

ပေါ့ဂ်ဘာရဲ့မန်ယူကစားသမားဘ၀ ဟာအဆုံးသတ်ဖို့နီးစပ်လာပြီး နှစ်ဖက်စလုံးကလမ်းခွဲဖို့ဆန္ဒရှိနေကြတဲ့အတွက် သူနဲ့မန်ယူတို့ရဲ့ဇာတ်လမ်းအဆုံးသတ်ချိန်ရောက်လာတော့မယ်လို့ ဆိုနေကြပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာ ပေါ့ဂ်ဘာကို အာဆင်နယ်နဲ့ပွဲမှာပါဝင်နိုင်ဖို့ရှိတယ်လို့ ဆိုခဲ့ပြီးမှ လူစာရင်းမှာတောင် မပါဝင်နိုင်ခဲ့ပါဘူး။
သူဟာဝက်ဖို့ဒ်၊ နယူးကာဆယ်တို့နဲ့ပွဲမှာ ပါဝင်ခဲ့ပေမယ့် ဒဏ်ရာပြဿ နာထပ်ရှိခဲ့ပြီး ကြာသပတေးနေ့ကသူ့ရဲ့ ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရပါတယ်။ ဒါကြောင့် ပေါ့ဂ်ဘာဟာနောက်ထပ် ၄ ပတ်ကြာထပ်နားရဦးမှာဖြစ်ပါတယ်။ သူဟာ စက်တင်ဘာနှောင်းပိုင်းက ခြေချင်းဝတ်ဒဏ်ရာရခဲ့လို့ ၃ လကျော်အနားယူခဲ့ရသေးသူလည်းဖြစ်ပါတယ်။

သူဟာ ဒီရာသီမှာ မန်ယူအတွက် ၈ ပွဲသာကစားခဲ့ရသေးလို့ ကစားဖော်တွေကလည်းစိတ်ပျက်နေကြပြီး ပေါ့ဂ်ဘာဆက်ရှိနေလည်း ဘာမှလုပ်လို့မရတော့ဘူးလို့ ယူဆနေကြတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီက သူ့အေးဂျင့်က ရီးရဲလ်ကိုပြောင်းဖို့ကြိုးစားခဲ့မှုကလည်း မန်ယူနည်းပြဆိုးလ်ရှားနဲ့ ကလပ်တာဝန်ရှိသူတွေကို အမြင်မကြည်ဖြစ်စေခဲ့တာပါ။

ဒ့ါအပြင် ဒဏ်ရာကြောင့် နားနေရချိန်မှာ ရီးရဲလ်နည်းပြ ဇီဒန်းနဲ့တွေ့ဆုံခဲ့မှု၊ မကြာသေးခင်ကလည်း ဒဏ်ရာရှိရက်နဲ့ ပြင်သစ်ကိုသွားပြီး သူ့အစ်ကိုတွေကစားခဲ့တဲ့ ရန်ပုံငွေပွဲကို သွားရောက်အားပေးခဲ့မှုတွေကလည်း မန်ယူနဲ့သက်ဆိုင်သူတွေကို စိတ်ပျက်စရာဖြစ်စေခဲ့ရပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ မန်ယူအသင်းအတွက်အနားယူရချိန်ကများနေပြီး သူနားနေတဲ့အချိန်မှာ ဘရာဇီးသား ဖရက်ဒ်က အကောင်းဆုံးဝင်ရောက်ခြေစွမ်းပြနေလို့ ပေါ့ဂ်ဘာထွက်ခွာလည်း ဘာမှမဖြစ်ဘူးလို့ သုံးသပ်နေကြပါတယ်။

