ပေါ့ဂ်ဘာ ပြောင်းရွှေ့ကြေးရဲ့တစ်ဝက်တောင်မရှိတဲ့ ပေါချောင်ကောင်းဈေးနဲ့ ရောက်လာပြီး ခြေစွမ်းပြနေတဲ့ ဘောလုံးသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုရာသီက မန်ယူမှာ သူ့ကစားသမားဘဝရဲ့အခက်ခဲဆုံးကာလဖြစ်နေကြောင်းကို ကွင်းလယ်လူပေ့ါဂ်ဘာက ဝန်ခံလိုက်ပြီး နောက်မှာ သူ့ ပြောင်းရွှေ့ကြေးရဲ့တစ်ဝက်တောင်မရှိဘဲ ပေါချောင်ကောင်းဈေးနဲ့ ရောက်လာပြီး ပရီမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ဘောလုံးသမားတွေအကြောင်းကို အင်္ဂလန်မီဒီယာတွေက ဖော်ပြလာခဲ့ကြပါတယ်။ သုံးသပ်ချက်တွေအရကတော့ မန်ယူမှာပေါ့ဘာရဲ့ အခန်းကဏ္ဍဟာပြီးဆုံးသွားခဲ့ပြီလို့ဆိုရမှာပါပဲ။

ပေါ့ဘာကိုယ်တိုင်ကလည်း ဇီဒန်းနည်းပြနေတဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကစားခြင်တဲ့ ဆန္ဒရှိတယ်ဆိုပြီးတော့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဥရောပထိပ်သီးလိဂ်တွေဟာ ဒီရာသီမှာ ငွေကြေးများစွာသုံးပြီးအပြောင်းအရွှေ့ဈေးကွက်ခဲကိုမဝင်ရောက်နိုင်ခဲ့သလို သူတို့အသင်းတွေမှာရှိတဲ့ တန်ဖိုးကြီးကစားသမားတွေကိုလက်လွှတ်ဆုံးရှုံးရတော့မယ့်အနေအထားနဲ့ ကြုံတွေ့ နေရပါတယ်။ ရီးရဲမက်ဒရစ်ဆိုရင်လည်း ဒီရာသီဟာသူတို့အသင်းသမိုင်းတစ်လျှောက် အပြောင်းအရွေ့ဈေးကွက်မှာ ဝင်ရောက်မခေါ်ယူခဲ့တဲ့နှစ်တစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့သလို ဘာစီလိုနာဟာလည်း ဆွာရက်ဇ်၊ဗီဒယ်တို့လိုကစားသမားတွေကို အသင်းကရောင်းချခဲ့ရပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ငွေသုံးစွဲမှု က ဘယ်တော့မှနောက်မကျန်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာလည်း အင်္ဂလန်ကလပ်အသင်းတွေဟာ ပေါင် ၁.၂ ဘီလီယံအထိ သုံးစွဲခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်က စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တာကတော့ မန်ယူက ပေါ့ဂ်ဘာဖြစ်ပြီး ပေါင်သန်း ၉၀ ပေးခဲ့ရတာပါ။

ဒီနှစ်နွေရာသီမှာ ချဲလ်ဆီးအသင်း က ပေါင်သန်း ၂၃၀ အထိ အသုံးပြုပြီးခေါ်ယူခဲ့တဲ့သူတွေထဲမှာ တီမိုဝါနာနဲ့ ဟာ ဗက်ဇ်တို့လိုကစားသမားတွေအတွက် ငွေသုံးခဲ့ပေမယ့် ပေါ့ဂ်ဘာရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးကိုတော့ မချိုးနိုင်သေးပါဘူး။

SportMail ရဲ့ ဖော်ပြချက်မှာ ငွေ အများကြီးမသုံးခဲ့ရပေမယ့် အခုချိန်မှာ အသင်းအတွက် ခြေစွမ်းပြအံဝင်နေပြီး အကျိုးပြုနိုင်တဲ့ ကစားသမား ၁၁ ယောက်စာရင်းကို ဖော်ပြခဲ့ပါတယ်။ ဒီကစားသ မားအားလုံးပေါင်းဟာ ပေါ့ဂ်ဘာပြောင်းရွှေ့ကြေးရဲ့ တစ်ဝက်တောင်မရှိတာကို တွေ့ရမှာပါ။

ဂိုး – နစ်ခ်ပုတ်(ဘန်လေ-ပေါင် ၁.၁သန်း)

