟာ ပွဲချိန် မိနစ် ၈၀ အထိ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်နေရာကနေ နောက်မှလိုက်ကစားပြီး မိနစ် ၉၀ တွင် ၃-၃ ဂိုး သရေကျတာကြောင့် အချိန်ပို၊ ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ခဲ့ရပြီးနောက်မှာ ပြင်သစ်တို့ကို အနိုင်ယူခဲ့ပါတယ်။

ပေါ့ဘာဟာ မနေ့ညက လှပတဲ့ ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ရွိုင်ကိန်းနဲ့ ပက်ထရစ် ဗီအဲရာ တို့ကတော့ ပြင်သစ် ကွင်းလယ်လူရဲ့ တစ်ပွဲလုံး ခြေစွမ်းအပေါ် ကျေနပ်မှု မရှိကြပါဘူး။

ပွဲချိန် ၇၅ မိနစ်မှာ ဘန်ဇီးမားရဲ့ ကန်သွင်းချက်က နောက်တန်းနဲ့ ထိပြီး ပြန်ထွက်လာတာကို ပေါ့ဘာက ထိန်းသိမ်းရယူပြီး သူကန်နေကျ ပုံစံအတိုင်း ဂိုးတိုင်အပေါ်ထောင့်ကို အဝေးကန်ချက်နဲ့ ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။

ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးလို့ ဆိုရအောင်ကို သေသပ်လှပခဲ့တာပါ။

ဆွစ်ဇာလန်နဲ့ပွဲက ပေါ့ဘာရဲ့ စွမ်းဆောင်ရည်တွေကတော့ ဖြတ်ထုတ်နိုင်မှု – ၁၀၀%၊ ဘောလုံးပေးပို့တိကျမှု – ၉၂%၊ ဘောလုံးထိချက် – ၈၈ကြိမ်၊ ဘောလုံးဆယ်ယူမှု – ၁၁ကြိမ်၊ တစ်ဦးချင်း ဖြတ်ကျော်မှု – ၅ကြိမ်၊ ကန်ချက် – ၃ကြိမ်၊ သွင်းဂိုး – ၁ဂိုး ဖြစ်ပါတယ်။

ရွိုင်ကိန်းက “ပေါ့ဘာနဲ့ ရင်ဆိုင် ကစားရတာဟာ ပြိုင်ဘက်တွေ အတွက် စိတ်ပျက်စရာ ဖြစ်လိမ့်မယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

ပြင်သစ်တို့ နာကျင်အချိန်ပိုမှာ ပေးလိုက်ရတဲ့ ဂိုးကို ကျွန်တော် ပြန်ကြည့်လိုက်တဲ့ အချိန်မှာ ပေါ့ဘာဟာ ကွင်းလယ်မှာ ပေါ့လျော့စွာ ကစားခဲ့ပြီး ဒါဟာ ကျွန်တော် သူ့အပေါ် ဝေဖန်ချင်တဲ့ အရာ ဖြစ်ပါတယ်။”

“အဲဒီလိုပြောတာက အနည်းငယ် ပြင်းထန်ကောင်း ပြင်းထန် နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ပေါ့ဘာဟာ ဒီနေ့မှာ တိုက်စစ် အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့လို့ပါ။

ဒါပေမယ့် ကျွန်တော် ဝေဖန်တာက တစ်ပိုင်းပါ။”

“ပေါ့ဘာဟာ တိုက်စစ်ပိုင်း အတွက် မြင့်မားတဲ့ အရည်အသွေးတွေ ပြသနိုင် ခဲ့ပေမယ့် သူဟာ ခံစစ် ကစားရာမှာ စည်းစနစ် မကျပါဘူး။ ” လို့ ပြောပါတယ်။

ဗီအဲရာကတော့ “ကျွန်တော် ကိန်းရဲ့ မှတ်ချက်ကို လုံး၀ သဘောတူပါတယ်။

ပေါ့ဘာရဲ့ အလားအလာ ၊ ကွင်းလယ်မှာ သူ့ရဲ့ လုပ်နိုင်စွမ်းကို ကြည့်လိုက်တဲ့ အခါမှာ သူ့ဆီက ဒီထက် ပိုမို ကောင်းမွန်တဲ့ လုပ်နိုင်စွမ်းကို မျှော်လင့်မိပါတယ်။”

“ပေါ့ဘာဟာ ဒီအသင်းကို လက်ရှိ လုပ်ပေးနေတာထက် အများကြီး ထပ်လုပ်ပေးနိုင်ပါတယ်။

သူ့ကို ဖိအားပေးမယ့် ၊ လိုအပ်ချက်တွေ တောင်းနိုင်မယ့် ကစားသမားမျိုး သူ့ဘေးမှာ ရှိဖို့ လိုနေပါတယ်” ဆိုပြီး ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

​​ေပါ့ဘာကို ဖဲ့ဖို႔ဆိုရင္ အတိုင္အ​ေဖာက္ညီတဲ့ ႐ြိဳင္ကိန္းနဲ႔ ဗီအဲရာ

မ​ေန႔က ျပင္သစ္နဲ႔ ဆြစ္ဇာလန္ပြဲမွာ ဆြစ္ဇာလန္တို႔ဟာ ပြဲခ်ိန္ မိနစ္ ၈၀ အထိ ၃-၁ ဂိုးနဲ႔ ရႈံးနိမ့္ေနရာက​ေန ေနာက္မွလိုက္ကစားၿပီး မိနစ္ ၉၀ တြင္ ၃-၃ ဂိုး သေရက်တာေၾကာင့္ အခ်ိန္ပို၊ ပင္နယ္တီ အဆုံးအျဖတ္ထိ ေရာက္ခဲ့ရၿပီး​ေနာက္မွာ ျပင္သစ္တို႔ကို အႏိုင္ယူခဲ့ပါတယ္။