Zawgyi
ေပါ့ဂ္ဘာ ၄ ပတ္နားရဦးမွာျဖစ္ၿပီး သူနဲ႔ မန္ယူတို႔ ႏွစ္ဦးႏွစ္ဖက္ လမ္းခြဲဖို႔နီးစပ္လာေန
ေပါ့ဂ္ဘာရဲ႕မန္ယူကစားသမားဘ၀ ဟာအဆုံးသတ္ဖို႔နီးစပ္လာၿပီး ႏွစ္ဖက္စလုံးကလမ္းခြဲဖို႔ဆႏၵရွိေနၾကတဲ႔အတြက္ သူနဲ႔မန္ယူတို႔ရဲ႕ဇာတ္လမ္းအဆုံးသတ္ခ်ိန္ေရာက္လာေတာ႔မယ္လို႔ ဆိုေနၾကပါတယ္။ မန္ယူနည္းျပဆိုးလ္ရွားဟာ ေပါ့ဂ္ဘာကို အာဆင္နယ္နဲ႔ပြဲမွာပါ၀င္ႏိုင္ဖို႔ရွိတယ္လို႔ ဆုိခဲ့ၿပီးမွ လူစာရင္းမွာေတာင္ မပါ၀င္ႏိုင္ခဲ့ပါဘူး။
သူဟာ၀က္ဖို႔ဒ္၊ နယူးကာဆယ္တို႔နဲ႔ပြဲမွာ ပါ၀င္ခဲ့ေပမယ္႔ ဒဏ္ရာျပႆ နာထပ္ရွိခဲ့ၿပီး ၾကာသပေတးေန႔ကသူ႔ရဲ႕ ေျခခ်င္း၀တ္ဒဏ္ရာကို ခြဲစိတ္ကုသခဲ့ရပါတယ္။ ဒါေၾကာင့္ ေပါ့ဂ္ဘာဟာေနာက္ထပ္ ၄ ပတ္ၾကာထပ္နားရဦးမွာျဖစ္ပါတယ္။ သူဟာ စက္တင္ဘာေႏွာင္းပိုင္းက ေျခခ်င္း၀တ္ဒဏ္ရာရခဲ့လို႔ ၃ လေက်ာ္အနားယူခဲ့ရေသးသူလည္းျဖစ္ပါတယ္။
သူဟာ ဒီရာသီမွာ မန္ယူအတြက္ ၈ ပြဲသာကစားခဲ့ရေသးလို႔ ကစားေဖာ္ေတြကလည္းစိတ္ပ်က္ေနၾကၿပီး ေပါ့ဂ္ဘာဆက္ရွိေနလည္း ဘာမွလုပ္လို႔မရေတာ႔ဘူးလို႔ ယူဆေနၾကတာပါ။ ဒါ့အျပင္ ၿပီးခဲ့တဲ႔ေႏြရာသီက သူ႔ေအးဂ်င့္က ရီးရဲလ္ကိုေျပာင္းဖို႔ႀကိဳးစားခဲ့မႈကလည္း မန္ယူနည္းျပဆိုးလ္ရွားနဲ႔ ကလပ္တာ၀န္ရွိသူေတြကို အျမင္မၾကည္ျဖစ္ေစခဲ႔တာပါ။
ဒ့ါအျပင္ ဒဏ္ရာေၾကာင့္ နားေနရခ်ိန္မွာ ရီးရဲလ္နည္းျပ ဇီဒန္းနဲ႔ေတြ႔ဆုံခဲ့မႈ၊ မၾကာေသးခင္ကလည္း ဒဏ္ရာရွိရက္နဲ႔ ျပင္သစ္ကိုသြားၿပီး သူ႔အစ္ကိုေတြကစားခဲ့တဲ႔ ရန္ပုံေငြပြဲကို သြားေရာက္အားေပးခဲ့မႈေတြကလည္း မန္ယူနဲ႔သက္ဆိုင္သူေတြကို စိတ္ပ်က္စရာျဖစ္ေစခဲ့ရပါတယ္။
အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ေပါ့ဂ္ဘာဟာ မန္ယူအသင္းအတြက္အနားယူရခ်ိန္ကမ်ားေနၿပီး သူနားေနတဲ႔အခ်ိန္မွာ ဘရာဇီးသား ဖရက္ဒ္က အေကာင္းဆုံး၀င္ေရာက္ေျခစြမ္းျပေနလို႔ ေပါ့ဂ္ဘာထြက္ခြာလည္း ဘာမွမျဖစ္ဘူးလို႔ သုံးသပ္ေနၾကပါတယ္။