ချာလ်တန်အသင်းကနေ ၂၀၁၆ ခုနှစ်က ပေါင် ၁.၁ သန်းနဲ့ ခေါ်ယူခဲ့တဲ့ နစ်ခ်ပုတ် ဟာ ဘန်လေကိုမရောက်ခင် ၂၀၁၄ တုန်းက အင်္ဂလန် Non League မှာ ကစား နေတဲ့ ကစားသမားတစ်ဦးပါ။

နောက်တန်း – ကိုးမန်း(အဲဗာတန်-ပေါင် ၆၀၀၀၀၀)

ပေါင် ၆၀၀၀၀ တည်းနဲ့ အဲဗာတန်ဟာ ကိုးမန်းကို အိုင်ယာလန်ကလပ် ဆီလီကိုရို ဗာကနေ ၂၀၀၉ ခုနှစ်မှာ ခေါ်ယူခဲ့တာဖြစ်ပြီး အခုဆိုရင် အသင်းအတွက် ပွဲ ၃၀၀ ကျော် ကစားပေးခဲ့ပြီးဖြစ်ပြီး အသင်းကိုရောက်ရှိခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ ပေးရတဲ့ ဈေးနဲ့ အများကြီးခိုင်းပြီးသွားပါပြီ။

နောက်တန်း – အက်စ်ပီလီကျူတာ(ချဲလ်ဆီး-ပေါင် ၇ သန်း)

မာဆေးကနေ ၂၀၁၂-၁၃ ဘောလုံးရာသီက ပေါင် ၇ သန်းနဲ့ပြောင်းခဲ့ပြီး ချဲလ်ဆီး အသင်းခေါင်းဆောင်ဖြစ်နေပြီဖြစ်တဲ့ အက်စ်ပီလီကျူတာဟာ အသင်းနဲ့ ပရီးမီး ယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်အပါအဝင် ဆုဖလား ၇ လုံး ရ ထားပါတယ်။

နောက်တန်း –  အဲရစ်ဒိုင်ယာ(စပါး-ပေါင် ၄.၅သန်း)

စပို့တင်းလစ္စဘွန်းကနေ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ စပါးက သူ့ကို ပေါင် ၄.၅ သန်းနဲ့ခေါ်ယူခဲ့တုန်းက အသက် ၂၀ ပဲရှိပါသေးတယ်။

နောက်တန်း – ဂျိုးဂိုမက်ဇ်(လီဗာပူး-ပေါင် ၃.၅ သန်း)

ချာလ်တန်အသင်းရဲ့ထုတ်ကုန်ဖြစ်တဲ့ ဂိုမက်ဇ်ဟာ လီဗာပူးကို ၂၀၁၅ မှာ ပေါင် ၃.၅ သန်းနဲ့ရောက်လာခဲ့ပြီး အခု ဗန်ဒိုက်မရှိတဲ့ လီဗာပူးနောက်တန်းမှာ သူ့ကိုပဲ အားကိုးနေရပါတယ်။

နောက်တန်း – ရောဘတ်ဆန်(လီဗာပူး- ပေါင် ၇ သန်း)

ဟားလ်စီးတီးကနေ ပေါင် ၇ သန်းနဲ့ရောက်လာတဲ့ ရောဘတ်ဆန်ရဲ့ ခြေစွမ်းနဲ့ ဖြတ်တင်ဘောတွေဟာ မနှစ်က လီဗာပူး ပရီးမီးယားလိဂ်ဖလားအောင်မြင်မှုမှာ အရေးပါခဲ့ပါတယ်။

အလယ်တန်း – ဒယ်လီအယ်လီ(စပါး-ပေါင် ၅ သန်း)

အမ်ကေဒွန်းစ်လိုအသင်းကနေ ၂၀၁၅ မှာ အယ်လီဟာ စပါးကို ပြောင်းရွှေ့လာခဲ့ ပြီး အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မော်ရင်ဟိုလက် ထက်မှာတော့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

အလယ်တန်း – မော်တင်ဟို(ဝုဗ်-ပေါင် ၅ သန်း)

မိုနာကိုကနေ ဝုဗ်ကို ပေါင် ၅ သန်းနဲ့ရောက်လာခဲ့တဲ့အချိန်မှာ ၃၂ နှစ်ရှိပြီဖြစ်တဲ့ မော်တင်ဟိုဟာ လက်ရှိအချိန်ထိ ဝုဗ်ရဲ့ကွင်းလယ်ဗိုလ်ချုပ်တစ်ဦးပါပဲ။

အလယ်တန်း – ဂျိမ်းစ်ရိုဒရီဂွက်ဇ်(အဲဗာတန်-အလွတ်)