ေပါ့ဘာဟာ မေန႔ညက လွပတဲ့ ဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ႐ြိဳင္ကိန္းနဲ႔ ပက္ထရစ္ ဗီအဲရာ တို႔ကေတာ့ ျပင္သစ္ ကြင္းလယ္လူရဲ႕ တစ္ပြဲလုံး ေျခစြမ္းအေပၚ ေက်နပ္မႈ မရွိၾကပါဘူး။

ပြဲခ်ိန္ ၇၅ မိနစ္မွာ ဘန္ဇီးမားရဲ႕ ကန္သြင္းခ်က္က ေနာက္တန္းနဲ႔ ထိၿပီး ျပန္ထြက္လာတာကို ေပါ့ဘာက ထိန္းသိမ္းရယူၿပီး သူကန္ေနက် ပုံစံအတိုင္း ဂိုးတိုင္အေပၚေထာင့္ကို အေဝးကန္ခ်က္နဲ႔ ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဘယ္လိုမွမတတ္ႏိုင္ခဲ့ပါဘူး။ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးဂိုးလို႔ ဆိုရေအာင္ကို ေသသပ္လွပခဲ့တာပါ။

ဆြစ္ဇာလန္နဲ႔ပြဲက ေပါ့ဘာရဲ႕ စြမ္းေဆာင္ရည္​ေတြက​ေတာ့ ျဖတ္ထုတ္ႏိုင္မႈ – ၁၀၀%၊ ေဘာလုံးေပးပို႔တိက်မႈ – ၉၂%၊ ေဘာလုံးထိခ်က္ – ၈၈ႀကိမ္၊ ေဘာလုံးဆယ္ယူမႈ – ၁၁ႀကိမ္၊ တစ္ဦးခ်င္း ျဖတ္ေက်ာ္မႈ – ၅ႀကိမ္၊ ကန္ခ်က္ – ၃ႀကိမ္၊ သြင္းဂိုး – ၁ဂိုး ျဖစ္ပါတယ္။

႐ြိဳင္ကိန္းက “ေပါ့ဘာနဲ႔ ရင္ဆိုင္ ကစားရတာဟာ ၿပိဳင္ဘက္ေတြ အတြက္ စိတ္ပ်က္စရာ ျဖစ္လိမ့္မယ္ဆိုတာ သံသယ ျဖစ္စရာ မရွိပါဘူး။ ျပင္သစ္တို႔ နာက်င္အခ်ိန္ပိုမွာ ေပးလိုက္ရတဲ့ ဂိုးကို ကြၽန္ေတာ္ ျပန္ၾကည့္လိုက္တဲ့ အခ်ိန္မွာ ေပါ့ဘာဟာ ကြင္းလယ္မွာ ေပါ့ေလ်ာ့စြာ ကစားခဲ့ၿပီး ဒါဟာ ကြၽန္ေတာ္ သူ႔အေပၚ ေဝဖန္ခ်င္တဲ့ အရာ ျဖစ္ပါတယ္။”

“အဲဒီလို​ေျပာတာက အနည္းငယ္ ျပင္းထန္ေကာင္း ျပင္းထန္ႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ​ေပါ့ဘာဟာ ဒီေန႔မွာ တိုက္စစ္ အတြက္ ေကာင္းမြန္တဲ့ လုပ္ေဆာင္မႈေတြ ျပဳလုပ္ခဲ့လို႔ပါ။ ဒါ​ေပမယ့္ ကြၽန္ေတာ္ ေဝဖန္တာက တစ္ပိုင္းပါ။ ​ေပါ့ဘာဟာ တိုက္စစ္ပိုင္း အတြက္ ျမင့္မားတဲ့ အရည္အေသြးေတြ ျပသႏိုင္ ခဲ့ေပမယ့္ သူဟာ ခံစစ္ ကစားရာမွာ စည္းစနစ္ မက်ပါဘူး။ ” လို႔ ေျပာပါတယ္။

ဗီအဲရာက​ေတာ့ “ကြၽန္ေတာ္ ကိန္းရဲ႕ မွတ္ခ်က္ကို လုံး၀ သေဘာတူပါတယ္။ ​ေပါ့ဘာရဲ႕ အလားအလာ ၊ ကြင္းလယ္မွာ သူ႔ရဲ႕ လုပ္ႏိုင္စြမ္းကို ၾကည့္လိုက္တဲ့ အခါမွာ သူ႔ဆီက ဒီထက္ ပိုမို ေကာင္းမြန္တဲ့ လုပ္ႏိုင္စြမ္းကို ေမွ်ာ္လင့္မိပါတယ္။ ေပါ့ဘာဟာ ဒီအသင္းကို လက္ရွိ လုပ္ေပးေနတာထက္ အမ်ားႀကီး ထပ္လုပ္ေပးႏိုင္ပါတယ္။သူ႔ကို ဖိအားေပးမယ့္ ၊ လိုအပ္ခ်က္​ေတြ ​ေတာင္းႏိုင္မယ့္ ကစားသမားမ်ိဳး သူ႔ေဘးမွာ ရွိဖို႔ လို​ေနပါတယ္” ဆိုၿပီး ​ေျပာထားပါတယ္။