နည်းပြအန်ဆလော့တီနဲ့ ၃ ကြိမ်မြောက် ပြန်လက်တွဲတာဖြစ်တဲ့ ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်ကို ဒီနှစ် တာထွက်ကောင်းအောင် ကူညီပြီး ခြေစွမ်းပြနေတဲ့သူလည်း ဖြစ်ပါတယ်။ ၆ ပွဲမှာ ၃ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးပြီး ခပ်မြန်မြန်အံဝင်ခဲ့တာပါ။

ရှေ့တန်း – ကဲလ်ဗက်လီဝင်(အဲဗာတန်-ပေါင် ၁.၅ သန်း)

ကဲလ်ဗက်လီဝင်ဟာလည်း ၂၀၁၆ တုန်းက ရှက်ဖီးယူနိုက်တက်ကနေ ပေါင် ၁.၅ သန်းထက်နည်းတဲ့ဈေးနဲ့ ရောက်လာခဲ့ပြီး အခုချိန်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်နေပါပြီ။

ရှေ့တန်း – ဗာဒီ(လက်စတာ-ပေါင် ၁ သန်း)

ဖလိဝုဒ်တောင်းအသင်းကနေ ပေါင် ၁ သန်းတည်းနဲ့ရောက်လာခဲ့တဲ့ ဗာဒီဟာ လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် သူ့ရဲ့သွင်းဂိုးတွေနဲ့ ကူ ညီခဲ့သလို ခုချိန်ထိလည်း အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်နေဆဲပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေပါ့ဂ္ဘာ ေျပာင္းေရႊ႕ေၾကးရဲ႕တစ္၀က္ေတာင္မရွိတဲ့ ေပါေခ်ာင္ေကာင္းေစ်းနဲ႔ ေရာက္လာၿပီး ေျခစြမ္းျပေနတဲ့ ေဘာလံုးသမားမ်ား

အခုရာသီက မန္ယူမွာ သူ႔ကစားသမားဘ၀ရဲ႕အခက္ခဲဆုံးကာလျဖစ္ေနေၾကာင္းကို ကြင္းလယ္လူေပ့ါဂ္ဘာက ၀န္ခံလိုက္ၿပီး ေနာက္မွာ သူ႕ ေျပာင္းေရႊ႕ေၾကးရဲ႕တစ္၀က္ေတာင္မရွိဘဲ ေပါေခ်ာင္ေကာင္းေစ်းနဲ႔ ေရာက္လာၿပီး ပရီမီးယားလိဂ္မွာ ေျခစြမ္းျပေနတဲ့ ေဘာလံုးသမားေတြအေၾကာင္းကို အဂၤလန္မီဒီယာေတြက ေဖာ္ျပလာခဲ့ၾကပါတယ္။ သံုးသပ္ခ်က္ေတြအရကေတာ့ မန္ယူမွာေပါ့ဘာရဲ႕ အခန္းက႑ဟာၿပီးဆံုးသြားခဲ့ၿပီလို႕ဆိုရမွာပါပဲ။ ေပါ့ဘာကိုယ္တိုင္ကလည္း ဇီဒန္းနည္းျပေနတဲ့ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ကစားျခင္တဲ့ ဆႏၵရွိတယ္ဆိုၿပီးေတာ့လည္း ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ဥေရာပထိပ္သီးလိဂ္ေတြဟာ ဒီရာသီမွာ ေငြေၾကးမ်ားစြာသံုးၿပီးအေျပာင္းအေရႊ႕ေစ်းကြက္ခဲကိုမဝင္ေရာက္ႏိုင္ခဲ့သလို သူတို႕အသင္းေတြမွာရွိတဲ့ တန္ဖိုးၾကီးကစားသမားေတြကိုလက္လႊတ္ဆံုးရႈံးရေတာ့မယ့္အေနအထားနဲ႕ ၾကံဳေတြ႕ ေနရပါတယ္။ ရီးရဲလ္မက္ဒရစ္ဆိုရင္လည္း ဒီရာသီဟာသူတို႕အသင္းသမိုင္းတစ္ေလွ်ာက္ အေျပာင္းအေရြ႔ေစ်းကြက္မွာ ဝင္ေရာက္မေခၚယူခဲ့တဲ့ႏွစ္တစ္ခုအျဖစ္မွတ္တမ္းဝင္သြားခဲ့သလို ဘာစီလိုနာဟာလည္း ဆြာရက္ဇ္၊ဗီဒယ္တို႕လိုကစားသမားေတြကို အသင္းကေရာင္းခ်ခဲ့ရပါတယ္။

ဒါေပမယ့္ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ ေငြသံုးစြဲမႈ က ဘယ္ေတာ့မွေနာက္မက်န္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္မွာလည္း အဂၤလန္ကလပ္အသင္းေတြဟာ ေပါင္ ၁.၂ ဘီလီယံအထိ သံုးစြဲခဲ့ပါတယ္။ ဒါေပမဲ့ ပရီးမီးယားလိဂ္က စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူခဲ့တာကေတာ့ မန္ယူက ေပါ့ဂ္ဘာျဖစ္ၿပီး ေပါင္သန္း ၉၀ ေပးခဲ့ရတာပါ။

ဒီႏွစ္ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္း က ေပါင္သန္း ၂၃၀ အထိ အသံုးျပဳၿပီးေခၚယူခဲ့တဲ့သူေတြထဲမွာ တီမို၀ါနာနဲ႔ ဟာ ဗက္ဇ္တို႔လိုကစားသမားေတြအတြက္ ေငြသံုးခဲ့ေပမယ့္ ေပါ့ဂ္ဘာရဲ႕စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးကိုေတာ့ မခ်ဳိးႏိုင္ေသးပါဘူး။ SportMail ရဲ႕ ေဖာ္ျပခ်က္မွာ ေငြ အမ်ားႀကီးမသံုးခဲ့ရေပမယ့္ အခုခ်ိန္မွာ အသင္းအတြက္ ေျခစြမ္းျပအံ၀င္ေနၿပီး အက်ဳိးျပဳႏိုင္တဲ့ ကစားသမား ၁၁ ေယာက္စာရင္းကို ေဖာ္ျပခဲ့ပါတယ္။ ဒီကစားသ မားအားလံုးေပါင္းဟာ ေပါ့ဂ္ဘာေျပာင္းေရႊ႕ေၾကးရဲ႕ တစ္၀က္ေတာင္မရွိတာကို ေတြ႕ရမွာပါ။

ဂိုး

နစ္ခ္ပုတ္(ဘန္ေလ-ေပါင္ ၁.၁သန္း)

ခ်ာလ္တန္အသင္းကေန ၂၀၁၆ ခုႏွစ္က ေပါင္ ၁.၁ သန္းနဲ႔ ေခၚယူခဲ့တဲ့ နစ္ခ္ပုတ္ ဟာ ဘန္ေလကိုမေရာက္ခင္ ၂၀၁၄ တုန္းက အဂၤလန္ Non League မွာ ကစား ေနတဲ့ ကစားသမားတစ္ဦးပါ။

ေနာက္တန္း

ကိုးမန္း(အဲဗာတန္-ေပါင္ ၆၀၀၀၀၀)

ေပါင္ ၆၀၀၀၀ တည္းနဲ႔ အဲဗာတန္ဟာ ကိုးမန္းကို အိုင္ယာလန္ကလပ္ ဆီလီကိုရို ဗာကေန ၂၀၀၉ ခုႏွစ္မွာ ေခၚယူခဲ့တာျဖစ္ၿပီး အခုဆိုရင္ အသင္းအတြက္ ပြဲ ၃၀၀ ေက်ာ္ ကစားေပးခဲ့ၿပီးျဖစ္ၿပီး အသင္းကိုေရာက္ရွိခဲ့တဲ့ ၁၁ ႏွစ္အတြင္းမွာ ေပးရတဲ့ ေစ်းနဲ႔ အမ်ားႀကီးခိုင္းၿပီးသြားပါၿပီ။

အက္စ္ပီလီက်ဴတာ(ခ်ဲလ္ဆီး-ေပါင္ ၇ သန္း)

မာေဆးကေန ၂၀၁၂-၁၃ ေဘာလံုးရာသီက ေပါင္ ၇ သန္းန႔ဲေျပာင္းခဲ့ၿပီး ခ်ဲလ္ဆီး အသင္းေခါင္းေဆာင္ျဖစ္ေနၿပီျဖစ္တဲ့ အက္စ္ပီလီက်ဴတာဟာ အသင္းနဲ႔ ပရီးမီး ယားလိဂ္ဖလား ၂ ႀကိမ္၊ အက္ဖ္ေအဖလား ၂ ႀကိမ္အပါအ၀င္ ဆုဖလား ၇ လံုး ရ ထားပါတယ္။

အဲရစ္ဒိုင္ယာ(စပါး-ေပါင္ ၄.၅သန္း)

စပို႔တင္းလစၥဘြန္းကေန ၂၀၁၄-၁၅ ေဘာလံုးရာသီမွာ စပါးက သူ႕ကို ေပါင္ ၄.၅ သန္းနဲ႔ေခၚယူခဲ့တုန္းက အသက္ ၂၀ ပဲရွိပါေသးတယ္။

ဂ်ဳိးဂိုမက္ဇ္(လီဗာပူး-ေပါင္ ၃.၅ သန္း)

ခ်ာလ္တန္အသင္းရဲ႕ထုတ္ကုန္ျဖစ္တဲ့ ဂိုမက္ဇ္ဟာ လီဗာပူးကို ၂၀၁၅ မွာ ေပါင္ ၃.၅ သန္းနဲ႔ေရာက္လာခဲ့ၿပီး အခု ဗန္ဒိုက္မရွိတဲ့ လီဗာပူးေနာက္တန္းမွာ သူ႕ကိုပဲ အားကိုးေနရပါတယ္။

ေရာဘတ္ဆန္(လီဗာပူး- ေပါင္ ၇ သန္း)

ဟားလ္စီးတီးကေန ေပါင္ ၇ သန္းနဲ႔ေရာက္လာတဲ့ ေရာဘတ္ဆန္ရဲ႕ ေျခစြမ္းနဲ႔ ျဖတ္တင္ေဘာေတြဟာ မႏွစ္က လီဗာပူး ပရီးမီးယားလိဂ္ဖလားေအာင္ျမင္မႈမွာ အေရးပါခဲ့ပါတယ္။

အလယ္တန္း

ဒယ္လီအယ္လီ(စပါး-ေပါင္ ၅ သန္း)

အမ္ေကဒြန္းစ္လိုအသင္းကေန ၂၀၁၅ မွာ အယ္လီဟာ စပါးကို ေျပာင္းေရႊ႕လာခဲ့ ၿပီး အဂၤလန္လက္ေရြးစင္ျဖစ္တဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေမာ္ရင္ဟုိလက္ ထက္မွာေတာ့ ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရပါတယ္။

ေမာ္တင္ဟို(၀ုဗ္-ေပါင္ ၅ သန္း)

မိုနာကိုကေန ၀ုဗ္ကို ေပါင္ ၅ သန္းနဲ႔ေရာက္လာခဲ့တဲ့အခ်ိန္မွာ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ ေမာ္တင္ဟိုဟာ လက္ရွိအခ်ိန္ထိ ၀ုဗ္ရဲ႕ကြင္းလယ္ဗိုလ္ခ်ဳပ္တစ္ဦးပါပဲ။

ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္(အဲဗာတန္-အလြတ္)

နည္းျပအန္ဆေလာ့တီနဲ႔ ၃ ႀကိမ္ေျမာက္ ျပန္လက္တြဲတာျဖစ္တဲ့ ရိုဒရီဂြက္ဇ္ဟာ အဲဗာတန္ကို ဒီႏွစ္ တာထြက္ေကာင္းေအာင္ ကူညီၿပီး ေျခစြမ္းျပေနတဲ့သူလည္း ျဖစ္ပါတယ္။ ၆ ပြဲမွာ ၃ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးေပးၿပီး ခပ္ျမန္ျမန္အံ၀င္ခဲ့တာပါ။

ေရွ႕တန္း

ကဲလ္ဗက္လီ၀င္(အဲဗာတန္-ေပါင္ ၁.၅ သန္း)

ကဲလ္ဗက္လီ၀င္ဟာလည္း ၂၀၁၆ တုန္းက ရွက္ဖီးယူႏုိက္တက္ကေန ေပါင္ ၁.၅ သန္းထက္နည္းတဲ့ေစ်းနဲ႔ ေရာက္လာခဲ့ၿပီး အခုခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ ေၾကာက္စရာေကာင္းတဲ့ တိုက္စစ္မွဴးတစ္ဦးျဖစ္ေနပါၿပီ။

ဗာဒီ(လက္စတာ-ေပါင္ ၁ သန္း)

ဖလိ၀ုဒ္ေတာင္းအသင္းကေန ေပါင္ ၁ သန္းတည္းနဲ႔ေရာက္လာခဲ့တဲ့ ဗာဒီဟာ လက္စတာအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ သူ႕ရဲ႕သြင္းဂိုးေတြနဲ႔ ကူ ညီခဲ့သလို ခုခ်ိန္ထိလည္း အသင္းရဲ႕ အဓိကတိုက္စစ္မွဴးျဖစ္ေနဆဲပါ။